''တစ်ဦးတည်းသော ဣတ္ထိယ'' လို့ အမည်ပေးထားပါတယ်။

ဟိန်းဝေယံ၊ ရွှေထူးနဲ့ ဝတ်မှုံရွှေရည်တို့ အတူတွဲသရုပ်ဆောင်သွားမယ့် ‘’တစ်ဦးတည်းသော ဣတ္ထိယ’’ရုပ်ရှင်ကားကြီးကို မကြာခင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ လူငယ်တွေအကြိုက် အချစ်ဇာတ်ကားလေးတစ်ကား ဖြစ်လာဦးမယ်လို့လည်း သိရပါတယ်။

Photo: Wai Min Maung



သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ အောက်တိုဘာလ အတွင်းမှာ ''တစ်ဦးတည်းသော ဣတ္ထိယ''ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ ဟိန်းဝေယံ၊ ရွှေထူးတို့နဲ့ အတူရိုက်ကူးရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို လက်ခံဖြစ်လဲ့ပုံကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ဇာတ်ကားထဲမှာ ကာရိုက်တာက မင်းသမီးပေါ့။ ဘာကြောင့်လက်ခံဖြစ်တာလဲဆိုတော့ အခုနောက်ပိုင်း ကစ်က ဇာတ်လမ်း ဆန်းတဲ့ဘက်လေးတွေ၊ ပြီးတော့ မက်ဆေ့ချ်ပါတဲ့ ဇာတ်ကားလေးတွေ ပိုရိုက်ဖြစ်ပါတယ်။ အခုရိုက်မယ့် ဇာတ်လမ်းလေးကတော့ ဆန်းပါတယ်။ ပရိသတ်ကလည်း ရုပ်ရှင်ဇာတ်ကားတွေ ကြည့်တတ်လာပြီ။ ကိုယ်တိုင်ကလည်း ဇာတ်ကားကောင်းတွေရိုက်လာတာ ရင်ခုန်တယ်။ ဒါကြောင့် ပရိသတ်ကို ဇာတ်ကားကောင်းတွေ ကြည့်စေချင်တယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၇ ရက်နေ့က Mytal Brand Ambassador ခန့်အပ်ပွဲမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Hein Wai Yan

အဲဒီနောက် ဒီရုပ်ရှင်ဇာတ်ကားကြီးကို ကိုယ်တိုင် ဇာတ်ညွှန်းရေးခဲ့သူ မိုးနီလွင်ကလည်း ပါဝင်ကြမယ့် ဒါရိုက်တာတွေ၊ အနုပညာရှင်တွေ အပေါ် ယုံကြည်ချက် အပြည့်ရှိတယ်ဆိုပြီးတော့ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပြန်ပါတယ်။

‘’လူငယ်ပရိသတ်တွေ အများစုသဘောကျမယ့် ဇာတ်လမ်းမျိုးကို လူငယ်သရုပ်ဆောင်အနုပညာရှင်တွေနဲ့ လူငယ်အမျိုးသမီး ဒါရိုက်တာငယ်ငယ်လေးက ရိုက်ကူးပေးမှာပါ။ ဆုံဖြစ်တဲ့ ခဏမှာ သူတို့ ဘယ်လိုလုပ်ချင်တယ်၊ ဘယ်လိုရိုက်ချင်တယ်၊ ဘယ်လိုပြချင်တယ်ဆိုတဲ့ စကားတွေ ဝိုင်းပြီး ဝေဖန် အကြံပြု ပူးပေါင်း ဆွေးနွေးလိုက်ကြတာ သူတို့ထက် အသက်အကြီးဆုံး လူအိုကြီး ကိုယ့်မှာ မျက်လုံးလေး ကလယ်ကလယ်နဲ့ နားထောင်ပြီးသကာလ အင်မတန် အားရကျေနပ်မှုတွေအပြည့်နဲ့’’ လို့ ဆိုပါတယ်။

Photo: Moe Htet

လူငယ်ပရိသတ်တွေ အကြိုက် ဇာတ်လမ်းတစ်ခု ဖြစ်လာမယ်လို့လည်း မိုးနီလွင်က ပြောပြခဲ့ပါသေးတယ်။ ဇာတ်ညွှန်းကို ကြည့်ပြီး ပြန်ငယ်သွားချင်ပါတယ်လို့စနောက်ခဲ့ပါတယ်။

‘’ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဇာတ်ကောင်စရိုက်၊ ဇာတ်လမ်းနောက်ခံ သိမ်မွေ့နက်ရှိုင်းတဲ့ ချစ်ခြင်းတရား၊ အနိမ့်အမြင့် အလွမ်းအကြမ်းတွေပါဝင်တဲ့ ဇာတ်လမ်းအချီအချတွေနဲ့ "တစ်ဦးတည်းသော ဣတ္ထိယ"ကလေးဟာ လူငယ်တွေရဲ့ ရင်ထဲထိ ငြိမယ့်

ထူးခြားဇာတ်လေးတစ်ခု ဖြစ်သွားပါတယ်။ ဒါကြောင့် ဒီလူအိုကြီး (အထင်မမှားနဲ့နော် စတေးဆင်ဂဲလ်) အခုရက်ပိုင်း နဲနဲလောက်ပြန်ငယ်ကြည့်မယ်ဗျာ။ (ကွီးကို ငယ်ခွင့်ပြုပါ....ပလိစ်) ချစ်သော (မိုးနီလွင်)’’ ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။

ဟိန်းဝေယံ၊ ရွှေထူး၊ ဝတ်မှုံရွှေ ရည်တို့ဟာ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေပြီဖြစ်တဲ့ သရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။ ဟိန်းဝေယံ နဲ့ ဝတ်မှုံရွှေရည်တို့ဟာ တစ်ချိန်က ဗီဒီယို ဇာတ်ကားတွေလည်း အတူတူရိုက်ခဲ့ဖူးတဲ့အပြင် TV ကြော်ငြာတွေမှာလည်း အတူတူ သရုပ်ဆောင်ဖူးခဲ့ကြပါတယ်။ ဒါပေမယ့် ရွှေထူးကတော့ ဟိန်းဝေယံနဲ့ အတူ ပထမဆုံးအကြိမ် တွဲသရုပ်ဆောင်ရမှာပါ။သူဟာ ဝတ်မှုံရွှေရည်နဲ့ ''ဒဏ္ဍာရီမိုး'' ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ အတူတွဲသရုပ်ဆောင်ခဲ့ဖူးပါတယ်။ သူဟာ မကြာခဏဆိုသလို စီနီယာအနုပညာရှင်တွေနဲ့ အတူတွဲပြီး ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က