မြန်မာနိုင်ငံက လူငယ်တွေနဲ့တော့ မတူပါဘူး။

ပရိသတ်အချစ်တော် Mary က သူမရဲ့ လူငယ်တစ်ယောက်ဘဝကို ဂျပန်နိုင်ငံမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကိုပြောပြလာပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေရဲ့ ဘဝအနေအထားနဲ့ ဂျပန်နိုင်ငံက လူငယ်တွေရဲ့ ဘဝအနေအထား မတူညီဘူးလို့ဆိုပါတယ်။

Photo: Mary



အဆိုတော်မလေး Mary ဟာ မြန်မာလူမျိုးတစ်ယောက်ဆိုပေမယ့် ဂျပန်နိုင်ငံမှာ ကြီးပြင်းလာသူ တစ်ယောက်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ သူမဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’များသောအားဖြင့် ဂျပန်နိုင်ငံမှာ ကလေးတွေက အထက်တန်းအထိပဲပေါ့နော်။ အရာရာကို မိဘလက်အောက်မှာ ရှင်သန်တယ်။ တက္ကသိုလ်ရောက်ပြီဆိုရင်တော့ ပိုက်ဆံကအစ အချိန် အကုန်လုံး ကိုယ့်ရဲ့ဘဝ စီမံခန့်ခွဲရတယ်ပေါ့။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့ ကလေးတွေ များတယ်။ ဒီမှာကကျတော့ အလုပ်မလုပ်ခင်အထိ မိဘအရိပ်အောက်မှာနေတဲ့ ကလေးတွေ ပိုများတယ်လို့ ထင်ပါတယ်’’ လို့ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

Photo: Mary

သူမကိုယ်တိုင်ကလည်း မိဘစကား နားထောင်တဲ့ ကလေး ဖြစ်တယ်လို့ Mary က ပြောပါတယ်။ မိခင်ဖြစ်သူကလည်း သိတယ်လို့ ချစ်စရာကောင်းအောင် ပြောခဲ့ပါသေးတယ်။

‘’Mary က စကားနားထောင်တယ်၊ ဒါပေမယ့် ဆိုးတဲ့အရာတော့ မလုပ်ဘူးပေါ့နော်။ ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းနိုင်မယ့် အရာတွေဆိုရင်တော့ အမေ့ကို တိုင်ပင်တယ်။ ဆိုးတဲ့ကလေးထဲမှာတော့ မပါဘူး အမေလည်း သိပါတယ်’’ ဆိုပြီးတော့ Bawdar ဘီယာ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Yeminlay

အဲဒီနောက် Mary ဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေနဲ့ ဂျပန်နိုင်ငံမှာ ရှိတဲ့ လူငယ်တွေရဲ့ ဘဝဖြတ်သန်းမှု မတူညီတဲ့ အကြောင်း ပြောပြလာပါတယ်။

‘’ ဒီမှာနေတဲ့အခါမှာ Mary သူငယ်ချင်းတွေလည်းရှိပါတယ်။မိဘတွေကိုက သားသမီးတွေကို စိုးရိမ်တယ်။ ကိုယ့်ပိုက်ဆံကိုယ် မရှာနိုင်ခင်အထိ သားသမီးကို ချစ်တဲ့စိတ်နဲ့ အလိုလိုက်တာတို့၊ စိုးရိမ်စိတ်နဲ့ ထိန်းချုပ်ထားတာတို့တွေက ဘာပဲ ပြောပြော ကလေးတစ်ယောက်ကို ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်ဖို့ အခွင့်အရေးမပေးဘူးလို့ Mary ခံစားရတယ်။ ဟိုမှာကျတော့ ငယ်ငယ်လေးကတည်းက အိမ်က ထောက်ပံ့ရင်တောင်မှ အထက်တန်းဆို Part Time တွေလုပ်တယ်။ ဘာပဲပြောပြောငယ်ငယ်လေးကတည်းက ပိုက်ဆံရဲ့ တန်ဖိုးကို သိတာပေါ့။ Mary တို့အခု အလုပ်လုပ်တဲ့အခါမှာ ကိုယ်ရတဲ့ဝင်ငွေနဲ့ ပြန်ထွက်ငွေကို ချင့်ချိန်ပြီးတော့ လုပ်တတ်လာတယ်။ ပိုက်ဆံလည်း ဒီအသက်အရွယ်မှာ စုထားသင့်တယ်ဆိုတာကို သိတယ်။ Mary ကတော့ အဲဒီလိုမျိုးတွေရှိတယ်’’ လို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

Photo: Mary

ထူးခြားတဲ့ အသံပိုင်ရှင်လေး အဆိုတော် Mary ဟာ သူ့ရဲ့အသံက ငယ်ငယ်လေးကတည်းကလည်း ဒီအသံ အတိုင်းပါပဲတဲ့။ သူ့ရဲ့ ကိုယ်ပိုင် အသံ နဲ့ သီဆိုထားတဲ့ ဝဲ ၊ Mask ၊ 3 AM သီချင်းတွေကိုလည်း ပရိသတ်တွေက အားပေး လက်ခံကြလို့ သူ့ကိုယ်သူ ကံကောင်းသွားတာပါလို့ ဆိုပါတယ်။ Mary ရဲ့ သီချင်းအသစ်လေးတွေကလည်း မကြာခင် ပရိသတ်အရှေ့ရောက်လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က