သူမကိုယ်တိုင်ကလည်း အရည်အချင်းရှိအောင်ကြိုးစားပါမယ်တဲ့။

ဆိုဖီယာက ဂယက်ထမှ ရလာမယ့် အောင်မြင်မှုထက် ကိုယ်တိုင် ကြိုးစားမှုနဲ့ရလာတဲ့ အောင်မြင်မှုကို အလေးအနက်ထားသူတစ်ယောက်ပါတဲ့။ သူ ဝါသနာပါတဲ့ ဂီတအလုပ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

Photo: ဆိုဖီယာ



ပရိသတ်အားပေးမှုတွေနဲ့ အောင်မြင်တဲ့လူငယ်အဆိုတော်တစ်ဦးဖြစ်လာတဲ့ ဆိုဖီယာဟာ အနုပညာနဲ့ပတ်သက်ပြီး ရည်မှန်းချက်ကြီးသူ တစ်ယောက်ပါ။ ဂီတအလုပ်ကို ဝါသနာကြီးသူဖြစ်တာကြောင့် သီချင်းတွေကို အသစ်အသစ်တွေ ဖန်တီးသွားဦးမယ်လို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ ညီမရပ်တည်မှုက ညီမလိုချင်တဲ့နေရာကိုမရောက်သေးပါဘူး။ ကိုယ့်ရဲ့ ဂိုးလ်တစ်ခုက ဒီနေရာ မဟုတ်သေးဘူး။ ဒါပေမယ့် အခုတော့ ဆိုဖီ ကြိုးစားနေတယ်၊ သီချင်းတွေလုပ်နေတယ်။ ဒီ သီချင်းတစ်ခုတည်းကိုပဲ Target ထားပြီး လုပ်သွားမှာပါ’’ လို့ သူကဆိုပါတယ်။

Photo: ဆိုဖီယာ

သူမက အောင်မြင်ဖို့ ကြိုးစားနေသူဆိုပေမယ့် အလွယ်နည်းလမ်းနဲ့ ရလာမယ့် အောင်မြင်မှုကိုတော့ မနှစ်သက်ပါဘူးတဲ့။ သူကိုယ်တိုင်ကလည်း ရယ်စရာတစ်ခုလို သတ်မှတ်ထားကြောင်း ဆိုပါတယ်။

‘’ ဒါကတော့ နည်းလမ်းတစ်ခုလို့ပြောရမလားမသိဘူး။ အနုပညာလှုပ်ရှားမှုမှာ အောင်မြင်ချင်တယ်ဆိုရင် အနည်းနဲ့ အများကတော့ နည်းလမ်းသုံးရမယ်။ မော်ဒယ်လ်မှာပဲဖြစ်ဖြစ်၊ အဆိုမှာပဲ ဖြစ်ဖြစ်၊ နည်းနည်းတော့ ဂယက်ထမှ အောင်မြင်တာလားမသိဘူး။ ဒါပေမယ့်လည်း လုပ်ယူပြီးလို့ရလာတဲ့ ဂယက်က ဟာသကြီးလိုဖြစ်နေတာပေါ့နော်။ မသိတဲ့သူတွေကတော့ မိုက်တယ်ပေါ့နော်။ သိတဲ့သူတွေကတော့ ရယ်စရာကြီးဖြစ်နေတာပေါ့’’လို့ မတ်လ ၂၁ ရက်နေ့က ဟိန်းနဒီ ရတနာဆိုင်ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: ဆိုဖီယာ

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အောင်မြင်ရင်း အနုပညာရှင်တစ်ယောက်ဖြစ်လာမယ့် အနေအထားကိုလည်း သဘောမကျတဲ့အကြောင်း ဆိုဖီယာက ပြောပါတယ်။

‘’ အဲဒါကတော့ Celebrity တစ်ယောက်ပဲဖြစ်မှာပါ။ Artist တစ်ယောက်တော့ မဖြစ်ဘူးပေါ့။ ညီမကတော့ အဲဒီလို လူမျိုးတွေအတွက် အားကျစရာအကြောင်းလည်းမရှိဘူး။ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျသွားတယ်လို့လည်းမထင်ဘူး။ မခံစားရဘူး။ ကိုယ့်မှာအရည်အချင်းရှိတယ်၊ ပြည့်စုံတယ်ဆိုရင် အဲဒီလို လူမျိုးတွေက နောက်ကျရင် ပျောက်ကွယ်သွားမှာပဲ။ သူတို့တွေနဲ့လည်း ထိပ်ရောက်အောင် ပြိုင်စရာမလိုဘူးလို့ထင်တယ်။ ကိုယ့်အလုပ်ကိုယ် မှန်မှန်ကန်ကန်နဲ့ သေသေချာချာလုပ်နိုင်ဖို့ပဲ အရေးကြီးတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: ဆိုဖီယာ

ဆိုဖီယာက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက် Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့ အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာ အောင်မြင်နေရုံသာ မက သရုပ်ဆောင်နဲ့ ပတ်သက်ပြီးတော့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က