ကိုယ့်ကိုယ်ကိုယ်တောင် သဘောကျမိသွားတယ်။

ပိုင်ဖြိုးသု ကိုတော့ Facebook Cover မှာတစ်ယောက် Profile မှာ တစ်ယောက် ဆိုပြီးတော့ ပရိသတ်တွေက Troll ခဲ့ကြပါသေးတယ်။ သူမရဲ့ ခင်ပွန်းကလည်း ဒီကိစ္စအပေါ် အပြည့်အဝနားလည်ပေးထားပါတယ်တဲ့။

Photo: Paing Phyo Thu



ပိုင်ဖြိုးသုကတော့ သူမရဲ့ Facebook Profile မှာ Now & Ever ဇာတ်ကားထဲက မင်းသားဇဏ်ခီနဲ့ ဓာတ်ပုံတင်ထားတာဖြစ်ပြီး Facebook Cover မှာတော့ ခင်ပွန်းဖြစ်သူ ဏကြီးနဲ့ပုံတင်ထားတာဖြစ်ပါတယ်။ ဒါကိုတော့ ပရိသတ်တော်တော်များများက Profile မှာတစ်ယောက် Cover မှာတစ်ယောက် ဆိုပြီးတော့ စနောက်ခဲ့ကြပါသေးတယ်။ ပိုင်ဖြိုးသုကိုယ်တိုင်ကလည်း သဘောကျခဲ့ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ဖေ့စ်ဘွတ်ကာဗာမှာ တစ်ယောက် Profile မှာ တစ်ယောက်။ ဒါပဲလေ ကိုယ်က။ Profile ကတော့ ဝတ်မှုံပါ။ Cover ကတော့ သုသုပေါ့နော်။ သုသုက ကိုယ့်ရုပ်ရှင်တစ်ကားတင်တိုင်း အမြဲတမ်း Profile Picture လေးတွေ ပြောင်းတယ်။ အဲဒီတော့ Now & Ever ကျတော့လည်း ပြောင်းလိုက်တာပေါ့။ အမြဲတမ်းမပြောင်းပဲထားတာက Cover Photo ကိုဏကြီးနဲ့ အိမ်ထောင်ကျပြီးကတည်းက ထားတာပေါ့။ အဲဒါကိုလည်း သူများတွေ လာပြတော့မှ ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး ဟုတ်သားပဲပေါ့။ Cover မှာတစ်ယောက် Profile မှာတစ်ယောက် ဂေါ်နေတာပေါ့’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့က “အဟောင်း” ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: RBV

ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးကတော့ ပိုင်ဖြိုးသုအပေါ် အပြည့်အဝ နားလည်ပေးလွန်းသူ တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို Profile ထားတာကလည်း အလုပ်နဲ့ ပတ်သက်လို့ ထားတယ်လို့ပဲ သဘောထားတယ်လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

“ကိုဏကြီးက ဘာမှကိုမပြောတာ သူက ရေခဲတုံးကြီး ။ ပြီးတော့ ဒါကလည်း သုသုအလုပ်ပဲလေနော်။ စပွန်ဆာ တုန်းကလည်း အဲဒီတုန်းက Profile လေးထားတယ်။ အခု Now & Ever မှာလည်း ထားတယ်။ နောက်ထပ်လာမယ့် ဗိုလ်နေတိုး ကျရင်လည်း အဲဒီအထဲက ကာရိုက်တာ ပြောင်းထားဦးမှာဆိုတော့ သူက ဘာမှ မပြောပါဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။ 

Photo: Paing Phyo Thu

ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူသက်တမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ လက်ထပ်ခဲ့ကြတာပါ။ မင်္ဂလာဦးအလှူကို ၂၀၁၉ ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပြီး မင်္ဂလာညစာစားပွဲကိုတော့ အင်းယားလိဂ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ ဏကြီးဟာ အောင်မြင်မှုရရှိနေတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်သလို ပိုင်ဖြိုးသုကလည်း အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က