သီချင်းဆိုနေရရင် ပျော်နေတတ်သူလေးပါ။

အဆိုတော်မိုးမိုးက ၄ လအရွယ်ကတည်းက သီချင်းဆိုတတ်ပြီဖြစ်တဲ့ သမီးလေး မိုးအိပ်မက်လွှာအကြောင်းပြောပြလာပါတယ်။ ဖေဖေ နဲ့တူလို့ဂီတကို ဝါသနာပါတဲ့ သမီးလေးပါ။

Photo: Moe Moe



အဆိုတော်မိုးမိုးဟာ သူ့ရဲ့ သမီးလေးက ဂီတကို ဝါသနာပါလွန်းတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ အသက် ၄ လ အရွက်မှာကတည်းက သီချင်းစဆိုတတ်တဲ့ ကလေးပါလု့ိ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ သမီးလေးကတော့ တစ်နှစ်ခွဲရှိပါပြီ။ သားငယ်လေးကတော့ နှစ်လခွဲရှိပါပြီ။ သမီးလေးကို ကြော်ငြာတွေရိုက်ဖို့ဆိုတာ သေချာ စိစစ်ရပါဦးမယ်။ သူ့ကို သိပ်ပြီးတော့ Press ထဲကို မထွက်စေချင်ဘူး။ သူက ၄ လ နဲ့ သီချင်းစဆိုတယ်။ အဲဒါကလည်း ဖေ့စ်ဘွတ်မှာ တော်တော်လေး ပျံ့နှံ့နေပါပြီ။ Music နဲ့ ပတ်သက်လို့ သူ့မှာ အရမ်းသဘောကျတယ်။ အဲဒါကတော့ သူ့ရဲ့ ထူးခြားမှုပါ။ အနုပညာနဲ့ပတ်သက်လို့ တစ်ခုခုလုပ်မလားလို့တော့ ပြောလို့မရဘူးပေါ့နော်’’ ဆိုပြီးတော့ သြဂုတ်လ ၄ ရက်နေ့က Aroma Show ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Moe Moe

အဲဒီနောက် အဆိုတော် မိုးမိုးဟာ သူ့ရဲ့ ဂီတလှုပ်ရှားမှုတွေအနေနဲ့ သီချင်းတွေ ထပ်ထွက်ဖို့ရှိသေးတယ်လို့ ဆိုပါတယ်။ ဒီတစ်ခါမှာတော့ ‘’မျှော်လေတိုင်း မှိုင်းရီ’’ ဆိုတဲ့ သီချင်းလေး ထွက်တော့မှာပါတဲ့။

‘’ ဒီလထဲမှာ ကျွန်တော် Solo တစ်ပုဒ်ထွက်ပါမယ်။ နောက်ထပ် ၂ ပုဒ်လောက် ထပ်ထွက်ပြီးရင် Album အကြီးလာပါလိမ့်မယ်ခင်ဗျ။ ထွက်မယ့် သီချင်းလေးက ‘’မျှော်လေတိုင်း မှိုင်းရီ’’ ဆိုတဲ့ သီချင်းလေးပါ။ သူက မိုးရာသီမှာ ဖီးလ်လို့ကောင်းမယ့် သီချင်းလေးပါပဲ။ ပရိသတ်တွေလည်း အားပေးဖို့ ကြိုပြောထားပါရစေ’’လို့ သူကဆိုပါတယ်။

Photo: Moe Moe

အဆိုတော်မိုးမိုး နဲ့ မြတ်ပီတိမိုးတို့ရဲ့ တစ်ဦးတည်းသော သမီးလေး မိုးအိပ်မက်လွှာ ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးကိုတော့ ပရိသတ်တော်တော်များများက ဖေဖေ မိုးမိုးနဲ့ တူတယ်လို့ပြောကြတာကို တွေ့ရပါတယ်။ သမီးလေးရဲ့ အိမ်ခေါ်နာမည်လေးကတော့ ဂျူးငယ် ဖြစ်ပါတယ်။ မိုးမိုးမှာ ချစ်ရတဲ့ ဇနီးလေးနဲ့အတူ ချစ်ရတဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အခုဆိုရင်လည်း သားလေးတစ်ယောက်ကို ထပ်မံပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ တနင်္ဂနွေမိုးရေစက်များ ဆိုတဲ့ တေးစီးရီးကနေ ပရိ သတ် အားပေးမှုအများကြီးရရှိခဲ့တဲ့ အဆိုတော် မိုးမိုး ကတော့ ဖျော်ဖြေရေးတွေမှာလည်း ပါဝင်သီဆိုနေရသလို၊ Group Song အခွေ တွေမှာ လည်း ပါဝင်သီဆိုနေရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ EP ဆိုတဲ့ တစ်ကိုယ်တော်အခွေ MTV ရိုက်ဖို့ ဝိတ်ချနေတယ်လို့ ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က