တော်တော်ရယ်ရတဲ့ ညီအစ်မ နှစ်ယောက်။
Sabal Thwin

ထက်ထက်ထွန်းကတော့ ၁ နှစ်နဲ့ ၁ လကြီးတဲ့ အစ်မဖြစ်သူ ထက်ထက်ဝင်းအကြောင်းတွေကို အရွှန်းဖောက်ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း အစ်မဖြစ်သူထက် အချစ်ရေးမှာ ပိုပြီးရင့်ကျက်ခဲ့တယ်လို့ဆိုပါတယ်။

Photo: Li John

ပရိသတ်အချစ်တော် ထက်ထက်ထွန်းမှာတော့ ထက်ထက်ဝင်းလို့ ခေါ်တဲ့ အစ်မ တစ်ယောက်ရှိပါတယ်။ သူမကတော့ အရင်တုန်းက အလှမယ်ပြိုင်ပွဲတွေမှာ တွေ့ရလေ့ရှိသူ တစ်ယောက်ပါ။ အစ်မဖြစ်သူ ထက်ထက်ဝင်းရဲ့ အကြောင်းတွေကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ထက်ထက်ထွန်းက ပြောပြလာပါတယ်။

‘’သူက အမြဲတမ်း ပိုနုနေတယ်လို့ ထင်ရတဲ့အတွက် သူ့ကို အငယ်လို့ထင်ကြတယ်။ ဒါပေမယ့် သူက အကြီးပါ။ တစ်နှစ်နဲ့ တစ်လပဲကွာတယ်။ လျှို့ဝှက်ချက်ပြောရမယ်ဆိုရင် သူက အမေနို့ကို ၁ လပဲ စို့ခဲ့ရတယ်။ ထက်ထက်ကို အမေက ကိုယ်ဝန်ဆောင်လိုက်တော့ သူက နို့မစို့ရတော့ဘူး။ သူ့ကို ဝိုင်းနောက်ကြတယ် နွားမကြီး သမီးပေါ့နော်။ နွားနို့ပဲ စို့ရတာကိုး။ ပြီးတော့ ကိုယ်က အမေနို့ကို ၃ နှစ်ခွဲအထိ စို့တာ’’ ဆိုပြီးတော့ အမှတ်တရတွေပြောရင်း စနောက်ခဲ့ကြပါတယ်။

Photo: Htet HTet Htun

အကြီးဖြစ်သူ ထက်ထက်ဝင်းထက် အငယ်မလေး ထက်ထက်ထွန်းက ပိုပြီးတော့ သွက်သွက်လက်လက် ရှိတာ တွေ့ရပါတယ်။ အချစ်ရေးက အစ အငယ်မလေး ထက်ထက်ထွန်းက ချစ်သူအရင်ထားတာပါတဲ့။

‘’ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ရည်းစားထားတာ သူက နောက်ကျတယ်။ ကိုယ်က အရင် ရည်းစားစ ထားတာ။ ၁၀ တန်းပြီးမှ ရည်းစား စထားတာပေါ့နော်။ ထက်ထက်ဝင်းကျတော့လည်း တော်တော်အိုပါတယ်။ ကိုယ်အသားကျပြီး ရင့်ကျက်သွားပြီဆိုတော့မှ သူက သစ်လွင်လန်းဆန်း။ပြီးခဲ့တဲ့ ၃ နှစ်လောက်ကမှ ရည်းစား စထားဖူးတာ’’ လို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။

Photo: Oakkarlay

ရည်းစားတွေလည်း အများကြီးထားသလို အသည်းကွဲရင်လည်း ငိုလိုက်၊ သီလရှင်ဝတ်လိုက် လုပ်တတ်တာကတော့ ထက်ထက်ထွန်းပါပဲ။သူမရဲ့ ဒိအကြောင်းလေးတွေကိုလည်း ဟာသ တွေနှောပြီး စက်တင်ဘာလ ၉ ရက်နေ့က Boronic ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ပြောပြခဲ့တာပါ။

‘’ အသည်းကွဲရင်လည်း အိမ်က လူတွေ သိမှာဆိုးလို့ တစ်ယောက်တည်း ဝရံတာ ထွက်ပြီး ထိုင်ငိုနေတယ်။ လူမမြင်ဘူးပေါ့နော် တစ်ယောက်တည်း ထိုင်ငိုတာ။ မနက်မိုးလင်းရင် မျက်လုံးက ဖားမျက်လုံးကြီးလိုပဲ ဖောင်းပြီးတော့ အိပ်ရာကနေ ထွက်လာတာ။ အဲဒါဆို သိလိုက်ကြပြီ အသည်းကွဲတယ်ဆိုတာ။ နောက်တစ်ယောက်နဲ့ အသည်းကွဲတော့ သီလရှင်ဝတ်တယ်’’ ဆိုပြီးတော့သဘောကျရယ်မောရင်း ပြောပြခဲ့ပါသေးတယ်။

Photo: Li John

ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ် တစ်ဦးဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးတွင် National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်နိုင်ခဲ့သူတစ်ဦး လည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမကို သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ မြင်တွေ့နေရပါပြီ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတဲ့သူတစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ


က္က