ကျွန်တော့်လောက်အပြောခံရမယ့်သူ မရှိသေးပါဘူး။
မင်းဦးဟာ ဝေဖန်တိုက်ခိုက်မှုတွေကြားက အနုပညာလမ်းကြောင်းအပေါ် အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းခဲ့ရတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ သူ့လောက် ဝေဖန်ခံရတဲ့သူ ရှိချင်မှ ရှိပါဦးမယ်လို့ ဆိုပါတယ်။
Photo: မင်းဦး

အနုပညာလောကမှာ ၁၀ စုနှစ်ကျော်ကြာပြီဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီမင်းဦးက သူဖြတ်သန်းခဲ့ရတဲ့ အနုပညာအတွေ့အကြုံတွေ မျှဝေခဲ့ပါတယ်။ တစ်ချိန်က ဝေဖန်တိုက်ခိုက် ခံခဲ့ရတဲ့ အကြောင်းကိုလည်း Duwun Media အင်တာဗျူးမှာ ရင်ဖွင့်ပြောပြထားပါတယ်။


‘’အနုပညာလောကမှာ ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင် သည်းခံနိုင်ဖို့လိုတယ်။ အစ်ကိုဆို အများကြီး တိုက်ခိုက်ခံခဲ့ရဖူးတယ်။ အစ်ကို့လောက်အပြောခံခဲ့ရတဲ့သူ ရှိချင်မှလည်း ရှိဦးမယ်။ တချို့ကလေးတွေဆို သိချင်မှတောင် သိတော့မယ်။ အဲဒါတွေကို သည်းခံစိတ်နဲ့ ဖြတ်သန်းလာတာ အချိန်တစ်ခုက အရာအားလုံးကို အဆုံးအဖြတ်ပေးနိုင်ပါတယ်’’ လို့ အချိုးအကွေ့ ဇာတ်ကား မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: မင်းဦး

သူ့အနေနဲ့ ဝေဖန်တိုက်ခိုက်ခံနေရချိန်မှာ မှန်သည်၊ မှားသည်ကို ဖြေရှင်းခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဝေဖန်တဲ့ စကားလုံးတိုင်းကိုလည်း လက်ခံခဲ့တယ်လို့လည်း မင်းဦးက ဆက်လက်ပြောပြခဲ့ပါတယ်။

‘’ အားလုံးကို လက်ခံလိုက်တယ်။ အစ်ကိုနဲ့တည့်တာ မတည့်တာ၊ အစ်ကို့ကို ပြောတာ မပြောတာတွေ အစ်ကို လက်မခံဘူး။ သူတို့အလုပ်သူတို့ လုပ်နေတာပဲ ဆိုပြီးတော့ လက်ခံလိုက်တဲ့အခါကျတော့ သူတို့ စိတ်လည်း ငြိမ်းချမ်းသွားတယ်၊ အစ်ကို့စိတ်လည်း ငြိမ်းချမ်းသွားတယ်လို့ပဲ သဘောထားတယ်’’ လို့ သူကဆိုပါတယ်။

Photo: မင်းဦး

အနုပညာလောကထဲကို ဝါသနာအရင်းခံပြီး ဝင်ရောက်လာတဲ့ မျိုးဆက်သစ်လေးတွေအတွက်ကိုလည်း မင်းဦးက စကားလက်ဆောင် ပါးလိုက်ပါသေးတယ်။

‘’အဓိက ကတော့ သည်းခံဖို့လိုတယ်။ လူတွေအားလုံးက ဖြစ်ပုံဖြစ်နည်းခြင်း မတူကြဘူး။ မြန်မြန်ဖြစ်သွားတဲ့သူနဲ့ နှေးနှေးဖြစ်သွားတဲ့လူပဲ ကွာသွားတာ။ အချိန်တွေ ရင်းနှီးရတဲ့ပုံစံပဲ ကွာသွားတာ။ ဒီလောကထဲကို ဝင်လာရင် ဝါသနာလည်း ပါရမှာပေါ့’’ လို့ ဆိုပါတယ်။

Photo: မင်းဦး

မင်းဦးရဲ့ အနုပညာသက်တမ်းကလည်း တော်တော်ကိုကြာနေပြီ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်း အတွေ့အကြုံတွေနဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။ မင်းဦးကိုယ်တိုင် ပထမဆုံးရိုက်ကူးပုံဖော်ခဲ့တဲ့ ချူဆီရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ကျော်ထက်အောင်နဲ့အတူ မယ်လိုဒီ၊ အေးမြတ်သူ၊ အိချောပို၊ မေ၊ နန်းစုဦး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ အတွင်းက ရိုက်ကူးတာဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ အတွင်းမှာပဲ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က