အဖြူရောင် သတို့သမီး သီဆိုသူတစ်ယောက်ပါ။

"အဖြူရောင် သတို့သမီး" ဆိုတဲ့ သီချင်းနဲ့ ပရိသတ်အားပေးခဲ့တဲ့ အဆိုတော် Roll-1 ကတော့ ဂီတလောကနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ချိန်က အကြောင်းအရာတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: U Banyar



အဆိုတော် Roll-1 ကတော့ ၂၀၁၄ ခုနှစ်မှာ တစ်ကိုယ်တော် အခွေ ထွက်ခဲ့ပြီးနောက်ပိုင်း ဂီတအလုပ်တွေနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်က စပြီး ဂီတအလုပ်တွေနဲ့ ဝေးကွာခဲ့တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။  

“ ကျွန်တော် ၂၀၁၄ မှာ Single Album ထွက်ခဲ့တယ်။ ပြီးတော့ ဂီတလောကနဲ့ (၆) နှစ်လောက် အဆက်အသွယ်ပြတ်သွားတယ်။ ဒါကြောင့် ဟိုးအရင် ၂၀၁၂၊ ၂၀၁၄ လောက်က လုပ်ဖြစ်ခဲ့တဲ့ သီချင်းတွေ၊ မပြီးပြတ်သေးတဲ့ သီချင်းတွေကို ပြန်ဖာထေးပြီးတော့ လက်ရှိ ဘယ်သီချင်းက ပရိသတ်ကို ပေးဖို့ သင့်တော်တယ်၊ မသင့်တော်ဘူး ပြန်ခွဲပြီးတော့မှ အဆင်ပြေဆုံး ဖြစ်မယ်ထင်တဲ့ သီချင်းတွေကို Joox ကနေ တစ်လ တစ်ပုဒ် တင်ပေးသွားပါမယ်။ တချို့ဆို ကျွန်တော့်ကို သီချင်းနဲ့ လူနဲ့ မတွဲမိကြဘူး။ ဒါပေမယ့် နောက်ဆိုရင်တော့ တွဲပြီး မြင်လာကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: U Banyar

အဆိုတော် Roll-1 ကတော့ ဂီတအလုပ်တွေနဲ့ (၆) နှစ်ကြာ အဆက်အသွယ်ပြတ်သွားချိန်မှာ လုပ်ဖြစ်နေတဲ့ အရာလေးတွေကိုဖွင့်ပြောလာခဲ့ပါတယ်။ ဒီ (၆) နှစ်အတွင်းမှာလည်း အိမ်ထောင်ပြုခဲ့တယ်လို့ ဆက်လက် ပြောပြလာပါတယ်။ 

“ ၂၀၁၅ မှာ ကျွန်တော့် အစ်မရဲ့ ကျန်းမာရေးကြောင့် ပြည်ပမှာ တစ်နှစ် သူဆေးသွားကုတယ်။ ပြီးတော့ မြန်မာပြည်ကို ပြန်လာတဲ့ အချိန်မှာ တစ်နှစ်၊ တစ်နှစ်ခွဲလောက် သူ မလုပ်နိုင်သေးတဲ့ မိသားစု စီးပွားရေးတွေ၊ လုပ်ငန်းကိစ္စတွေကို ကျွန်တော်က ဝင်လုပ်ပေးနေရတဲ့အချိန်တွေရှိခဲ့ပါတယ်။ ကျွန်တော် ၂၀၁၇ မှာ အိမ်ထောင်ကျတယ်။ အခုဆိုရင် ကျွန်တော့် သားလေးက (၂) နှစ်ခွဲအရွယ်ကို ရောက်နေပါပြီ။ ကျွန်တော်တို့ အိမ်မှာက ကိုယ်ထူကိုယ်ထ စနစ်များတယ်။ အဲဒီအတွက် သားကိစ္စတွေရော၊ အိမ်ကိစ္စတွေရော ကြောင့် ကျန်တဲ့ ဘက်ကို ဘာမှ မလှည့်နိုင်တဲ့ အနေအထားဖြစ်သွားတာ” လို့ ဆိုပါတယ်။ 

Photo: U Banyar

Roll-1 ကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ "အဖြူရောင် သတို့သမီး" ဆိုတဲ့ သီချင်းကနေတဆင့် ပရိသတ်အားပေးမှု အများကြီးရရှိခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် " ကျောင်းသားဘဝ" သီချင်းနဲ့လည်း ပရိသတ်အခိုင်အမာ ရရှိလာခဲ့ပြန်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ အတွဲအခွေ ထွက်ရှိခဲ့တာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ပထမဆုံး Single Album ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဂီတအလုပ်တွေကို နောြက်တစ်ကျော့ ပြန်လည် လုပ်ကိုင်လာချိန် ၂၀၂၀ ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့တုန်းက "ချစ်တယ်" ဆိုတဲ့ သီချင်း အသစ်တစ်ပုဒ် ထွက်ရှိထားတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က