ကိုဗစ်ကာလမှာ ဗဟုသုတ တိုးတာပေါ့။

မိုးဟေကိုကတော့ Covid ကာလကြောင့် အလုပ်တွေ နားထားရတဲ့ အချိန်မှာ ဟင်းချက်နည်းတွေကို ကိုယ်တိုင်လေ့လာ သင်ယူနေတယ်လို့ဆိုပါတယ်။ 

Photo: Moe Hay Ko



သရုပ်ဆောင် မိုးဟေကို ကတော့ Covid ကာလမှာ သူမရဲ့ တစ်နေ့တာ ဖြတ်သန်းမှုတွေ အကြောင်း ပြောပြလာပါတယ်။ Covid ကြောင့် အလုပ်တွေ နားထားရတဲ့ အချိန်မှာ ဟင်းချက်နည်းတွေ လေ့လာပြီး ကိုယ်တိုင် ချက်ဖြစ်တဲ့ အကြောင်းတွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ Covid ကာလမှာ အစားအသောက်နဲ့ ပတ်သက်ပြီး အပြင်ကနေ Delivery နဲ့ မှာစားရင်လည်း စိတ်မချရတော့ You Tube တွေကနေ ဟင်းချက်နည်းတွေ ကြည့်ပြီး ဟင်းတွေ လိုက်ချက်ကြည့်ရတာပေါ့။ ဒီကာလမှာ ဒါလေး တစ်ခုတော့ ပညာတိုးတာပေါ့။ ထူးခြားလာတာဆိုရင် ဆန်ပြုတ်၊ ကြက်ဥကြော် ရေလုံပြုတ်တွေကတော့ အကုန်လုပ်တတ်တယ်။ ဒါပေမယ့် ဆီပြန်ဟင်းလေးတွေလည်း လေ့လာနေတယ်။နည်းနည်းတော့ ချက်တတ်လာပါပြီ” လို့ ဆိုပါတယ်။ 

မိုးဟေကိုက ဟင်းချက်တာတင် မကပဲ အိမ်အတွက် သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး သူမကိုယ်တိုင် လုပ်ဖြစ်တယ်လို့လည်း စက်တင်ဘာလ (၄) ရက်နေ့က ထာဝရဝိန့်စိန် ရွှေဆိုင် ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ 

“ အစ်မက သန့်ရှင်းရေးတော့ အရမ်းလုပ်တယ်။ ကိုယ်ကိုယ်တိုင်လည်း သန့်ရှင်းတာကို သဘောကျတယ်။ ကိုယ်တိုင် အဝတ်လျှော်တယ်၊ သစ်ပင်တွေလည်းစိုက်တယ်၊ အားကစားလည်း လုပ်တယ်။ တစ်ယောက်တည်းကို စုံနေတာပဲ။ လုပ်ချင်တဲ့ နေ့ဆို အကုန်လုံးကို ဆက်တိုက်လုပ်တယ်။ မလုပ်ချင်တဲ့နေ့ကျရင် ရုပ်ရှင်ကြည့်တယ်၊ စာအုပ်ဖတ်တယ်။ အပင်တွေဆိုရင် ကိုယ်စိုက်ထားတာလေးတွေ သေသွားရင် အရမ်းစိတ်မကောင်းဖြစ်ရတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Life

မိုးဟေကိုက လက်ရှိမှာ မိသားစုကို အချိန်ပေးဖြစ်နေပြီး အနုပညာအလုပ်နဲ့ ပတ်သက်လို့ တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က