မကြည်ဖြူသျှင်လည်း ပြောပြထားပါသေးတယ်။

R ဇာနည်ကတော့ The Voice Myanmar (Season-3) မှာ ပြိုင်ပွဲဝင် ရဲခန့် သီဆိုခဲ့တဲ့ "ညှို့သောပင်လယ် ဆွဲငင်သော လမင်း" သီချင်းဟာ သူအရင်ဆုံး ဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

Photo: The Voice Myanmar



"ညှို့သောပင်လယ် ဆွဲငင်သော လမင်း" သီချင်းကို ပထမဆုံး သီဆိုခဲ့တာဟာ အဆိုတော် R ဇာနည်နဲ့ မီးမီးခဲ ဖြစ်တဲ့အကြောင်းကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။ 

“ ညှို့သောပင်လယ် ဆွဲငင်သော လမင်းသီချင်းက အစ်ကိုနဲ့ မီးမီးခဲက အရင်ဆိုထားတာပါ။ ၂၀၀၃ လောက်က ဖြစ်မယ်။ ဒွေးနဲ့ ထွန်းအိန္ဒြာဗိုလ်တို့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားထဲမှာပါ။ ဒါကို မကြည်ဖြူသျှင်လဲ ဖေ့စ်ဘွတ်မှာ တင်ထားမယ်ထင်တယ်။ ဦးစောခူဆဲကို ဒီဇာတ်ကားအတွက် သူ သီချင်းအပ်ထားတာလို့ အစ်ကိုထင်တယ်” လို့ သူက ဆိုပါတယ်။ 

Photo: Lay Kyi Phyu

The Voice Myanmar (Season-3) မှာ"ညှို့သောပင်လယ် ဆွဲငင်သော လမင်း" သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ ရဲခန့်ဟာ R ဇာနည် Team ကို ရွေးချယ်လိုက်တဲ့ အချိန် R ဇာနည် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တဲ့ အပြုံး တစ်ခုဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သဘောထားမျိုးစုံနဲ့ ပျံ့နှံံ့ သွားခဲ့ပါတယ်။ ဒီအပြုံးနဲ့ ပတ်သက်ပြီး R ဇာနည်ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

“ ကျွန်တော် ပြုံးတယ်ဆိုတာကလည်း ရယ်သောသူ အသက်ရှည်၏ ဆိုသလိုပဲလေ။ အဲဒီတော့ ကျွန်တော်က အစကတည်းက ရယ်ရယ်ပြုံးပြုံးပဲ နေတတ်လို့ပါ။ အပြုံးတွေကိုလည်း ခွဲခြားတတ်သူ မဟုတ်ပါဘူး” ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Ni Ni Khin Zaw

Rဇာနည် (R Zar Nyi)က င့ါကိုချစ်တဲ့သူ၊ စည်းတစ်ဖက်ခြား စတဲ့ တစ်ကိုယ်တော်အခွေတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အတွဲခွေတွေ များစွာမှာလည်း ပါဝင်သီဆိုခဲ့သူပါ။ ထို့နောက် Owntune သီချင်းတွေချည်း ပါဝင်တဲ့ ကမ္ဘာသား သီချင်းခွေကလည်း ပရိသတ်တွေကြားပေါက်ခဲ့တဲ့ သီချင်းခွေတစ်ခွေ ဖြစ်ခဲ့ပါတယ်။ R ဇာနည်ဟာ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ် ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့တာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က