တိုက်လည်း မတိုက်တွန်းပါဘူးတဲ့။
Sabal Thwin

မင်းဇေက ဦးလေးဖြစ်တဲ့ ရန်အောင်ကို အိမ်ထောင်မပြုစေချင်ဘူးတဲ့။ ဦးလေးရဲ့ ဆုံးမ စကားတွေကလည်း သူ့ရင်ထဲမှာ မေ့လို့မရဘူးလို့ပြောပါတယ်။

Photo: MIn Zay

မင်းဇေကတော့ သရုပ်ဆောင် အကယ်ဒမီများရှင် ရန်အောင်ရဲ့ တူလေးဖြစ်ပါတယ်။ ကိစ္စတော်တော်များများကိုလည်း ဦးလေး နဲ့ တိုင်ပင်ဖြစ်တာများတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ကျွန်တော် အသည်းကွဲနေတဲ့ အချိန်တုန်းက ဦးလေးက နှစ်သိမ့်ပေးတာတွေ ရှိတယ်။ လူပျိုကြီးဆိုပေမယ့် ပြောလိုက်တဲ့ စကားတစ်ခွန်းက အရမ်း အားရှိသွားတာမျိုးတွေရှိတယ်။ အဲဒီတုန်းကလည်း ကျွန်တော် တော်တော် ခံစားနေရတာပေါ့နော်။ မင်းဇေ အိမ်မှာ အဆင်ပြေရဲ့လားလို့ လှမ်းမေးတော့ သားကတော့ အသည်းကွဲနေတယ်ဆိုတဲ့ အကြောင်းတွေ ရင်ဖွင့်ဖြစ်တယ်’’ လို့ သူကဆိုပါတယ်။

Photo: Min Zay

ဦးလေးဖြစ်တဲ့ ရန်အောင်ရဲ့ ဆုံးမ စကားတွေဟာ မင်းဇေ အတွက်တော့ မမေ့နိုင်စရာ အမှတ်တရတွေ များတယ်လို့ဆိုပါတယ်။ ဒါကြောင့် ရန်အောင်ကို အိမ်ထောင်မပြုစေချင်ဘူးလို့ ဆိုပါတယ်။

‘’မင်းက ငယ်သေးတယ်၊ ကိုယ့်ဘဝမှာ ဒါတွေက အစိတ်အပိုင်းသေးသေးလေး တစ်ခုပဲလို့ပြောတယ်။ အရာအားလုံးကို အဝေးကြီးကနေပဲကြည့် အဲဒါဆိုရင်သေးသေးလေးတွေပဲဖြစ်သွားလိမ့်မယ် ဆိုပြီးတော့ ပြောတယ်။ အဲဒီ စကားတစ်ခွန်းကတော့ အရမ်းကို အားရှိတယ်။ ဦးလေးကိုလည်း အိမ်ထောင်ပြုဖို့ မတိုက်တွန်းဘူး။ တိုက်တွန်းရင်လည်း မကောင်းဘူးလေ။ ကျွန်တော် နဲ့ပဲ အတူတူနေရမယ်။ အိမ်ထောင်ပြုလို့မရဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

Photo: Min Zay

မင်းဇေက အခုဆိုရင် ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေရပြီဖြစ်ပါတယ်။ ရန်အောင်ရဲ့ ရုပ်ရှင်ရိုက်ကွင်းတွေကို လိုက်ပြီး လေ့လာခဲ့ဖူးတဲ့ အချိန်ကာလတွေက သူ့အတွက်တော့ ပညာတွေ အများကြီးရခဲ့တယ်လို့ ဆိုပါတယ်။

‘’ ဦးရန်လေး ရိုက်ကွင်းကို ၂ နှစ်လောက်လိုက်ပြီးတော့ ကြည့်ခဲ့ဖူးတယ်။ အဲဒီအရာတွေက အလကားမဖြစ်ဘူး ကိုယ့်အတွက် အခုချိန်မှာ အထောက်အကူဖြစ်တယ်။ တကယ် လက်တွေ့လုပ်တဲ့အရာနဲ့ ကြည့်ထားတဲ့အရာကတော့ မတူဘူးပေါ့။ ဘယ်သူ့တုန်းကတော့ ဘယ်သူက ဘယ်လို လုပ်လိုက်တယ်။ ငါ့အလှည့်မှာတော့ ဘယ်လိုလေး လုပ်မယ်လို့တွေးဖြစ်တယ်။ တော်တော်များများတော့ ပညာတွေရခဲ့ဖူးပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Min Zay

မင်းဇေကိုတော့ ပရိသတ်တွေက ၂၀၁၇ ခုနှစ်အတွက် ရွှေကြိုမောင် တစ်ယောက်အဖြစ် စတင်သိရှိခဲ့တာပါ။ သူဟာ ရန်အောင်ရဲ့ တူလေး ဖြစ်တယ်လို့လည်း ပရိသတ်တွေက သိရှိထားပြီးသားဖြစ်ပါတယ်။ ဦးလေးဖြစ်သူနဲ့လည်း ရုပ်ရှင်ကားကြီးရိုက်ကူးထားတယ်လို့ သိရပါတယ်။ မင်းဇေဟာ သရုပ်ဆောင် အလုပ်သာမက ဂီတအလုပ်ကိုလည်း ဝါသနာပါတဲ့ သူတစ်ယောက်ပါ။


ဆက်စပ်အကြောင်းအရာများ


က္က