စိတ်ဆိုး စိတ်ကောက်ရှိခဲ့တဲ့အကြောင်းတွေကို ပြောပြလာပါတယ်။

ကြက်ဖ ကတော့ ဇနီးဖြစ်သူနဲ့ အတူ လျှောက်လှမ်းနေတဲ့ အိမ်ထောင်ရေးအကြောင်းပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း စိတ်ဆိုး စိတ်ကောက်လေးတွေရှိတယ်လို့ ဆိုပါတယ်။

Photo: Thant Zaw



အဆိုတော် ကြက်ဖနဲ့ သူ့ရဲ့ ဇနီးတို့ကတော့ အခုဆိုရင် အိမ်ထောင်သက် ၁၅ နှစ်ရှိပြီလို့ သိရပါတယ်။ စတွေ့ချိန်တုန်းက အမှတ်တရကိုလည်း Duwun Media ကနေ ကြက်ဖ က ပြောပြခဲ့ပြန်ပါသေးတယ်။

“ ကျွန်တော်တို့ နှစ်ယောက်ကတော့ ဟီးဟီးဟားဟားပဲ ပုံမှန်လူတွေလိုပါပဲ။ ပြသနာတတ်တဲ့အခါတွေရှိတယ်၊ စိတ်ကောက်ရင် မခေါ်မပြောတာတွေရှိတယ်။ စတွေ့တုန်းကဆိုရင် Game တစ်ခုဆော့တာ သူ့ကို မနိုင်လို့ဆိုပြီးတော့ ၃ ရက်လောက် စကားမပြောပဲ နေခဲ့ဖူးတယ်။ ကျွန်တော်က ကြောင်တောင်တောင် ဖြစ်နေတော့ နည်းနည်းထူးဆန်းတယ်ပေါ့” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Thant Zaw

ကြက်ဖရဲ့ ဇနီးကလည်း သူနဲ့ အတူတူသီချင်းတွေ သီဆိုလေ့ရှိပါတယ်။ Rapper မလေးဆိုရင်လည်း မမှားပါဘူး။ ဂီတအလုပ်ကို အတူတူလုပ်နေကြတာ ဖြစ်တဲ့အတွက် တစ်ယောက်အပေါ် တစ်ယောက် ထားကြတဲ့ နားလည်မှုတွေအကြောင်းကို ကြက်ဖက ပြောပြခဲ့ပါသေးတယ်။

“လူတိုင်းက ကောင်းတဲ့အချက်ကြီးပဲတော့မရှိဘူး။ မကောင်းတဲ့အချက်တွေလည်းရှိမှာပဲ။ အဓိက က သူမကောင်းတာကို ကိုယ်က နားလည်ပေးရမှာ မဟုတ်ဘူး။ သူမကောင်းတာကို သူနားလည်ရမှာ၊ ကိုယ်မကောင်းတာကို ကိုယ်နားလည်ရမှာ ဒီလိုပဲ အကြံပေးချင်တာပါ။ ကျွန်တော်ပြောတာလည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့နော်။ ကျွန်တော့်ထက်ကောင်းတဲ့ အကြံဉာဏ်တွေလည်းရှိချင် ရှိမှာပါ” ဆိုပြီးတော့ နိုဝင်ဘာလ ၃၀ ရက်နေ့က သန်းခေါင်ယံ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Thant Zaw

ကြက်ဖကတော့ လက်ရှိမှာ ကိုယ်တိုင်သီချင်းရေး၊ ကိုယ်တိုင် သီချင်းဆိုနေတာကို တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ်မှစပြီး ဂီတအလုပ်တွေကို ဖြေးဖြေးနဲ့ မှန်မှန် ဆောင်ရွက်လာတဲ့ ကြက်ဖရဲ့ သီချင်းအသစ်တွေကိုလည်း ပရိသတ်တွေက စောင့်မျှော်လို့နေပါတယ်။ သူ့ကိုတော့ Rap သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ ပရိသတ်များစွာတို့ရဲ့ အားပေးမှုကို ရရှိထားနိုင်ပြီ ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က