မျှော်နေတဲ့ ပရိသတ်တွေ ရှိလား။

90 Born တွေရဲ့ အသည်းစွဲ မိန်းကလေး Girls Band တစ်ခုဖြစ်တဲ့ No အဖွဲ့ကတော့ မကြာခင်မှာ ပရိသတ်တွေကို ခံစားမှု ရသအသစ်တွေ ပေးစွမ်းနိုင်အောင် ပြင်ဆင်လို့နေပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုကို ယနေ့ထက်ထိ ပိုင်ဆိုင်ထားနိုင်တဲ့ No အဖွဲ့ကတော့ သီချင်းအသစ်တွေ ထွက်နိုင်အောင် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။



“လတ်တလောအနေနဲ့တော့ သီချင်းတွေ ဆက်ဆိုဖို့ ရှိပါတယ်။ လုပ်ထားပြီးသားတွေလည်း ရှိပါတယ်။ အသစ်တွေ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အဟောင်းတွေဆိုရင်လည်း ပရိသတ်တွေအရမ်းအားပေးခဲ့တဲ့ သီချင်းတွေဆိုရင် ဗားရှင်း အသစ်လေးတွေနဲ့တော့ ပြန်လုပ်ချင်တယ်”လို့ အဖွဲ့ဝင်ဖြစ်သူ ရည်မွန်က ဆိုပါတယ်။

Photo : ရတနာ

ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေသလို ဖြစ်တဲ့ သူတို့ဟာ အခုမှ သီချင်းသစ်တွေ ပြန်လုပ်ရတဲ့ ခံစားချက်ကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

“အရမ်းကြာသွားပြီးမှ ပြန်လုပ်တော့ ဟိုးအရင်တုန်းကလို ပထမဆုံးအခွေလုပ်ခဲ့သလိုမျိုးပဲ စိတ်လှုပ်ရှားတယ်။ အဲတုန်းက ကြိုးစားခဲ့တဲ့ ကြိုးစားမှုလေးတွေနဲ့ ကြိုးစားချင်တယ်။သီချင်းကတော့ အမတို့အဖွဲ့ဆိုနေကျ အတိုင်းလေးပဲ ဆိုဖို့ ရှိမှာပါ” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : ရတနာ

ယနေ့အချိန်ထိ No အဖွဲ့ကို သီချင်းတွေ ဆိုစေချင်ကြတဲ့ ပရိသတ်တွေ ရှိနေသေးလို့လည်း အရမ်းကို ကျေးဇူးတင်တယ်လို့ အဖွဲ့ဝင် ရတနာက ပြောပါတယ်။

“ဒီအချိန်ထိ No အဖွဲ့ကို သီချင်းတွေဆိုစေချင်ကြတယ်။စာတွေလည်း ပို့ကြတယ်။ နှမြောကျတယ်ဆိုတော့လေ။ အားလည်းနာတယ်။ သီချင်းတွေလည်း လုပ်ဖြစ်မှာပါ။ အခုချိန်ထိ အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။

No အဖွဲ့ဟာ 90 Born တွေ အရမ်းကို ကြိုက်ခဲ့တဲ့ မိန်းကလေး အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က