ဒီနှစ်အတွင်းမှာ လုပ်သွားမယ်လို့ဆိုပါတယ်။
Sabal Thwin

အိချောပိုက ၂၀၁၉ ခုနှစ်အတွင်းမှာ သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့တွေ့ဆုံသွားမယ်လို့ဆိုပါတ ယ်။လက်ရှိရိုက်ကူးနေရတဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း သေချာရွေးချယ် လက်ခံဖြစ်တယ်လို့ပြောပါတယ်။

Photo: HK

အိချောပိုက သူမရဲ့ အနုပညာသက်တမ်းအရ ပရိသတ်အခိုင်အမာ ရရှိနေပြီဖြစ်တဲ့ မင်းသမီးတစ်ဦးပါ။ ဒါကြောင့် သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စဉ်းစားထားတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဒီနှစ်ထဲမှာတော့ ပရိသတ်တွေနဲ့ Fan Meeting သဘောမျိုးလုပ်ဖို့ရှိတယ်။ ဇာတ်ကားရိုက်လေးတွေကလည်း မပြတ်သေးတော့ မလုပ်ဖြစ်သေးတာပါ။ အခုနောက်ပိုင်းမှာလည်း Actor တွေက လောဘကြီးတာလားတော့ မပြောတတ်ဘူး ကိုယ့်အတွက် လုပ်ကွက်မရဘူးဆိုရင် သိပ်မရိုက်ချင်ကြဘူး။ ဒါပေမယ့်လည်း အနုပညာကို ချစ်တဲ့စိတ်နဲ့ တချို့ ဇာတ်ကားတွေမှာ လက်ခံလိုက်တာတွေရှိတယ်။ များသောအားဖြင့် ရွေးချယ်တာကတော့ စူ့ အတွက် လုပ်ကွက်ရတယ်၊ အိုက်တင်ပိုင်းတွေမှာလည်း ပရိသတ် စိတ်ထဲမှာ ကျန်မယ့် ကာရိုက်တာမျိုးတွေ ရိုက်ဖြစ်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Li John

သူမဟာ အောင်မြင်နေတဲ့ မင်းသမီးချောတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့်လည်း အိချောပိုက ပရိသတ်ကို တင်ဆက်ပေးရတဲ့ ကာရိုက်တာတွေ မထပ်သွားအောင် သေချာစိစစ်ပြီးမှ ရိုက်ကူးရေးတွေ လက်ခံဖြစ်တယ်လို့ ဆိုပါတယ်။

‘’ စူ့ကို အခုလာကမ်းလှမ်းတဲ့ ဇာတ်တွေကတော့ ကာရိုက်တာ ထပ်တယ်ဆိုတာမျိုးတွေတော့ မရှိသေးပါဘူး။ ရှိလာခဲ့တဲ့ဟာတွေကိုလည်း စူ ငြင်းခဲ့တာတွေရှိပါတယ်။ တကယ်တော့ ကာရိုက်တာအစုံကို လုပ်ကြည့်ချင်တယ်။ မလုပ်ရသေးတဲ့ ကာရိုက်တာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်က Player ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Li John

အိချောပိုက အခုလက်ရှိမှာတော့ ‘’မှောင်တိုက်’’ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာဖြစ်ပါတယ်။ အဲဒီဇာတ်ကားပြီးရင်တော့ Player ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ဆက်လက်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ Player ဇာတ်ကားထဲမှာ ပါဝင်မယ့် ကာရိုက်တာကိုလည်း မိတ်ဆက်ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ဒီဇာတ်ကားထဲမှာတော့ မေသူကျော် ဆိုတဲ့ ကောင်မလေးနေရာက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီကောင်မလေးရဲ့ ကာရိုက်တာက ကျတော့ ရိုးရိုးအေးအေးလို့ထင်ရတဲ့ Player ကောင်မလေးတစ်ယောက်ပေါ့။ ကိုမြင့်မြတ်နဲ့ အတွဲ၊ ကိုဂျိုကြီး ကလည်း လိုက်ကြိုက်တယ်ပေါ့’’ လို့ ပြောပါတယ်။

Photo: Li Jhon

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကိုအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေအားကျရသလို ဇာတ်ရုပ်တိုင်း အပေါ် သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အိချောပိုဟာ ၂၀၁၇ ခုနှစ်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာ ပွဲခံမယ်ရုပ်ရှင်ဇာတ်ကား၊ အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီးတို့ နဲ့လည်း အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ပရိသတ်တွေ ထင်ကြေးပေးခံခဲ့ရဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က