တစ်နေ့ကို (၂) နာရီလောက် လေ့ကျင့်ခန်းလုပ်စေချင်တယ်။
Sabal Thwin

တိုင်ရွန်ကတော့ Gym ကစားပြီးနောက် ကျန်းမာရေးအတွက် ကောင်းကျိုးတွေရလာတဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ 

Photo: Tyron

တိုင်ရွန်ကတော့ အားကစားနဲ့ ပတ်သက်လာရင် စိတ်ဝင်တစား လုပ်ဆောင်တတ်သူ တစ်ယောက် ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့အတွက် သူကိုယ်တိုင် ပြောင်းလဲ လာတဲ့အရာတွေ ရှိတယ်ဆိုတာကို Duwun ကနေတဆင့် ပြောပြလာပါတယ်။  

" Gym ဆော့တာ ကြာလာတာနဲ့ အမျှ ကျွန်တော်ဆို အရက်လုံးဝ မသောက်တော့ဘူး။ ဘီယာတော့ တစ်ခါတလေ သောက်တယ်။ Night Out ထွက်တာတွေ လျှော့ပစ်လိုက်တယ်။ သူငယ်ချင်းတွေ မွေးနေ့ရှိတယ်ဆိုမှသာ ထွက်တာများတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ ဂရုစိုက်တတ်လာတယ်။ ကျန်းမာတဲ့အတွက်ကြောင့် အမောလည်း ခံနိုင်တယ်။ ဘယ်ပဲ သွားသွား တတ်တတ်ကြွကြွတော့ ပိုရှိတာပေါ့နော်” ဆိုပြီးတော့ Shwe Series မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။  

Photo: Tyron

တိုင်ရွန် အနေနဲ့ သူချစ်ရတဲ့ ပရိသတ်တွေကိုလည်း ကျန်းမာတဲ့ ခန္ဓာကိုယ် ကိုပိုင်ဆိုင်စေချင်တယ်လို့ ဆိုပါတယ်။ အိမ်မှာနေရင်း လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် ကောင်းတဲ့ အကျိုးတွေ ရလာနိုင်တယ်လို့ သူက ပြောပါတယ်။ 

“ အဓိက ကတော့ အသက်ကြီးတဲ့အထိ ခန္ဓာကိုယ် ကျန်းကျန်းမာမာနဲ့ ကိုယ်သွားချင်တဲ့နေရာတွေ သွားနိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေလုပ်ဖို့ လိုအပ်တယ်။ ပိုက်ဆံရှိမှ Gym ဆော့ရမှာ မဟုတ်ဘူး။ အိမ်မှာနေရင်းလည်း Workout တွေ လုပ်လို့ရတယ်။ တစ်နေ့ကို ၂ နာရီလောက် အချိန်ပေးစေချင်တယ်။ ဒီ နှစ်နာရီမှာ ကိုယ်ပင်ပန်းသမျှ အရာတွေက လေ့ကျင့်ခန်းလုပ်တဲ့အထဲမှာ စိတ်နှစ်ထားလိုက်တော့ အရမ်းနေလို့ကောင်းသွားတယ်။ အရက်သောက်တာ၊ ဆေးလိပ်သောက်တာတွေ အကုန်လုံးကို ကိုယ်က ထိန်းသိမ်းပြီးသား ဖြစ်သွားမယ်လို့ ကျွန်တော် အာမခံပါတယ်။ Gym ဆော့ကြည့်ပါ” လို့လည်း ဆက်လက် ပြောပြလာပါသေးတယ်။ 

Photo: Tyron

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က