အမှုကို မြန်မြန်ပြီးချင်ပြီလို့ မခင်မြတ်နိုးကပြောပါတယ်။

ကာမလိမ်လည်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ သရုပ်ဆောင် မိုးအောင်ရင်က ဒီနေ့(ဇွန်လ ၁၇ ရက်) ရုံးချိန်းကို တက်ရောက်မလာတဲ့ အပေါ် သူ့ရဲ့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက အခုလို ပြောပြခဲ့ပါတယ်။ 

ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ရဲ့ (၁၅) ကြိမ်မြောက် ရုံးချိန်းကို ဒီနေ့ (ဇွန်လ ၁၇ ရက်) ရန်ကင်းတရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာ မိုးအောင်ရင်က ဆေးခွင့်တင်ထားပြန်တယ်လို့ မိုးအောင်ရင်ရဲ့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက Duwun ကို ပြောပါတယ်။ 



“ ဒီနေ့ အမှု မစစ်ဖြစ်ပါဘူး။ မစစ်ဖြစ်တာကလည်း ဟိုဘက်က ဆေးခွင့်တင်တာ ပြီးခဲ့တဲ့ တစ်ပတ်ကတော့ မဖြစ်မနေ စစ်မယ်လို့ပြောထားတာ ဒါပေမယ့် သူကလည်း လိပ်ခေါင်းဖြစ်လို့ဆိုလား မသိဘူး ဆေးခန်းသွားပြပြီး မလာနိုင်ဘူးဆိုပြီး ခွင့်တင်တော့ တရားသူကြီးကလည်း ခွင့်ပေးလိုက်ပါတယ်” ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့ ရုံးချိန်းမှာ ပြောခဲ့တာဖြစ်ပါတယ်။ 

မိုးအောင်ရင် ရုံးချိန်း မတက်ရောက်နိုင်ခဲ့တဲ့ အပေါ် မခင်မြတ်နိုးကလည်း သူမရဲ့ သဘောထားကို မီဒီယာတွေ အရှေ့မှာ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ ညီမတို့ဆိုရင် အခု ၁၂ နာရီချိန်းတယ်ဆိုရင် အစောကြီးရောက်အောင် လာခဲ့တယ်။ ကိုယ်တွေလည်း ကျန်းမာရေး ကောင်းတဲ့သူမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်အလုပ်ကိစ္စရှိတဲ့ အရာကိုတော့ လုပ်တယ်။ တကယ်ကို လေးလေးစားစားနဲ့ တရားရုံးကိုလည်း အချိန်မီရောက်အောင်လာခဲ့တယ်” လို့ သူကဆိုပါတယ်။ 

မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း မခင်မြတ်နိုးကတော့ အမှုကို အမြန်ဆုံး အပြီးသတ်ချင်ပြီလို့ ဆိုပါတယ်။ အမှု ကြာနေတာဟာ နှစ်ဦးစလုံးအပေါ် နစ်နာမှုရှိတယ်လို့ သူက ပြောပါတယ်။ 

“ အမှုက အရမ်းကြာနေတဲ့အပေါ် မြန်မြန်ဆန်ဆန်လေး ပြီးသွားရင်တော့ ကောင်းတာပေါ့နော်။ အမှု အရမ်းကြာနေတဲ့ဟာကလည်း တကယ်တော့ ကိုယ့် အတွက်တင်မဟုတ်ဘူး။ သူ့အတွက်လည်း နစ်နာမှု ရှိတဲ့အတွက် တကယ်တမ်းဆို မြန်မြန် ပြီးသင့်ပါတယ်။ နောက်တစ်ခေါက် ရုံးချိန်းကိုတော့ ဇူလိုင် (၈) ရက်နေ့ ပြန်ချိန်းလိုက်ပါတယ်” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။ 

မိုးအောင်ရင် ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့က ကာမလိမ်လည်မှုဖြင့် ရန်ကင်းတရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာပါ။ အခုဆိုရင်တော့ အမှုကို စစ်ဆေးနေတာ (၆) လအကြာ ရှိပြီဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ် ကြောင်း၊ချစ်သူကောင်မလေးက မူးယစ်ဆေးသုံးစွဲ ကြောင်းကို အွန်လိုင်းမီဒီယာတစ်ခု မှာ အင်တာဗျူးပြီးနောက် ခင်မြတ်နိုးက အခုလို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က