လူတိုင်းက ဘာပဲပြောနေပြောနေ ကျေနပ်တယ်။

သရုပ်ဆောင်ဇေရဲထက်တစ်ယောက် 'ရာဇဝင်ရိုင်းခဲ့သည်' ရုပ်ရှင်ဇာတ်ကားထဲမှာ ကလိမ်ကကျစ် လူငယ်တစ်ယောက်ရဲ့ ကာရိုက်တာ အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှု တွေ ရှိလာမယ် ဆိုရင်လည်း ခံရဲတယ်လို့ သူကပြောပါတယ်။

 

ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာအကြောင်းအရာနဲ့ ပတ်သက်ပြီး လူတိုင်းက ဘာပဲပြောပြော ကျေနပ်တယ်လို့ ဆိုပါတယ်။

''ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုအတွက် ဝေဖန်မှုတွေ ရိုက်ခတ်မယ်ဆိုရင်လည်း ရိုက်ခတ်ပါစေ ခံရဲတယ်။ သရုပ်ဆောင်မှုအတွက်၊ ဒီကာရိုက်တာ အတွက် လူတိုင်းက ဘာပဲပြောနေပြောနေ ကျွန်တော်ကတော့ ကျေနပ်တယ်။ ဒီဇာတ်ကောင်စရိုက် ပီပြင်တယ်လို့ပေါ့။ အမှတ်တရတွေကတော့ တော်တော်များတယ်'' လို့ သူက ဆိုပါတယ်။

ကြည့်ရှုသူ လေးသိန်းကျော်သွားတဲ့ "ရာဇဝင်ရိုင်းခဲ့သည်" ရုပ်ရှင် 

ဇေရဲထက်က ယင်းဇာတ်ကားထဲမှာ ခင်ဇာခြည်ကျော်နဲ့ ချိတ်ဆက်မိမိ အကောင်းဆုံး သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဒီအတွက် ဘယ်လိုမျိုး အပေးအယူမျှမျှ သရုပ်ဆောင်ခဲ့သလဲဆိုတာကို ဇူလိုင်လ ၁ ရက်နေ့ ညက Junction City မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို တက်ရောက်လာတဲ့ ဇေရဲထက်ကို မေးမြန်းဖြစ်ခဲ့ပါသေးတယ်။

'' မဇာလေးကလည်း သူ့ရဲ့ ကာရိုက်တာအတိုင်း စီးမျှောပြီးသရုပ်ဆောင်သွားသလို ကျွန်တော်လည်း ကျွန်တော့်ရဲ့ ကာရိုက်တာ ကျွန်တော့်ရဲ့ MOOD အတိုင်းသွားတာပဲ။ ဒီကောင်သည် ကလိမ်ကကျစ်ဘက်ကို သွားတဲ့ မျက်လုံးမျိုးဖြစ်နေတယ်။ မဇာလေးသည် လုံးဝကို စီးမျှောနေတဲ့ ပုံစံမျိုး နှစ်ယောက်စလုံးက အပေးအယူညီညီမျှမျှနဲ့ ဒါလုပ်မယ် ဆိုတာမျိုးမရှိဘူး'' လို့ ဇေရဲထက်က ပြောပြပါတယ်။

 

CKKP ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးစီစဉ်ထုတ်လုပ်တဲ့ ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၆ ရက်နေ့မှာ စတင်ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ ရွှေရေးထင်ထင် ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး ဇေရဲထက်၊ ရဲအောင်၊ အောင်လေး၊ ဇင်ဇင်ဇော်မြင့်၊ ခင်ဇာခြည်ကျော်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က