သူ့ရဲ့ မွေးနေ့က မေလမှာ ပြီးခဲ့ပါပြီ။

သြဂုတ်လ ၈ ရက်နေ့ကတော့ သရုပ်ဆောင်ထူးအောင်ရဲ့ မွေးနေ့ မဟုတ်ပါဘူးတဲ့။ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့် ဟက်ခံလိုက်ရပြီး မွေးနေ့ ရက်စွဲတွေ ပြောင်းလိုက်တာပါတဲ့။သူ့ရဲ့ မွေးနေ့အမှန်ကတော့ မေလအတွင်းက ပြီးခဲ့ပါပြီတဲ့။



Photo: Htoo Aung Facebook

 

သြဂုတ်လ ၈ ရက်နေ့ကတော့ သရုပ်ဆောင်ထူးအောင်ရဲ့ မွေးနေ့ ထင်ပြီး ဆုတောင်းပေးလာကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။ ဒီမွေးနေ့ဟာ အမှန်မဟုတ်တဲ့အတွက် မွေးနေ့ဆုတောင်း ပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးလည်းတင်သလို အားလည်း အားနာခဲ့ရတယ် လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

 '' မွေးနေ့လို့ထင်ပြီး ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။ ဒီမွေးနေ့ကလည်း အမှားကြီးပါ၊ ကျွန်တော့် မွေးနေ့ထင်ပြီး ဆုတောင်းပေးကြတဲ့ ပရိသတ်တွေအတွက်လည်း တကယ်ကို စိတ်မကောင်းပါဘူး၊ အခုတော့ ကျွန်တော့်မွေးနေ့အမှန်ကို ပြောင်းလိုက်ပါပြီ'' လို့ သဘောကျရယ်မောရင်း ထူးအောင်က ဖြေဆိုပေးခဲ့တာပါ။

Photo: Htoo Aung Facebook

 

ထူးအောင်ရဲ့ မွေးနေ့အမှန်ကတော့ မေလအတွင်းက ပြီးခဲ့ပါပြီတဲ့။ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို Hack သွားတဲ့ Hacker က မွေးနေ့ရက်စွဲကို ပြောင်းလဲလိုက်တာဖြစ်တဲ့အတွက် မွေးနေ့ဆုတောင်းတွေ တက်လာမှသာ  သတိထားမိခဲ့တယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။ အကောင့်Hack ခံထားရတာလည်း တော်တော်ကြာပြီဆိုတဲ့အကြောင်း ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Htoo Aung Facebook

 

ထူးအောင်က အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေရိုက်ဖို့ ပြင်ဆင်နေပြီး တီဗီကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်အကယ်ဒမီ ဦးကျော်သူ တည်ထောင်ထားတဲ့ ပရဟိတအသင်းနဲ့ အတူ ရေဘေးအလှူတွေ ဆောင်ရွက် ဖြစ်နေတယ်လို့ ပြောပါတယ်။

'' မကြာခင်က ရေဘေးအလှူလည်း ကျွန်တော်သွားဖြစ်ခဲ့တယ်၊ ပဲခူးတိုင်း ပဲနွယ်ကုန်းဘက်တွေပေါ့။ တကယ်ကို ချောင်ကျတဲ့နေရာတွေကို သွားခဲ့တယ်။ တချို့တွေကျတော့ အဖျားနားလောက်တွေပဲ သိပြီး သွားလှူကြတယ်ဆိုပေမယ့် ကျွန်တော်တို့တွေကတော့ ဟိုးဘက် ချောင်တွေ မှာရှိတဲ့ ကျေးရွာတွေအထိ သွားလှူခဲ့တာပါ။ ဦးကျော်သူတို့ နာရေးကူညီမှုအသင်းနဲ့ပါပဲ'' လို့ သူကဆိုပါတယ်။

ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်ဖက်ညီမယ့် ကောင်မလေးကိုရှာနေတဲ့ ထူးအောင် 

Photo: Htoo Aung Facebook

 

Model လောကမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ထပ်လည်း လက်ခံထားတဲ့ ဇာတ်ကားတွေအများကြီးရှိသေးတယ် လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က