သူ့ရဲ့ ဝါသနာအပေါ် ရည်မှန်းချက်ကို ပြောပြလာပါတယ်။

လူရွှင်တော် ချက်ကြီးကတော့ ဟာသပညာနဲ့ ပရိသတ်ကို ဖျော်ဖြေရတဲ့ ခံစားချက်ကို အခုလို ဖွင့်ပြောလာပါတယ်။ 

ဖခင်ဖြစ်သူ ဆိုင်းစရာ မိခင်ဖြစ်သူ အငြိမ့်မင်းသမီးကနေ မွေးဖွားလာတဲ့ လူရွှင်တော် ချက်ကြီးက ငယ်စဉ်ကတည်းက ဇာတ်သဘင်လောကမှာ ကျင်လည်နေခဲ့ရသူပါ။ မိခင်နဲ့ ဖခင်တို့ရဲ့ အနုပညာသွေးတွေ အပြည့်အဝ ပါခဲ့တဲ့ လူရွှင်တော် ချက်ကြီးကလည်း အနုပညာအပေါ် ရူးသွပ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူဟာ လူရွှင်တော် တစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပြီး ဒီအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုချင်တယ်လို့ Duwun ကို ပြောပြလာပါတယ်။



“ အစ်ကို့ကို မွေးတာ ဇာတ်ထဲမှာ မွေးတာ။ အဖေက ဆိုင်းဆရာ၊ အမေက မင်းသမီး နှစ်ယောက် ညားပြီးတော့ ဇာတ်ထဲမှာပဲ မွေးခဲ့တာ။ အစ်ကို့နာမည် ချက်ကြီးဆိုတာကလည်း ချက်ကြိုးမဖြတ်ပဲနဲ့ တန်းလန်းကြီးဖြစ်ပြီး ဇာတ်ထဲပါလာလို့ ဒီနာမည်ဖြစ်သွားတာ။ အစ်ကိုက ဒီပညာနဲ့ပဲ အသက်မွေးဝမ်း ကျောင်းပြုလာတယ်။ ဒီပညာနဲ့ပဲ ထမင်းစားလာတယ်။ ဒါပေမယ့် မချမ်းသာပါဘူး။ ခုံမင်တာ။ ဒါကို ဝဋ်ကြွေးလို့ပဲ မှတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ရှေးဘဝတုန်းက အစ်ကိုက သူများတွေကို ငိုအောင်လုပ်ခဲ့တာကိုး။ ဒီတော့ အစ်ကိုက ပရိသတ်တွေကို ရယ်အောင်လုပ်ရမယ်။ ဒီပညာသည် ချမ်းသာသာ၊ မချမ်းသာသာ ဒါကိုပဲ ခုံမင်တယ်၊ ဒါကိုပဲ မြတ်နိုးတယ်၊ ဒီပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုရင်းနဲ့ အစ်ကိုက သေသွားမှာ” လို့ သူက ဆိုပါတယ်။ 

ချက်ကြီးဟာ ကိုယ်ရေးကိုယ်တာ စိတ်ညစ်စရာတွေရှိနေလည်း ပရိသတ်တွေ ပျော်ရွှင်စေဖို့ အကောင်းဆုံး ကြိုးစားခဲ့ရတဲ့ အချိန်တွေ ရှိတယ်လို့ ဆိုပါတယ်။ 

“ လူရွှင်တော်တွေမှာလည်း စိတ်ဆင်းရဲစရာတွေရှိတော့ ရှိတယ်။ တကယ် စိတ်ညစ်စရာရှိလာတစ်မိနစ်လောက်ဆို ပျောက်သွားပြီ။ အစ်ကိုက စင်ပေါ်တက်ပြီး ပရိသတ်ကို ဖျော်ဖြေတော့မယ့် အချိန်မှာ တစ်ဖက်မှာ စိတ်ညစ်စရာ ရှိမယ်။ ဒီ စိတ်ညစ်စရာကို စင်ပေါ် ယူလာလို့လည်း မရဘူးလေ။ အဲဒီတော့ ချက်ချင်း မေ့ပြီး စင်ပေါ်တက်ရတယ်။ စင်အောက်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ စင်ပေါ်ရောက်ရင် သတိကိုမရတာ။ ဒီတော့ လူရွှင်တော် စိတ်ညစ်ရင် တစ်မိနစ်ပါပဲ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

ချက်ကြီးကိုတော့ လူရွှင်တော် ပြိုင်ပွဲတွေ၊ ဟာသအစီအစဉ်တွေကနေတဆင့် ပရိသတ်တွေ သိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေမှာလည်း ဟာသသရုပ်ဆောင် အဖြစ် ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူဟာ လူရွှင်တော် အသင်းမှာ အလုပ်အမှုဆောင် တာဝန်ကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က