"တို့မမ နဲ့တို့" ဇာတ်ကားရိုက်ရင်း စခင်ကြတာ။

မြတ်သူသူကတော့ ရှင်မင်းဆက်နဲ့ သူမရဲ့ ရင်းနှီးမှုတွေကို အခုလို ပြောပြလာပါတယ်။ 

မြတ်သူသူနဲ့ ရှင်မင်းဆက်တို့ကတော့ "တို့မမနဲ့ တို့" ဇာတ်လမ်းတွဲရိုက်ရင်း စတွေ့ခဲ့ကြတာလို့ သိရပါတယ်။ ရှင်မင်းဆက်က မြတ်သူသူထက် ငယ်တာဖြစ်သလို အကြီးဖြစ်သူရဲ့ စကားကိုလည်း နားထောင်တတ်တယ်လို့ မြတ်သူသူက Duwun ကနေ ပြောပြလာပါတယ်။ 



 “ သူက ချစ်ဖို့ကောင်းတယ်။ ကိုယ့်ကိုလည်း အစ်မတစ်ယောက်လို သဘောထားတဲ့သူပါ။ ကိုယ်က စီနီယာဖြစ်တဲ့ အတွက် တချို့အရာလေးတွေကို ပြောပြတယ်။ ဒါကိုလည်း သူက နားထောင်တယ်။ကိုယ်က ဆရာလုပ်တာ မဟုတ်ဘူးဆိုတာလည်း သိတယ်။ တချို့နေရာတွေမှာ နှစ်ယောက်သား ဘယ်လို အပေးအယူမျှအောင် သရုပ်ဆောင်ကြမလဲဆိုတာ တိုင်ပင်လို့ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြင်မှာလည်း အမြဲတွေ့ဖြစ်တယ်။ ရှင်မင်းရဲ့ အမေနဲ့လည်း ခင်တယ်။ ကိုယ် တစ်ခုခုစားရင် သူတို့ကို သတိရတယ်” လို့ သူကဆိုပါတယ်။ 

မြတ်သူသူ ကတော့ ရှင်မင်းဆက်တို့ နှစ်ယောက်ကတော့ ညီအစ်မအရင်းလို ချစ်ချစ်ခင်ခင် အမြဲတွေ့ရသူတွေပါ။ မြတ်သူသူကိုယ်တိုင်ကလည်း ရှင်းမင်းဟာ သူမရဲ့ စိတ်နဲ့ ထပ်တူကျတဲ့ မိတ်ဆွေ တစ်ယောက်ဖြစ်လာတယ်လို့ ဆိုပါတယ်။ 

“ သူနဲ့က တစ်ယောက်နဲ့ တစ်ယောက် ဗွင်းဗွင်းရှင်းရှင်းပြောတတ်တယ်၊ ခံစားတတ်တယ် အဲဒီလိုတွေရှိတော့ ရှင်မင်းနဲ့က စိတ်ချင်းတူသွားတာပေါ့။ မြတ်သူက သူငယ်ချင်း အပေါင်းအသင်းပဲဆိုပြီး အပြင်မှာ တွေ့ကြတဲ့သူ သိပ်မရှိဘူး။ အပြင်မှာ မုန့်သွားစားကြတာမျိုး မရှိဘူး။ ဒါပေမယ့် ရှင်မင်းတို့ သားအမိနဲ့ ကြတော့ မုန့်လည်း စားဖြစ်တယ်။ ကိုယ်တစ်ခုခုစားချင်ရင် အန်တီရေ ဘာလေး စားချင်တယ်လို့ ပြောလိုက်ရင် အန်တီက ကိုယ်စားချင်တာလေး လုပ်ပေးတတ်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

မြတ်သူသူ ကို ပရိသတ်တွေက ဝိညာဉ်ရှိုက်သံ၊ ဝင်္ကပါစံအိမ်၊ ရတနာထဲကရတနာ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲဒီနောက် ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ‘’မြညို’’ ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ ပိုမိုအားပေးလာကြတာ တွေ့ရပါတယ်။ အခုချိန်ထိလည်း ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ် အခိုင်အမာ ရရှိလာသူ ဆိုရင်လည်း မမှားပါဘူး။ လက်ရှိ MRTV-4 ကနေ ထုတ်လွှင့်နေတဲ့ "တို့ မမနဲ့ တို့" ရုပ်သံဇာတ်လမ်းတွဲမှာလည်း မြတ်သူသူက သန်းသန်းဆွေ ဆိုတဲ့ မိန်းကလေး တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က