မကြာခင် ထုတ်လွှင့်ပြသသွားမှာပါ။

မေလ ၂၄ ရက်နေ့မှာ ထုတ်လွှင့်ပြသသွားမယ့် ‘’ရင်ခွင်ရှင်းတမ်း’’ ရုပ်သံဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဟိန်းဝေယံ၊ အေးဝတ်ရည်သောင်းနဲ့ ညိမ်းသော်တို့က သူတို့ရဲ့ ကာရိုက်တာအကြောင်းပြောပြလာပါတယ်။

Photo: ရင်ခွင်ရှင်းတမ်း



ရင်ခွင်ရှင်းတမ်း ရုပ်သံဇာတ်လမ်းတွဲ Red Carpet ပွဲကို မေလ ၉ ရက်နေ့ညက Junction City မှာရှိတဲ့ JCGV ရုပ်ရှင်ရုံမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ခပ်ဆိုးဆိုး ချစ်သူလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရတဲ့ မအေးသောင်းက သူ့ရဲ့ ကာရိုက်တာအကြောင်းကို မီဒီယာတွေကနေတဆင့် မိတ်ဆက်ပြောပြခဲ့ပါတယ်။

‘’ဒီမှာကတော့ အစ်မက ဆရာဝန်ပေါ့နော်။ နောက်ပိုင်းကျတော့ ကိုယ့်မောင်လေးကို အရမ်းချစ်တယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ လူဆိုးကောင်လေးနဲ့ အရမ်းချစ်မိသွားတယ်ပေါ့။ ဟိဟိ.. ချစ်တာက ချစ်တာပဲပေါ့။ အမှန်အတိုင်းပဲလေနော်။ အချစ်မှာကျတော့ စည်းတွေဘောင်တွေ မရှိဘူး။ ချစ်မိသွားရင် ချစ်ကို ချစ်သွားတာပဲ’’ ဆိုပြီးတော့ ‘’ရင်ခွင်ရှင်းတမ်း’’ ရုပ်သံဇာတ်လမ်းတွဲ Red Carpet ပွဲမှာ မအေးသောင်းက ပြောပြထားပါတယ်။

Photo: ရင်ခွင်ရှင်းတမ်း

အဲဒီနောက် ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟိန်းဝေယံက မအေးသောင်းရဲ့ ချစ်သူအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ ဒီဇာတ်ကားဟာ သူနဲ့ မအေးသောင်းတို့ကို ချစ်သူအဖြစ်တွဲမြင်ရမယ့် ပထမဆုံး ဇာတ်ကားဖြစ်တယ်လို့ ဆိုပါတယ်။

‘’မအေးသောင်းက တော်ပြီးသားပါ။ ကျွန်တော် အနုပညာအလုပ်မလုပ်ခင်ကတည်းက ဒီလောကထဲမှာရှိနေတဲ့သူတစ်ယောက်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ဘာမှ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ မအေးသောင်းနဲ့က ဇာတ်ကားထဲမှာ ဆုံတာဆိုလို့ ‘’ ရတနာပုံ’’ ဇာတ်ကားတုန်းက တစ်ကားတည်းဖြစ်တယ်၊ မဆုံလိုက်ရဘူး။ သရုပ်ဆောင်အနေနဲ့ကတော့ ဒါ ပထမဆုံး ဆုံတာပါ’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: ရင်ခွင်ရှင်းတမ်း

ညိမ်းသော်ကလည်း ‘’ရင်ခွင်ရှင်းတမ်း’’ ဇာတ်လမ်းတွဲထဲမှာ အချစ်ရေးနဲ့ပတ်သက်ပြီး အရှုပ်လေးတွေဖြစ်နေတဲ့ သူ့ရဲ့ကာရိုက်တာအကြောင်းကို မိတ်ဆက်ပြောပြခဲ့ပါသေးတယ်။

‘’ရင်ခွင်ရှင်းတမ်း ဆိုတာကတော့ အားလုံးကို ပတ်ရှုပ်ထားတာပေါ့။ အချစ်ဇာတ်ကားလေးဆိုပေမယ့် မသိနိုင်တဲ့ အရာတွေကို ပတ်ရှုှုပ်ထားတာပေါ့နော်။ ကျွန်တော့်က ကျတော့ မအေးသောင်းရဲ့ မောင်၊ ကိုဟိန်းဝေယံရဲ့ ကောင်မလေးကို သွားကြိုက်တယ်။ ကျွန်တော့်ရဲ့ကောင်မလေးကတော့ သွန်းဆက်ပေါ့။ ရင်ခွင်ရှင်းတမ်းဆိုပေမယ့် ရှုပ်ထားတဲ့ပုံစံလေး’’ လို့ ‘’ရင်ခွင်ရှင်းတမ်း’’ ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: ရင်ခွင်ရှင်းတမ်း

‘’ရင်ခွင်ရှင်းတမ်း’’ ရုပ်သံဇာတ်လမ်းတွဲကို မေလ ၂၄ ရက်နေ့ကစပြီး Channel -9 ရုပ်သံလိုင်းမှာ အပတ်စဉ် သောကြာနေ့ နဲ့ စနေနေ့ည ၇ နာရီခွဲအချိန်တွေမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ ဟိန်းဝေယံ၊ အုပ်သာကျော်၊ ညိမ်းသော်၊ အေးဝတ်ရည်သောင်း၊ သွန်းဆက်၊ ဟန်လေး၊ သီရိစိုးနဲ့ ခေးလရောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က