လက်ရှိမှာ ဇာတ်လမ်းတွဲရိုက်ထားတယ်။

စိုးပြည့်သဇင်ကတော့ အရမ်းကို အစအနောက်သန်တဲ့သူလေးတစ်ယောက်ပါ။ မကြာခင်မှာလည်း ဟိန်းဝေယံနဲ့ အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ရှိတဲ့အကြောင်းတွေ ပြောပြလာပါတယ်။

Photo: Hein Wai Yan



ခပ်အေးအေး နေတတ်တယ်လို့ ပရိသတ်တွေ ထင်ထားခဲ့တဲ့ စိုးပြည့်သဇင်ကတော့ လူတစ်ဖက်သားကို စနောက်တတ်တဲ့ အကျင့်လေးရှိတယ်လို့ဆိုပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အမြဲတမ်း စနောက်လေ့ရှိတယ်လို့ Duwun Media အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

‘’ စိုးပြည့်ကတော့ ခင်တဲ့ သူတွေဆိုရင် အမြဲတမ်း စနောက်လေ့ရှိတယ်။ ပြောရရင် စတာ နောက်တာကိုလည်း ဝါသနာပါတယ်။ ဒါရိုက်တာ ကိုနီသစ်တို့၊ ကိုမြင့်မိုရ်တို့၊ ကိုကျော်ကျော်တို့၊ ကိုသားငယ်တို့ရောပေါ့နော်။ ကိုယ်ခင်တဲ့ သူတွေဆိုရင် စလို့နောက်လို့ ကောင်းတယ်။ သူတို့ကို Comment ပေးလို့ရှိရင် အတည်ပေးလေ့မရှိဘူး။ စပြီးပြောတာတို့ စတစ်ကာလေးနဲ့ စတာတို့ပေါ့နော်။ အဲဒီလိုလေးတွေ ပေးဖြစ်တယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့က မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။

အဲဒီနောက် အနုပညာအလုပ်တွေ တော်တော်များများ တွဲလုပ်ခဲ့ဖူးတဲ့ ဟိန်းဝေယံနဲ့ သူမရဲ့ ရင်းနှီးမှုတွေကိုလည်း စိုးပြည့်သဇင်က ပြောပြခဲ့ပါတယ်။ စိုးပြည့်သဇင်ဟာ ဟိန်းဝေယံနဲ့ အတူတွဲပြီး ဗီဒီယာ၇

‘’ ကိုဟိန်းဝေယံ နဲ့ ခင်တာ တော်တော်ကြာပြီ။ စိုးပြည့်အနုပညာအလုပ်တွေ စလုပ်ကတည်းက ခင်တာဆိုတော့ ကိုသားငယ်နဲ့ခင်တာ တော်တော်ကိုကြာပါပြီ။ အခုလည်း သင်္ကြန်တုန်းက ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲ ပြန်ရိုက်တော့မှာကလည်း ကိုသားငယ်နဲ့ပဲပေါ့။ နောက်ထပ်လည်း အနုပညာအလုပ်တွေ တွဲလုပ်ဖို့ရှိပါသေးတယ်’’ လို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ စိုးပြည့်သဇင်က နယ်မှာရုပ်ရှင်ကားကြီးရိုက်နေတယ်လို့ သိရပါတယ်။ သရုပ်ဆောင်ဘက်ကိုလည်း ဆက်လက်လုပ်ကိုင်နေသလို ဂီတအလုပ်တွေကိုလည်း မလစ်ဟင်းစေချင်ဘူးလို့ ဆိုပါတယ်။

‘’အခုက သုံးပန်လှကျိန်စာ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်နေတယ်။ ပြီးတော့ ဘဘ ဦးကျော်သူလည်းပါတယ်။ မင်းသားကတော့ ကိုဟိန်းကိုကိုကျော်ပါ။ ဒီဇာတ်ကားက ပျူခေတ်က သုံးပန်လှမင်းသမီးလုပ်ရမှာဆိုတော့ ပြင်ဆင်မှုတွေကတော့ အများကြီးပေါ့ရှင့်။ ဂီတအပိုင်းကလည်း တတိယအခွေအတွက် သီချင်းလေးတွေ စုနေတယ်။ ရုပ်ရှင်ကားကြီးပြီးရင်လည်း ဇာတ်လမ်းတွဲရိုက်ဖို့ရှိပါတယ်’’ လို့ သူကပြောပါတယ်။

Photo: Hein Wai Yan

အသက်(၂၇)နှစ်ရှိပြီတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်က အသက်(၁၈)နှစ်အရွယ်မှာ “မိုးညအိမ်မက်ဖြူ” ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။မကြာခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေ နားဆင်ရဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က