ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပြောပြလာပါတယ်။

ရဲလေးကတော့ သူ့အတွက် အားပေးဖော်တစ်ယောက်လိုအမြဲရှိတတ်တဲ့ ညီအရင်းဖြစ်သူ ဂျိုကာ အကြောင်းတွေ ပြောပြလာပါတယ်။ 

Photo: Ye Lay



အဆိုတော် ရဲလေးကတော့ လက်ရှိမှာ သူ့ရဲ့ ညီအရင်းဖြစ်သူ ဂျိုကာနဲ့ တွဲဖက်ပြီး အနုပညာအလုပ်တွေ လုပ်နေတာ တွေ့ရပါတယ်။ အစ်ကိုဖြစ်သူ တစ်ယောက်အနေနဲ့ ဂျိုကာလို ညီလေးကို ပိုင်ဆိုင်ထားတာ ကံကောင်းတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ 

 “ တစ်အိမ်တည်းနေတဲ့ ညီအစ်ကိုတွေ အနေနဲ့ အမှတ်တရတွေကတော့ နေ့စဉ်နဲ့အမျှ ရှိပါတယ်။ အဓိက ကတော့ ကျွန်တော့် ညီလေးက ကျွန်တော့်အတွက် လုံးဝ တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာတစ်ပါးလေးပါ။ သူ့ကို ကျွန်တော် ချစ်တယ်။ သူက မိဘကိုလည်း သိတတ်တယ်၊ ပရိသတ်ကိုလည်း သိတတ်တယ်။ အကြီးတွေ အပေါ်လည်း အရမ်း သိတတ်တဲ့သူဖြစ်တာကြောင့် တကယ်ကို ချစ်ဖို့ကောင်းတဲ့ ညီလေးပါ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အားပေးနေကြဆိုတော့ လွယ်လွယ်နဲ့ ယိုင်နဲ့သွားမယ့်လူတွေလည်း မဟုတ်ပါဘူး” လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Ye Lay

ရဲလေးနဲ့ဂျိုကာ တို့ မတူတွဲသရုပ်ဆောင်ထားတဲ့ “ကမ္ဘာကျော် ရုပ်ရှင်” ဇာတ်ကားကြီးဟာ မတ်လ ၁၂ ရက်နေ့ ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ညီအစ်ကို နှစ်ယောက်ပေါင်းပြီး ရုပ်ရှင်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ ဂျိုကာ ဟာ လက်ရှိမှာလည်း ခေါင်းဆောင်သရုပ်ဆောင်အဖြစ် ဇာတ်လမ်းတွဲတွေ ရိုက်ကူးထားသေးတယ်လို့ သိရပါတယ်။ 

Photo: Ye Lay

ရဲလေးဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုအနေနဲ့ YLJK Entertainment ကိုလည်း တည်ထောင်ထားတာ တွေ့ရပါတယ်။ Facebook Page မှာလည်း သူတို့ ညီအစ်ကို နှစ်ယောက် ပေါင်းပြီး Funny Vlog လေးတွေ အမြဲတမ်း တင်ဆက်ပေးနေတယ်လို့ မတ်လ ၈ ရက်နေ့ မနက်ပိုင်းက “ကမ္ဘာကျော် ရုပ်ရှင်" ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ YLJK Page ကို Like & Follow လုပ်ထားမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ တင်ဆက်မှုတွေကို အများကြီး မြင်တွေ့ရမှာပါ။ တချို့ ကိစ္စတွေဆိုရင် လူသိအောင် လက်တို့ပြီးတော့ လိုက်ပြောနေမှာ မဟုတ်ဘူး။ တစ်ခါကြော်ငြာပြီးရင်လည်း ခဏခဏ ကြော်ငြာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကို စိတ်ဝင်စားနေတဲ့သူတွေ အတွက် ရပ်တည်သွားမှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Ye Lay

ရဲလေး(Ye Lay)ဟာအနုပညာ နဲ့ ပတ်သက်လာရင် ဂီတအပိုင်းမှာလည်း အောင်မြင်မှုတွေရရှိခဲ့သလို၊ သရုပ်ဆောင် ပိုင်းမှာလည်း ပရိသတ် လက်ခံ အားပေးလျှက်ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း တော်တော်ကြာနေပြီဖြစ်ပါတယ်။ ရဲလေးက ဟိုအရင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့သလို ဒီနေ့အချိန်ထိလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က