ပထမသီချင်းထက် ပိုပြီးတော့ မျှော်လင့်ထားတယ်။

သရုပ်ဆောင် မြတ်သူသူ ကတော့ ဒုတိယမြောက် သီချင်းလေးကို မွေးနေ့မှာ မိတ်ဆက်ပေးမှာဖြစ်ပြီး သီချင်းထဲက အကြောင်းအရာတွေကိုလည်း အခုလို ပြောပြလာပါတယ်။ 

Photo: Zeyar Minn



သရုပ်ဆောင် မြတ်သူသူ ကတော့ ဇွန်လ(၁၄) ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့မှာ သီချင်းအသစ်လေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။ သီချင်းပုံစံလေးကတော့ အချစ်သီချင်းမြူးမြူးလေးကို ကိုယ်တိုင်ခံစား သီဆိုထားတယ်လို့လည်း Duwun ကနေ ပြောလာပါတယ်။ 

“ ၁၄ ရက်နေ့ကျရင် မွေးနေ့ဆိုတော့ သီချင်းအသစ်လေး တစ်ပုဒ် ထပ်ပေးမယ်။ အချစ်သီချင်း မြူးမြူးလေး Country Style ပုံစံမျိုးလေးကို ညီမရဲ့ Facebook Page မှာတင်မယ်။ သီချင်းနာမည်လေးက ‘ဝေးသွားမှာ စိုး’ ပေါ့နော်။ MTV လေး တင်ပေးမှာပါ။ သီချင်းလေးရဲ့ အဓိပ္ပာယ်က လူတိုင်းဟာ အချစ်နဲ့ မကင်းဘူးပေါ့နော်။ အချစ်ဆိုတာ ဖြစ်လာရင် သူ့အတွက်၊ ကိုယ့်အတွက်ဆိုတာ ရှိပြီးတော့ နားလည်မှုတွေနဲ့ အတူတူဖြတ်သန်းကြမယ်။ ကိုယ်ကြိုးစားနေသမျှက ချစ်ရတဲ့သူနဲ့ အတူတူနေဖို့ပေါ့။ အပျော်ပုံစံလေးပါပဲ”လို့ သူကဆိုပါတယ်။ 

Photo: Myat Thu Thu

မြတ်သူသူက ဇွန်လ(၄) ရက်နေ့ တုန်းကလည်း “နှစ်သိမ့်ဆု” ဆိုတဲ့ သီချင်းလေး တစ်ပုဒ်ကို ပထမဆုံးအကြိမ် ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ဇွန်လ (၄) ရက်နေ့ကနေ ဇွန်လ(၁၁) ရက်နေ့ အထိ အားပေးနားဆင်သူ ပရိသတ်ပေါင်း (၁၃၁၉၂၁)ရှိခဲ့ပါတယ်။ ဒါကြောင့် ဒုတိယမြောက် သီချင်းလေးကိုလည်း ပိုပြီးတော့ မျှော်လင့်ချက်ထားတယ်လို့ ဆိုပါတယ်။ 

“ ပထမဆုံး တင်ပေးခဲ့တုန်းက သီချင်းလေးမှာလည်း အားပေးတဲ့ ပရိသတ်တွေ တော်တော်များခဲ့လို့ ကျေနပ်ရပါတယ်။ ဒီအနေအထားထက် ပိုပြီးတော့ မျှော်လင့်တယ်။ ကိုယ့်ဘက်ကလည်း တတ်နိုင်သလောက် ထပ်ပြီးတော့ လုပ်မယ်။ သီချင်း ပုံစံ မတူတာလေးတွေကိုလည်း စီစဉ်ထားပါတယ်။ အခုမှ စပြီးတော့ သီချင်းကို စလုပ်တာ ဆိုတော့ ကိုယ်တင်ပေးလိုက်တဲ့ သီချင်းလေးတွေကို ပရိသတ်တွေ အားပေးစေချင်တယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Myat Thu Thu

မြတ်သူသူကိုတော့ ပရိသတ်တွေက ဝိညာဉ်ရှိုက်သံ၊ ဝင်္ကပါစံအိမ်၊ ရတနာထဲကရတနာ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲဒီနောက် ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ‘’မြညို’’ ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ ပိုမိုအားပေးလာကြတာ တွေ့ရပါတယ်။ အခုချိန်ထိလည်း ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ် အခိုင်အမာ ရရှိလာသူ ဆိုရင်လည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က