သူကိုယ်တိုင်လည်း သီချင်းတွေ ထုတ်ဖြစ်ပါတယ်တဲ့။

နီနီခင်ဇော်က ဂီတမျိုးဆက်သစ်တွေကို ခွန်အားပေးရင်း Producer လုပ်ဖြစ်နေတယ်လို့ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း ဂီတလောကမှာ အောင်မြင်နေသူ တစ်ယောက်ပါ။

Photo: Ni Ni Khin Zaw



နီနီခင်ဇော်က အခုချိန်မှာ ဂီတကို ဝါသနာပါလွန်းတဲ့ အဆိုတော်တွေကို ပံ့ပိုးပေးနေသူ တစ်ယောက်ပါ။ အခုချိန်မှာလည်း သူကိုယ်တိုင် ဂီတလောကထဲကို တွဲခေါ်လာတဲ့ အဆိုတော်မလေး အန်းနီရဲ့ တေးသီချင်းလေးကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

‘’နောက်ပိုင်းမှာ မျိုးဆက်သစ်တွေအတွက် ခွန်အားပေးရင်း Producer လုပ်ပေးထားတဲ့ထဲ က နီနီ ရဲ့ Reddy Record Label ကနေ နောက်တပုဒ်တင်ဆက်ပေးတော့မယ် Annie (Red Gen) ရဲ့"လေပြေတိုက်တိုင်း Proudly Presented By Reddy Entertainment, " Red Generation by Ni Ni Khin Zaw’’ ဆိုပြီးတော့ ဇူလိုင်လ ၉ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Ni Ni Khin Zaw

နီနီခင်ဇော်ဟာ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တာကြောင့် အခုဆိုရင် ဂီတလောကရဲ့ အောင်မြင်တဲ့ နေရာ တစ်နေရာကို ခိုင်ခိုင်မာမာရရှိထားသူဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက ‘’ဂယ်ပဲ ဂယ်ပဲ’’ ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေထွက်ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’Super Red’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ‘’U’’ ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီး ထပ်မံထွက်ရှိခဲ့ပါတယ်။

Photo: Ni Ni Khin Zaw

အဲဒီနောက် လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် သူမရဲ့ Single Song တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းတွေဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေလည်း အများ ကြီးပိုင်ဆိုင်ခဲ့ပါတယ်။ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှု အနေနဲ့ ‘’The Voice Myanmar’’ သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင် တစ်ဦးအဖြစ်ပါဝင်နေသူဖြစ်ပါတယ်။

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလိုသူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က