" နင် နေကောင်းရဲ့လား .. ငါနေကောင်းပါတယ်" ဆိုတဲ့ ဟာသဗီဒီယိုလေးရိုက်ဖြစ်တယ်။

ဂျိုကာ ဟာ ကူးစက်ရောဂါကြောင့် စိတ်ညစ်နေတဲ့ ပရိသတ်တွေကို “နင် နေကောင်းရဲ့လား” ဟာသဗီဒီယိုဖိုင်လေးနဲ့ ပျော်အောင်ဖန်တီးပေးနိုင်ခဲ့ပြီလို့ဆိုပါတယ်။ 

Photo: Wai Yan Tun Min



“နင် နေကောင်းရဲ့လား” ဟာသဗီဒီယိုလေးနဲ့ ပရိသတ်ကြားမှာရေပန်းစားနေသူကတော့ ဂျိုကာ ဖြစ်ပါတယ်။ သူ့ကို ပရိသတ်တွေ စသိတာကလည်း ဟာသဗီဒီယိုဖိုင်လေးတွေကြောင့်ပါ။ အခုလို ပရိသတ်အားပေးမှုတွေ မရတာ ကြာနေပြီလို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ Video ပေါက်သွားတဲ့နေ့တုန်းကဆိုရင် မျက်နှာကြီးကို ပြုံးနေတာ အိန္ဒြေတောင် မဆည်နိုင်ဘူး ဖုန်းပွတ်ရင်း သဘောတွေကျနေတာ။ ကျွန်တော်ကိုယ်တိုင်လည်း အခုလို မပြုံးရတာ ကြာပြီ။ ဟာသဗီဒီယိုလေးတွေ မရိုက်ဖြစ်တော့တာကလည်း ရုပ်ရှင်ရိုက်နေရတာများတော့ ဇာတ်ကားထဲက ပုံတွေလည်း တင်လို့မရဘူးလေ။ ဒါကြောင့် အခါအခွင့်သင့်ရင်တော့ ဟာသဗီဒီယိုလေးတွေ တင်ဖြစ်ဦးမှာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Wai Yan Tun Min

“နင်နေကောင်းရဲ့လား …. ငါနေကောင်းပါတယ်..” ဆိုတဲ့ စာသားလေးဟာ ပရိသတ်တွေကြားမှာ ပြောစမှတ်တွင်နေပြီဖြစ်ပါတယ်။ ဂျိုကာဟာ အစ်ကိုဖြစ်သူ အဆိုတော်ရဲလေးနဲ့ ပူးပေါင်းပြီး ဟာသဗီဒီယိုလေးတွေ မကြာခဏ ရိုက်ကူးတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ အိုင်ဒီယာကောင်းကောင်းလေးနဲ့ ရိုက်လေ့ရှိတဲ့ ဟာသဗီဒီယိုလေးတွေက ပရိသတ်ကြားမှာ အမြဲတမ်း အောင်မြင်မှုတွေရရှိနေတာကိုလည်း တွေ့

Photo: Wai Yan Tun Min

ဂျိုကာဟာ ကူးစက်ရောဂါကြောင့် ပရိသတ်တွေ စိတ်ညစ်နေချိန်မှာ သူ့ရဲ့ ဟာသဗီဒီယိုလေးကြောင့် ရယ်မောစေခဲ့ရတာကို ဝမ်းသာမိတယ်လို့ ဆိုပါတယ်။ 

“ ဒီ ဗီဒီယိုလေးကို ပရိသတ်အားပေးလို့လည်း အခုချိန်ထိ တော်တော်လေး နေလို့ကောင်းပါပြီ။ အခုရက်ပိုင်းမှာ ကျွန်တော် Low Profile ဖြစ်နေတာ များပြီးတော့ ဒါလေးကို စိတ်ကူးပေါက်ပြီးတင်လိုက်တာ အခုလို ကူးစက်ရောဂါကြောင့် ပရိသတ်တွေ စိတ်ညစ်နေတဲ့အချိန်မှာ ကျွန်တော့် ဗီဒီယိုလေးကြောင့် ပရိသတ်တွေ ပျော်သွားတာ အရမ်းပျော်တယ်” လို့ ဆိုပါတယ်။ 

Photo: Wai Yan Tun Min

ဂျိုကာ ကတော့ အဆိုတော်တစ်ယောက်လည်းဖြစ်သလို၊ လူမှုကွန်ယက်ပေါ်က ပရိသတ်တွေပျော်ရွှင်စေဖို့လည်း ဟာသဗီဒီယိုလေး တွေ တင်ဆက်ပေးလေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကိုလည်း တစိုက်မတ်မတ်လုပ်ဆောင်လာပြီဖြစ်တာကြောင့် ဟာသဗီဒီယိုလေးတွေ တင်တာ သိပ်မတွေ့ရတော့ပါဘူး။ သူဟာ အစ်ကိုဖြစ်သူ အဆိုတော်ရဲလေးနဲ့ YLJK Entertainment ကို ဦးဆောင်နေတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က