အားလုံးစိတ်မကောင်းဖြစ်နေကြပါတယ်။

ပရိသတ်အချစ်တော် ဟာသသရုပ်ဆောင် ဦးကင်းကောင်ဟာ ဒီနေ့(ဇန်နဝါရီ ၂၂ရက်)မနက်(၆)နာရီမှာ ရုတ်တရက် ကွယ်လွန်သွားတာဖြစ်ပါတယ်။

ပရိသတ်အချစ်တော် ဟာသသရုပ်ဆောင် ဦးကင်းကောင်ဟာ ဒီနေ့(ဇန်နဝါရီ ၂၂ရက်)မနက်(၆)နာရီမှာ ရုတ်တရက် ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ ဦးကင်းကောင်ရဲ့ သတင်းကြောင့် အနုပညာအသိုင်းအဝိုင်းက အားလုံး စိတ်မကောင်းဖြစ်နေကြသလို ပရိသတ်အားလုံးကလည်း ဝမ်းနည်းနေကြပါတယ်။

ဦးကင်းကောင်ဆုံးသွားတဲ့ သတင်းနဲ့ပတ်သက်ပြီး နီးစပ်ရာ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေများကို မေးကြည့်တဲ့အခါ ဦးငှက်ပျော်ကြော်ရဲ့ ဇနီးက ယခုလို ပြောပြခဲ့ပါတယ်။

“ဦးကင်းဆုံးသွားပြီဆိုတဲ့ သတင်းက အမှန်ပါ။ ပုပ္ပါးမှာဆုံးတာ။ မနက်(၆) နာရီလောက်က။ MRTV-4 ဇာတ်လမ်းတွဲ ရိုက်ကူးနေတာ။ ဟိုမှာလည်း အရမ်းအေးတယ်လို့ ပြောတယ်။ ချွဲကြပ်ပြီးတော့ ဖြစ်သွားတာ။ ဦးကင်းရဲ့ ဇနီးနဲ့သားလည်း ပုပ္ပါးကို ပါသွားကြတော့ သူတို့အခု Body ပြန်သယ်ဖို့ လုပ်နေတယ်” လို့ ဦးငှက်ပျော်ကြော်ရဲ့ ဇနီး မနေဇာဘုန်းမြင့်က Duwun Media ကို ပြောပြခဲ့ပါတယ်။

လက်ရှိမှာ ဦးကင်းကောင်ရဲ့ သတင်းကြောင့် အားလုံးက ဝမ်းနည်းနေကြပါတယ်။ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေရရှိထားတဲ့ ဦးကင်းကောင်ဟာ ပရိသတ်ချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူပါ။

Share

Loading Next Article...
က္က