အောင်ဆန်းရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခွင့်ရမှာပါ။

ဂဠုန်ဦးစောကာရိုက်တာမှာ ပါဝင်ဖို့ ရွေးချယ်ခံထားရတဲ့ ကိုဥက္ကာကျော်အတွက် ဇနီးဖြစ်သူ ဆုပန်ထွာကလည်း ဝမ်းသာ ပီတိဖြစ်လို့နေပါတယ်။

Photo: အောင်ဆန်း ရုပ်ရှင်

အောင်ဆန်း ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မယ့် ဂဠုန်ဦးစော ဇာတ်ရုပ်အတွက် သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ကို ပထမအဆင့်အနေနဲ့ ရွေးချယ်လိုက်ပြီလို့ သိရပါတယ်။

" ဂဠုန်ဦးစောအဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ခြင်း " အောင်ဆန်း" ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ် ပါဝင်သရုပ်ဆောင်ရန် ၂၀၂၀ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ကြေငြာခေါ်ယူခဲ့ရာ Message Box မှသော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း လာရောက်လျှောက်ထားသောေ လျှာက်လွှာပေါင်း (၂၉) စောင်ကို လက်ခံရရှိခဲ့ပါသည်။ ထိုလျှောက်ထားသူများထဲမှ အသက်အရွယ်၊ အရပ်အမောင်း၊ ရုပ်ရည်ဆင်တူမှု စသည်တို့အပေါ်မူတည်၍ Casting Director ဒါရိုက်တာ ပန်းချီစိုးမိုးနှင့် ဒါရိုက်တာ လူမင်းတို့မှ စိစစ်ရွေးချယ်ခဲ့ရာ ကိုဥက္ကာကျော် တစ်ဦးတည်းကိုသာ ရွေးချယ်နိုင်ခဲ့ပါသည်" ဆိုပြီးတော့ အောင်ဆန်း ရုပ်ရှင် ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိုင် (၃) ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Su Pan Htwar

ဥက္ကာကျော်ကို ဂဠုန်ဦးစော ကာရိုက်တာ အတွက် ဒုတိယအဆင့် အနေနဲ့ သရုပ်ဆောင် အရည်အချင်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားဦးမယ်လို့ သိရပါတယ်။

 " ကိုဥက္ကာကျော် အား ပထမဆင့်အနေဖြင့် ဂုဏ်ယူစွာ ရွေးချယ်လိုက်ပါသည်။ ဒုတိယအဆင့်အနေဖြင့် လူတွေ့စစ်ဆေးခြင်း၊ သရုပ်ဆောင်မှုစစ်ဆေးခြင်း၊ Character Make-up Test ပြုလုပ်ခြင်းများကို မကြာမီရက်ပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားစွာ လျှောက်ထားလာသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ " အောင်ဆန်း" ရုပ်ရှင် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့" ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Su Pan Htwar

ဂဠုန်ဦးစောကာရိုက်တာမှာ ပါဝင်ဖို့ ရွေးချယ်ခံထားရတဲ့ ကိုဥက္ကာကျော်အတွက် ဇနီးဖြစ်သူ ဆုပန်ထွာကလည်း ဝမ်းသာ ပီတိဖြစ်လို့နေပါတယ်။ 

“ သူ့ကို ရွေးလိုက်တယ်ဆိုတာ မပန်လည်း အခုမှ သိတာ ကိုယ်ကြည့်လိုက်မိတော့မှ ဟယ်.. တော်တော် တူတာဟ ဆိုပြီးတော့ အံ့သြသွားတယ်။ သူ့ကို ဒီဂဠုန်ဦးစော ကာရိုက်တာလေး တစ်ခုတည်း မပန်က ရိုက်ခွင့်ပေးထားပါတယ်။ ဒါလေးကို ရိုက်စေချင်ခဲ့တယ်။ ဒီဇာတ်ကားဟာ မြန်မာသမိုင်းမှာ တကယ် အရေးပါတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ သူ့ကို တစ်နေရာကနေ ပါဝင်အားဖြည့်ပေးစေချင်တယ်" လို့ Duwun ကို ဖြေဆိုခဲ့ပါတယ်။ 

Photo: Su Pan Htwar

ဂဠုန်ဦးစော ကာရိုက်တာမှာ ပါဝင်သရုပ်ဆောင်ဖိုအတွက် ဇွန်လ(၆) ရက်နေ့ကနေ ဇွန်လ (၃၀) ရက်နေ့ အောင်ဆန်းရုပ်ရှင်Facebook Page ကနေ တဆင့် လျှောက်လွှာများကို စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အောင်ဆန်းရုပ်ရှင်မှာတော့ အနုပညာလောကထဲက ဝါရင့်သရုပ်ဆောင်တွေ (၅၀)% လောက်နဲ့ အပြင်က မျက်နှာသစ်သရုပ်ဆောင်တွေကလည်း (၅၀)%ပါဝင်တယ်လို့ လူမင်းက Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

ဝါရင့်သရုပ်ဆောင်တွေအနေနဲ့ကတော့ လူမင်း၊ ရန်အောင်၊ရဲအောင်၊ မင်းဦး၊ ခန့်စည်သူ၊ နိုင်းနိုင်းနဲ့ မိုးဟေကိုတို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။ အောင်ဆန်းရုပ်ရှင်မှာတော့ အနုပညာလောကထဲက ဝါရင့်သရုပ်ဆောင်တွေ (၅၀)% လောက်နဲ့ အပြင်က မျက်နှာသစ်သရုပ်ဆောင်တွေကလည်း (၅၀)%ပါဝင်တယ်လို့ဆိုပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအနေနဲ့ကတော့ လူမင်း၊ ရန်အောင်၊ရဲအောင်၊ မင်းဦး၊ ခန့်စည်သူ၊ နိုင်းနိုင်းနဲ့ မိုးဟေကိုတို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။



Share

Loading Next Article...
က္က