တကယ်တော့ အရင်ကတည်းက မျက်လုံး အားနည်းခဲ့သူပါ။
Sabal Thwin

ချမ်းမင်းရဲထွဋ်ကတော့ ၂၀၂၀ အတွင်းမှာ ပရိသတ်အားပေးမှုတွေ ပိုရဖို့မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူ့ကို ချစ်တဲ့ပရိသတ်တွေက ညှို့မျက်ဝန်းပိုင်ရှင် ဆိုပြီးတော့ တင်စားထားကြပါသေးတယ်။


Photo: Chan Min Ye Htut

ချမ်းမင်းရဲထွဋ်ကတော့ လူငယ်အနုပညာရှင်တွေထဲမှာမှ ညှို့မျက်ဝန်းပိုင်ရှင်တစ်ယောက်ဆိုပြီးတော့ သူ့ကို ချစ်တဲ့ ပရိသတ်တွေက တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ပရိသတ်တွေပြောသလို ညှို့တာမဟုတ်ဘူးလို့လည်း ချမ်းမင်းရဲထွဋ်က Duwun media ကနေ ပြောပြခဲ့ပါသေးတယ်။

“ ကျွန်တော်က ညှို့မျက်ဝန်းပိုင်ရှင်တော့ မဟုတ်ပါဘူးခင်ဗျာ။ တကယ်တော့ မျက်လုံး အားနည်းတဲ့သူပါ။ Outdoor တွေ ရိုက်ပြီဆိုရင် မီးရောင်တွေကြောင့် မျက်လုံး မှေးသွားတဲ့ အချိန်တွေရှိတယ်။ အဲဒီတော့ ကိုယ့်မျက်လုံးကို အားကောင်းအောင် စိုက်ကြည့်ရင်းနဲ့ ပရိသတ်တွေက ညှို့တယ်လို့ထင်သွားတာပါ။ ပြီးတော့ ဗီလိန်ဇာတ်ရုပ်နဲ့လိုက်တယ်ဆိုပြီးတော့လည်း လာလာငှားကြတာ ထင်ပါတယ်” လို့ ဆိုပါတယ်။


Photo: Chan Min Ye Htut

လက်ရှိမှာလည်း ချမ်းမင်းရဲထွဋ်ဟာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်လာရသူတစ်ယောက်ပါ။ သရုပ်ဆောင် အရည်အချင်းပြည့်ဝဖု့ိကိုလည်း သင်ယူနေရတုန်းပဲလို့ သူက ဆိုပါတယ်။

“ ကျွန်တော်ကတော့ အမြဲတမ်း Smart ဖြစ်တဲ့ ပုံစံကိုပဲ ရွေးပါတယ်။ ဒါပေမယ့် ဇာတ်ရုပ်အရ ဖဲပြားလေးတွေ တပ်ရမယ်၊ ကိုရီးယားဆန်ဆန် ဝဲဝဲလေးတွေ လုပ်ရမယ် ဆိုရင်လည်း ကျွန်တော်ကတော့ ပြောင်းလဲဖို့ အသင့်ပါပဲ။ အခုဆိုရင် ဇာတ်ကားရိုက်ရင်း ရိုက်ရင်းနဲ့ သရုပ်ဆောင်ပညာကို လေ့လာလို့ မကုန်နိုင်အောင်ဖြစ်နေတာပါ။ ကျွန်တော်က ဗီဒီယို ခေတ်ကို မမီတဲ့အတွက် တစ်ကားပြီး တစ်ကားရိုက်ရတဲ့အတွေ့အကြုံက နည်းတယ်။ ဒါကြောင့် အခုချိန်မှာ အများကြီးကြိုးစားရတယ်” လို့ ပြောပါတယ်။


Photo: Chan Min Ye Htut

နှစ်သစ်မှာတော့ ချမ်းမင်းရဲထွဋ်က သူ့ရဲ့ ကြိုးစားမှုတွေကို တွေ့ရဦးမယ်လို့ ဆိုပါတယ်။ ၂၀၁၉ မှာ ဆောင်ရွက်ခဲ့ရတဲ့ အနုပညာအလုပ်တွေမှာလည်း အများကြီး လေ့လာသင်ယူခဲ့ပြီးပြီလို့ သူက ပြောပါတယ်။

“ ၂၀၂၀ မှာတော့ ကျွန်တော့်ကို ပရိသတ်တွေ ပိုအားပေးလာဖို့ကို မျှော်လင့်ပါတယ်။ အနုပညာအလုပ်ေ တွလည်း အများကြီး လုပ်ပြသွားဖို့ရှိပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေလည်း ထွက်မယ်။ TV Series တွေလည်း ထွက်မယ်။ လက်ခံထားတဲ့ အလုပ်တွေလည်း အများကြီးရှိသေးတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ၃က ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Chan Min Ye Htut

သရုပ်ဆောင် ချမ်းမင်းရဲထွဋ်ကို ည ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တဲ့ အချိန်ကစပြီး ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ ဖော်ဖော်ရွေရွေရှိလှတဲ့ ချမ်းမင်းကို သူ့ရဲ့ ပရိသတ်တွေက အရမ်းချစ်ကြပါတယ်။ ချမ်းမင်းရဲထွဋ်ရဲ့ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရသလို မဂ္ဂဇင်းမျက်နှာဖုံးတွေရဲ့ Cover Star တစ်ယောက်အဖြစ် ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ၃က ရုပ်ရှင်ကားကြီးကလည်းရုံတင်ပြသလို့နေပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က