ပရိသတ်တွေကို Surprise လုပ်ဦးမှာတဲ့။

ထက်အောင်ရှိုင်းကတော့ ၂၀၁၉ ခုနှစ်မှာ သူ့ကို ချစ်တဲ့ ပရိသတ်အတွက် ပုံစံအသစ်တွေနဲ့ Surprise လုပ်ဖို့ရှိတယ် လို့ ဆိုပါတယ်။ ဒါကိုတော့ ၂၀၁၈ ခုနှစ်ကတည်းက ကြိုးစားလာခဲ့ရတာလို့ဆိုပါတယ်။

 

Photo: Htet Aung Shine


သရုပ်ဆောင် ထက်အောင်ရှိုင်းက သရုပ်ဆောင်အလုပ်သာမက ဂီတအပိုင်းမှာလည်း အောင်မြင်ဖို့ ကြိုးစားလျှောက် လှမ်းနေ တယ် လို့ ဝန်ခံပြောလာပါတယ်။ ဒါကလည်း ပရိသတ်တွေ အံ့သြသွားစေဖို့အတွက်ပါလို့လည်း မီဒီယာတွေကနေ တဆင့်ပြောပြခဲ့တာပါ။

'' စလုပ်နေတာက ၂၀၁၈ ကတည်းက လုပ်နေတာပေါ့နော်။ ဒါပေမယ့် ကျွန်တော် ပရိသတ်ကို ချမပြဘူး၊ အသိမပေးဘူးဆိုတာ က ကျွန်တော့် ပုံစံအသစ်ကို Surprise လုပ်ပြချင်တာလည်း ပါတယ်။ ဂီတအပိုင်းဆိုရင်တော့ ကျွန်တော် Rock အပိုင်းကို ပိုအား သန်ပါတယ်။ ဒါပေမယ့် သီချင်းအေးအေးလေးတွေ ဆိုရတာလည်း ကြိုက်ပါတယ်'' လို့ သူကဆိုပါတယ်။

 

Photo: Htet Aung Shine

ထက်အောင်ရှိုင်းကိုတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူ့အနေနဲ့ တက်သစ်စ သရုပ်ဆောင်တစ်ဦးအနေနဲ့ ကြိုးစားနေရတဲ့ အချိန်မှာ ဂီတဘက်ကိုလည်း ကြိုးစားနေမိတယ်လို့ ဆိုလာပါတယ်။

'' ဦးစားပေးတာကတော့ သရုပ်ဆောင်အပိုင်းကို ပိုပြီးတော့ ဦးစားပေးဖြစ်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့် ရဲ့ ပထမဆုံးအနုပညာဝါသနာက သရုပ်ဆောင်အလုပ်ပါ။ ဒုတိယကမှ အဆိုအပိုင်းပေါ့။ နှစ်ခုစလုံးကို မျှမျှတတဖြစ်အောင် ပိုပြီးတော့ ကြိုးစားသွားမှာပါ'' လို့ 9 Dream Show စာနယ်ဇင်းအသိပေးပွဲမှာ ပြောပြခဲ့ပါတယ် ။

 

Photo: Htet Aung Shine

ထက်အောင်ရှိုင်းဟာ ဝါသနာပါတဲ့ အနုပညာအလုပ်တွေ လုပ်နေရတဲ့အချိန်မှာတော့ မျှော်လင့်ချက်မထားဘူးလို့ ဆိုပါတယ်။ ဂီတအပိုင်းကိုလည်း စီးပွားရေးကြောင့် လုပ်တာ မဟုတ်ဘူးလို့ ဆက်လက်ပြောပြလာပါတယ်။

'' မျှော်လင့်တယ်၊ ကြိုတွေးထားတယ်ရယ်လို့တော့ မရှိပါဘူး။ ကျွန်တော် အဆိုဘက်ကို ဝါသနာပါတဲ့အတွက် ဒီအနုပညာကို ကျွန်တော် ချစ်တဲ့အတွက် ကျွန်တော်လုပ်တာ။ စီးပွားရေးကြောင့် လုပ်တာမဟုတ်ပါဘူး။ အကောင်းဆုံးဖြစ်လာဖို့ အတွက်ကိုပဲ ကြိုးစားမယ်'' လို့ သူကဆိုပါတယ်။

 

Photo: Htet Aung Shine

ထက်အောင်ရှိုင်းကတော့ မကြီးစန်းနဲ့သူ၏ချစ်သူများ ဗီဒီယိုဇာတ်ကားမှာ မကြီးစန်းရဲ့ချစ်သူကောင်လေးတစ်ယောက် ကာရိုက်တာနဲ့ ပရိသတ်တော်တော်များများ သိခဲ့ပေမယ့်လည်း ဝေဖန်မှုအမျိုးမျိုးကို ခံခဲ့ရတဲ့ သရုပ်ဆောင် အသစ်တစ်ယောက်လည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က