အရင်ကရိုက်ခဲ့တဲ့ ကားတွေနဲ့ မတူတော့ဘူးတဲ့။

နေခြည်ဦးက နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားမှာ ပါဝင်သရုပ်ဆောင်ဦးမယ်လို့ သိရပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကား ကြီးက ဟာသကား ဖြစ်ပြီး သူမအရမ်းကို လေးစားအားကျရတဲ့ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်လို့ ရင်တွေခုန်နေပါတယ်တဲ့။



 

Beauty Blogger တစ်ဦးဖြစ်သလို ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေတောင် ရိုက်ကူးနေရပြီဖြစ်တဲ့ နေခြည်ဦးဟာ မကြာခင်မှာ ဝါရင့်သရုပ် ဆောင်ကြီးတွေနဲ့အတူ ဟာသဇာတ်ကားတစ်ကားကို ရိုက်ကူးခွင့်ရတော့မှာ ဖြစ်ပါတယ်။သူမဘဝမှာ ပထမဆုံး ရိုက်ကူးရမယ့် ဟာသရုပ် ရှင်ဇာတ်ကားအတွက်  ရင်ခုန်နေတယ်လို့ ဆိုပါတယ်။ သူမရင်ခုန်နဲ့ ဇာတ်ကားကြီး အကြောင်းကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

 

"နေခြည့်အတွက် ဒီဇာတ်ကားဟာ ပထမဆုံး ဟာသဇာတ်ကားပေ့ါ။ အရင်ရိုက်ခဲ့တဲ့ ကားတွေကျတော့ အချစ် ဒရမ်မာတွေပေ့ါ။ နေခြည်က လည်း အပြင်ကာရိုက်တာလေးနဲ့ တူတဲ့ ကားလေးလည်း ရိုက်ချင်တယ်လို့ မခိုင် လေးကို ပြောတဲ့အချိန်မှာ မခိုင်လေးက ဒီအချစ်ဟာသကား လေးကို ရိုက်ဖို့ ပြောတာပါ။ နေခြည် အရမ်းချစ်ရတဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်မှာ ဖြစ်တဲ့အတွက် အရမ်းလည်း ရင်ခုန်နေပါ တယ်။ " ဆိုပြီး သူမက  သြဂုတ်လ(၂၂) ရက်နေ့ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်ရွေးချယ်ပွဲမှာ မီဒီယာတွေကိုု ဖြေဆိုပေးခဲ့ပါတယ်။

 

သူမဟာ သူမအရမ်းကို လေးစားအားကျရတဲ့ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်တို့နဲ့ အတူ သရုပ်ဆောင်ခွင့်ရရှိတာဖြစ်ပါတယ်။ သူမပါဝင်ရိုက်ကူးမယ့် အချစ်ဟာသ ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလမှာ ရိုက်ကူးမှာ ဖြစ်ပြီး ရိုက်ကွင်းနေရာကို ငပလီမှာ တည်ထား တယ်လို့ သိရပါတယ်။

ယင်းရုပ်ရှင်ဇာတ်ကားအတွက် သရုပ်ဆောင်သစ် ရွေးချယ်ခြင်းမှာလည်း သူမကိုယ်တိုင် ပါဝင်ခဲ့တာ တွေ့ရပါတယ်။ သရုပ်ဆောင်သစ် ရွေးချယ်ပွဲမှာ သူမအနေနဲ့ ဒိုင်ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ခြင်းတွေလည်း ခံခဲ့ရပါသေးတယ်။

ဝေဖန်ခံနေရတဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဖြေရှင်းလိုက်တဲ့ နေခြည်ဦး 

"ကိုယ်အရမ်းကြိုက်ရတဲ့ ဝါရင့်သရုပ်ဆောင်တွေအတွက် ဘေးနားကနေ ပါဝင်ကူညီပေးတဲ့သဘောလို့ပဲ နေခြည်သတ်မှတ်ထားပါတယ်။ နေခြည်ကျတော့ သရုပ်ဆောင်ဘက်အပိုင်းမှာ ဘာမှအတွေ့အကြုံမရှိပါဘူး။ နေခြည်ရိုက်ခဲ့တဲ့ ကားတွေကလည်း ပြည်သူတွေကို မချပြနိုင် သေးပါဘူး။ မခိုင်လေးကလည်း အတင်းအကူအညီတောင်းတယ်။ဘာပဲပြောပြောကိုယ်က ဒီကားမှာ ပါဝင်တဲ့ သူတစ်ယောက်အနေနဲ့ ဝင်ပြီး ထိုင်ပေးပါ။ နေခြည်ဘက်က ကြည့်ရတဲ့ အပိုင်းတွေက ရုပ်ရည်ပိုင်း၊ Public Relation  ပိုင်း ၊ လေးတွေကိုပဲ နေခြည်ကြည့်ပေးတာပါ။ သူတို့ရဲ့ သရုပ်ဆောင်မှုအပိုင်းတွေကျတော့ နေခြည်လည်း မတတ်ကျွမ်းတဲ့အတွက် အဲ့ဘက်ကို ဝေဖန်ဖို့အတွက် နေခြည်လာတာမဟုတ်ပါဘူး။ အခြားပိုင်းတွေကိုပါ လေ့လာပေးချင်လို့ ပံ့ပိုးကူညီတဲ့အပိုင်းပါ" လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က