သူ့ရဲ့ အတွေ့အကြုံတွေကို ပြောလာပါတယ်။

သရုပ်ဆောင် ဆုမြတ်နိုးဦးဟာ ဂျပန်နိုင်ငံမှာ ထုတ်ဝေခဲ့တဲ့ သတင်းစာစောင် တစ်ခုမှာ နယ်ပယ်အသီးသီးမှာရှိကြတဲ့ အမျိုးသမီးတွေကို အဓိကထားတဲ့ အခန်းကဏ္ဍကနေ အင်တာဗျူးစာမျက်နှာအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒီကနေတဆင့် ရရှိလာတဲ့ ဗဟုသုတတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

Photo: Hsu Myat Noe Oo Facebook

 

သရုပ်ဆောင်ဆုမြတ်နိုးဦးဟာ ဂျပန်နိုင်ငံက ဖြန့်ဝေတဲ့ သတင်းစာစောင်တစ်ခုမှာ နယ်ပယ်အသီးသီးမှာရှိတဲ့ အမျိုးသမီးတွေကို အဓိကထား တဲ့ ကဏ္ဍကနေ ရွေးချယ်ဖော်ပြခြင်းခံခဲ့ရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သြဂုတ်လ တစ်ရက်နေ့ညက Pullman Hotel မှာ ပြုလုပ် တဲ့ AGD Bank ရဲ့ Credit Card မိတ်ဆက်ပွဲကိုတက်ရောက်ရင်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' သူတို့က Yangon Press လိုပဲပေါ့ သူတို့ စာစောင်ကို မြန်မာပြည်ထဲမှာလည်းဖြန့်တယ်၊ ဂျပန်နိုင်ငံမှာလည်း ဖြန့်တယ်ပေ့ါ။ သူတို့တွေက နယ်ပယ်အသီးသီးမှာရှိကြတဲ့ အမျိုးသမီးတွေကို အဓိကထားတဲ့ အခန်းကဏ္ဍမှာ ပါဝင်ဖြစ်ခဲ့တာပါ။ မြတ်နိုးကို အင်တာဗျူးမေးတုန်းကလည်း ဘာသာပြန်နဲ့မေးကြတာပါ'' လို့ ပြောပါတယ်။

Photo: Hsu Myat Noe Oo Facebook

 

ဆုမြတ်နိုးဦးကို အင်တာဗျူးဖြေခဲ့တဲ့ ကဏ္ဍအတွက် သတင်းစာစောင်တစ်စောင် လက်ဆောင်ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းစာ ထဲမှာ ရေးသားထားတဲ့ အကြောင်းအရာတွေက သူ့အတွက်တော့ ဗဟုသုတရရှိခဲ့တယ်၊ ပေါ့ပေါ့တန်တန်မလုပ်မိခဲ့တာတွေအတွက် ကံကောင်း တယ်လို့လည်း ခံယူခဲ့ပါသေးတယ်။

'' သူတို့ရေးထားတဲ့ သတင်းတွေ ပြန်ဖတ်လိုက်တဲ့အချိန်မှာတော့ကိုယ်စရောက်သွားတဲ့ အချိန်ကစပြီး အင်တာဗျူးမေးတဲ့ အချိန်အထိပေါ့။ သူတို့ဘက်က  အမြင်ရော၊ ကိုယ့်ဘက်က အမြင်ကိုရော ရေးထားတာပေါ့။ ဗဟုသုတတော့ရတယ်၊ ကိုယ်က တစ်ခါတလေဆို လက်လွှတ် စပါယ် နေလိုက်တာဆိုတော့ သူတို့ကလည်း ကိုယ်ပြောတဲ့ စကားလုံးတိုင်းကို မှတ်ထားတယ်'' လို့ ဆိုပါတယ်။

Photo: Hsu Myat Noe Oo Facebook

ဇာတ်ကားရိုက်ကူးမှုတွေ ခဏနားထားတဲ့ ဆုမြတ်နိုးဦး 

ဂျပန်လူမျိုးတွေနဲ့ အလုပ်တွဲလုပ်ရတဲ့အပေါ် ဆုမြတ်နိုးဦးရဲ့ ခံစားချက်ကို ဖွင့်ပြောလာပါတယ်။ အလုပ်အတူတူတွဲလုပ်ခွင့်ရတာကြောင့် လည်း စေ့စပ်သေချာတဲ့ အကြောင်းတွေ သိခဲ့ရတယ်လို့ သူကပြောလာပါတယ်။

'' ဂျပန်တွေနဲ့ အလုပ်လုပ်ရတာ အရမ်းတိကျရမယ်လို့ တွေးထားတယ်။ သူတို့ကလည်း ဒီမင်းသမီးဟာ သူတို့ရဲ့ အချိန်တိကျမှုကိုလည်း သိတယ်ဆိုတော့ နောက်ကျမှာကိုလည်း စိုးရိမ်ပြီးတော့ လာရတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အပြုအမူတွေကပါ သူတို့ရဲ့ ကောက်နှုတ်ချက်တွေ ထဲ ပါသွားတာဆိုတော့ အရမ်းစေ့စပ်သေချာတယ်လို့ပြောလို့ရတယ်'' လို့ဆိုပါတယ်။

Photo: Hsu Myat Noe Oo Facebook

 

သရုပ်ဆောင် ဆုမြတ်နိုးဦးကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှု ရရှိခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဆုမြတ်နိုးဦး ရဲ့ အနုပညာသက်တမ်းဟာ ၈ နှစ်ကျော်လာပြီဖြစ်ပါတယ်။ ဒီ ၈ နှစ်တာတကာလအတွင်းမှာလည်း သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက် ပြီး တိုးတက်လာတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က