ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်တယ်။

J Naw ကတော့ သူမကိုယ် သူမ အသက် တစ်နှစ်ကြီးလာတိုင်း ပိုလှလာတယ်လို့ ခံစားရပါတယ်တဲ့။ ဒါပေမယ့် အချစ်ရေးမှာ ကံကောင်းမလား၊ ကံဆိုးမလားဆိုတာတော့ ကံတရားအတိုင်းပဲလို့ ဆိုပါတယ်။ 

Photo: Li John



နာမည်ကျော် မော်ဒယ် တစ်ယောက်ဖြစ်တဲ့ J Naw ကတော့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အသက် တစ်နှစ်ကြီးသွားပြန်ပါပြီတဲ့။ ဒါပေမယ့် အသက်တစ်နှစ်ကြီးလာတိုင်း စိတ်ချမ်းသာရတယ်လို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ဘယ်သူမဆို အသက် ၁နှစ်ကြီးလာတိုင်းကြောက်မှာပဲပေါ့နော်။ မနှစ်တုန်းကထက် ဒီနှစ်ပုံတွေ ပြန်ကြည့်လိုက်ရင် ခံစားချက်မတူဘူး။ ဒါပေမယ့် နော ကတော့ အသက် တစ်နှစ်ကြီးလာလေ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ ကြည့်လို့ကောင်းလာလေ လို့ခံစားရတယ်။ ငယ်ငယ်တုန်းကတော့ သိပ်ပြီးတော့ မပြင်တတ်၊ မဆင်တတ်၊ မဝတ်စားတတ်တော့ အရမ်းမလှဘူးလို့ခံစားရတယ်။ အခုလက်ရှိအခြေအနေကို အကျေနပ်ဆုံးပဲ’’လို့ သူက ပြောပါတယ်။

Photo: J Naw

J Naw ဟာ အသက် တစ်နှစ်ကြီးလာတိုင်း အချစ်ရေးနဲ့ ပတ်သက်ပြီး လေးလေးနက်နက် စဉ်းစားတတ်လာတယ်လို့ နိုဝင်ဘာလ ၁၇ ရက်နေ့ညက သူမရဲ့ မွေးနေ့အကြို Party ပွဲမှာ ဖြေဆိုခဲ့တာပါ။

“ ရှေ့ဆက်ပြီး လှဖို့ပဲရှိတယ်။ အခုချိန်မှာ ရည်းစားစကားပြောမယ်ဆို ရအောင်ပြောထား နောက်ဆို ပိုလှလာပြီဆိုရင် ချေပြီးတော့ လက်မခံတော့ဘူးပေါ့။ နော လိုချင်တဲ့ယောကျ်ားမျိုးကလည်း ချစ်ပေးရမယ်၊ သစ္စာရှိပေးရမယ်။ အခုခေတ်မှာ သစ္စာရှိတဲ့သူဆိုတာ ရှားသွားပြီ။ ပိုက်ဆံမရှိတာ၊ ရှိတာအရေးမကြီးဘူး။ ကိုယ့်အပေါ်မှာ ချစ်ပေးရမယ်၊ သစ္စာရှိပေးမယ်ဆိုရင် ကျေနပ်ပြီ’’ လို့ ဆိုပါတယ်။

Photo: J Naw

J Naw ဟာ အခုချိန်မှာ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သေချာရေရာမယ့် အနေအထားမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

“ ဖူးစာရေးနတ်က အိမ်ထောင်ပြုခွင့်ပေးမလား၊ အပျိုကြီးအနေနဲ့ တစ်သက်လုံးနေသွားရမလား မပြောတတ်သေးဘူး။ ကိုယ့်ဆန္ဒအတိုင်းသာဆိုရင်တော့ အပျိုကြီးဖြစ်ဖို့များတယ်။ ကိုယ်က ချေးများတယ်လေ တွဲရင် တွဲတယ်၊ ပြီးရင် ပြတ်မှာပဲ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

Photo: J Naw

J Naw ဟာ လက်ရှိ မော်ဒယ်လောကမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ ကြော်ငြာတွေလည်း ရိုက်ကူးနေ ရသလို ဖက်ရှင်ရှိုးပွဲတော်တော်များများမှာလည်း J Naw ဟာ မရှိမဖြစ် ပါဝင်ခွင့်ရသူတစ်ဦးပါ။ သူမဟာ ပရဟိတအလုပ်တွေမှာလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တတ်သူ တစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က