ဆုပန်ထွာရဲ့ ခင်ပွန်းလည်း လျှောက်လွှာတင်ခဲ့ပါတယ်။

ဂဠုန်ဦးစော ကာရိုက်တာအတွက် ဇွန်လ(၆) ရက်နေ့မှာ စတင်လျှောက်လွှာ ခေါ်ယူခဲ့တာဖြစ်ပြီး ဇွန်လ (၃၀) ရက်နေ့ကိုတော့ လျှောက်လွှာ နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

Photo: အောင်ဆန်းရုပ်ရှင်



အောင်ဆန်းရုပ်ရှင် မှာနေရာလစ်လပ်သွားတဲ့ ဂဠုန်ဦးစော ဇာတ်ရုပ်အတွက် သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ကလည်း လျှောက်လွှာတင်ခဲ့တဲ့အကြောင်း လူမင်းက Duwun ကိုပြောပါတယ်။ 

" အဲဒီနေ့က Post တင်ပြီးတော့ Mention တွေ အများဆုံး အခေါ်ခံရတယ်ဆိုပြီးတော့ သူကလည်းပြောတယ်။ ဆုပန်ထွာကိုယ်တိုင်ကလည်း အစ်ကို့ကို ဖုန်းဆက်တယ်။ ရုပ်အခြေခံကလည်း တူတယ်၊ သူကိုယ်တိုင်ကလည်း တကယ်ဝါသနာပါတယ်၊ ဆန္ဒရှိတယ်ဆိုရင် လျှောက်လွှာတင်ဖို့ အစ်ကိုတို့က ကြိုဆိုတယ်လို့ပြောထားတယ်။ အခုလည်း လျှောက်လွှာ လာတင်ပြီးပါပြီ။ တခြားသူတွေကလည်း လျှောက်လွှာတင်ထားကြတယ်ဆိုတော့ တစ်ဦးတည်းအပေါ်မှာ Focus လုပ်လို့မကောင်းဘူး။ အခုချိန်မှာ ဒါရိုက်တာလုပ်တဲ့သူက တစ်ယောက်တည်းကိုပဲ Focus လုပ်နေမယ်ဆိုရင် လျှောက်လွှာတင်ထားတဲ့ သူတွေအတွက် မမျှတရာကျမယ်လေ။ ဒါကြောင့် တခြားလျှောက်လွှာတင်ထားကြသူတွေနဲ့အတူ တန်းတူရွေးချယ်သွားမှာပါ" ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 


Photo: အောင်ဆန်းရုပ်ရှင်

ယခင်က ဂဠုန်ဦးစော ကာရိုက်တာအတွက် ဂဠုန်ဦးစောရဲ့ မြစ်အရင်းဖြစ်သူ ၊ သရုပ်ဆောင် မင်းခရဲ့ ညီ ဇော်ဇော်ပိုင်ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ လူမင်းက ပြောပါတယ်။ လက်ရှိမှာတော့ မိဘတွေရဲ့ ဆန္ဒကြောင့် နှုတ်ထွက်သွားခဲ့ပြီလို့လည်း သိရပါတယ်။ 

" ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဂဠုန်ဦးစောနေရာမှာ ပထမတုန်းက သရုပ်ဆောင်မယ့်သူက ဂဠုန်ဦးစောရဲ့ မြစ်အရင်းဖြစ်တဲ့ ကိုဇော်ဇော်ပိုင်က သူ့ရဲ့ အုပ်ထိန်းသူဖခင်နဲ့အတူ ဒီနေရာမှာ သရုပ်ဆောင် ချင်တယ်ဆိုပြီး ကမ်းလှမ်းလာတာပါ။ သူကိုယ်တိုင်ကလည်း အဘိုး၊ အဘေး လက်ထက်က ကျေးဇူးကို သူ့လက်ထက်မှာ ကျေးဇူးပြန်ဆပ်ချင်တယ်လို့ပြောတာနဲ့ ပါဝင်ဖို့ ကမ်းလှမ်းလာတာပါ။ အရှေ့မှာလည်း အကြိမ်ကြိမ် ဆွေးနွေးပြီးပါပြီ။ ပြင်ဆင်မှုအပိုင်းတွေလည်း လုပ်ပြီးပါပြီ။ ဒါပေမယ့် တကယ်ရိုက်တော့မယ့်အချိန်မှာ မိဘအုပ်ထိန်းသူတွေရဲ့ သဘောဆန္ဒနဲ့ သရုပ်ဆောင်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာ အကြောင်းကြားလာလို့ အစ်ကိုတို့ကလည်း အားခြင်း သရုပ်ဆောင်အသစ်ကို ခေါ်ရတာပါ" လို့ သူက ဆိုပါတယ်။ 

Photo: အောင်ဆန်းရုပ်ရှင်

လူမင်းဟာ အောင်ဆန်းရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ တစ်ယောက်အနေနဲ့ စတင်ရိုက်ကူးနေပြီဖြစ်တာကြောင့် ဂဠုန်ဦးစော ဇာတ်ရုပ်အတွက် အခုချိန်မှာ သရုပ်ဆောင် အသစ်တွေ ခေါ်နေပြီလို့ ဆိုပါတယ်။ 

" အဓိက ကတော့ ရုပ်အခြေခံလေးတူရင် ပိုကောင်းတာပေါ့။ ဒါ့အပြင်သရုပ်ဆောင်မှုပေါ့၊ လုံးဝ သရုပ်မဆောင်နိုင်တာမျိုးကျတော့လည်း မဖြစ်ဘူး။ အစ်ကိုတို့ Casting Director က ပန်းချီစိုးမိုးပါ အဆင့်ဆင့်ရွေးချယ်မယ်။ ရုပ်အခြေခံကို အရင်ရွေးမယ်။ အသက်အရွယ်၊ အရပ်အမောင်း၊ သရုပ်ဆောင်နိုင်မှု ရှိမရှိစစ်ဆေးမယ်။ ပြီးတော့မှ နောက်ဆုံးအနေနဲ့ ရွေးချယ်မယ်ပေါ့" လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: အောင်ဆန်းရုပ်ရှင်

ဂဠုန်ဦးစော ကာရိုက်တာမှာ ပါဝင်သရုပ်ဆောင်ဖိုအတွက် ဇွန်လ(၆) ရက်နေ့မှာ အောင်ဆန်းရုပ်ရှင်Facebook Page ကနေ တဆင့် လျှောက်လွှာများကို စတင်ခေါ်ယူခဲ့တာဖြစ်ပြီး ဇွန်လ (၃၀) ရက်နေ့ကိုတော့ လျှောက်လွှာနောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတယ်လို့ လူမင်းက ပြောပါတယ်။ အောင်ဆန်းရုပ်ရှင်မှာတော့ အနုပညာလောကထဲက ဝါရင့်သရုပ်ဆောင်တွေ (၅၀)% လောက်နဲ့ အပြင်က မျက်နှာသစ်သရုပ်ဆောင်တွေကလည်း (၅၀)%ပါဝင်တယ်လို့ဆိုပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအနေနဲ့ကတော့ လူမင်း၊ ရန်အောင်၊ရဲအောင်၊ မင်းဦး၊ ခန့်စည်သူ၊ နိုင်းနိုင်းနဲ့ မိုးဟေကိုတို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။ အောင်ဆန်းရုပ်ရှင်မှာတော့ အနုပညာလောကထဲက ဝါရင့်သရုပ်ဆောင်တွေ (၅၀)% လောက်နဲ့ အပြင်က မျက်နှာသစ်သရုပ်ဆောင်တွေကလည်း (၅၀)%ပါဝင်တယ်လို့ဆိုပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအနေနဲ့ကတော့ လူမင်း၊ ရန်အောင်၊ရဲအောင်၊ မင်းဦး၊ ခန့်စည်သူ၊ နိုင်းနိုင်းနဲ့ မိုးဟေကိုတို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က