တေးရေး၊ တေးဆို တစ်ဦးဖြစ်ချင်ခဲ့တာပါ။

ဟဲလေးကတော့ အနုပညာနဲ့ ပတ်သက်တဲ့ အိပ်မက်တစ်ခု အကောင်အထည်ဖော်လာပြီဆိုတဲ့အကြောင်းကို ပြောပြလာပါတယ်။  

Photo: Helay



အဆိုတော် ဟဲလေးကတော့ ၂၀၂၀ ခုနှစ်အတွင်းမှာ ဂီတအလုပ်တွေကို ပိုပြီးလုပ်ကိုင်ဖြစ်မယ့် အကြောင်းပြောပြလာပါတယ်။ သူရေးပေးတဲ့ သီချင်းလေးတွေက အောင်မြင်မှုတွေ ရလာတဲ့အပေါ်မှာလည်း ကျေနပ်ပီတိဖြစ်ရတယ်လို့ Duwun Media အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။ 

“ အစ်ကိုကတော့ သီချင်းတွေ ဆိုမယ်၊ ရေးမယ်။ နောက်မှာပဲလည်း မနေဘူး အရှေ့လည်း ထွက်မယ်ပေါ့။ အရင်တုန်းကတည်းက တေးရေး၊ တေးဆို ဖြစ်ချင်ခဲ့တာပါ။ အဆိုတော် တစ်ယောက်ဖြစ်ဖို့က အစ်ကို့ အိပ်မက်ပါ။ ဒါပေမယ့် ကိုယ်ရေးတဲ့ သီချင်းတွေကြောင့် အောင်မြင်သွား တဲ့ အဆိုတော်တွေ တွေ့ရင်လည်း ရင်ထဲမှာ ပီတိဖြစ်ရတယ်” လို့ သူကဆိုပါတယ်။ 

Photo: Helay

ဟဲလေးဟာ ဂီတအလုပ်တွေလည်း တစိုက်မတ်မတ်လုပ်ဆောင်နေသူဖြစ်သ လို မိသားစုကိုလည်း အချိန်မျှမျှတတပေးတတ်သူတစ်ယောက်ပါ။ ဟဲလေးဟာ ဇနီးဖြစ်သူ မြတ်သီရိလင်းနဲ့ အတူ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူတို့ မိသားစုလေးကလည်း ပျော်စရာကောင်းတဲ့အ တွက် ပရိသတ်အားကျရတဲ့ အနုပညာရှင်မိသားစုလေး တစ်စုဖြစ်ပါတယ်။  

ဟဲလေးရဲ့ ဇနီးဖြစ်သူ မမြတ်သီရိလင်းကလည်း ခင်ပွန်းဖြစ်သူရဲ့ အနုပညာအလုပ်တွေမှာ တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ကူညီပေးနေတာ တွေ့ရပါတယ်။ မိသားစုကိစ္စတွေမှာလည်း သေသေချာချာ ထိန်းသိမ်းဖြစ်တယ်လို့ ဆိုပါတယ်။ 

“ အစကတည်းက ယုံကြည်မှုရှိပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဖန်တီးထားတဲ့ အိမ်ထောင်ရေးတစ်ခုမှာ အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာတွေပဲ စဉ်းစားပြီးတော့ ကိုယ်အကောင်းဆုံးဖြစ်မယ့် အရာလေးတွေကို ပံ့ပိုးပေးတဲ့ သဘောပါ” ဆိုပြီးတော့ မတ်လ ၈ ရက်နေ့က Zealax hotel ဖွင့်ပွဲ တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Helay

အဆိုတော် ဟဲလေးကတော့ ဂီတလောကမှာ အောင်မြင်မှုများစွာရရှိနေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူဟာ အဆိုတော် ရွှေထူး၊ အုပ်စိုးခန့်၊ Project K ၊ အက်စတာ၊ ရွှေစင်နဲ့ ဂျူဝယ်လ် တို့အတွက် သီချင်းတွေ ရေးနေတယ်လို့ သိရပါတယ်။ ဟဲလေးဟာ သူ့ရဲ့ ဂီတလှုပ်ရှားမှုတွေကို ၂၀၀၀ ခုနှစ်ဝန်းကျင်က Teen ဆိုတဲ့ အဆိုတော် အဖွဲ့ထဲကနေ စတင်လာတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က