လှေပေါ်မှာ ရူးပေါက်ချင်ခဲ့တဲ့ အမှတ်တရ။
Sabal Thwin

ခင်သဇင်က အပျိုပေါက်အရွယ် ခရီးသွားတဲ့အချိန်တုန်းက လမ်းမှာ ထီးတွေကာပြီး အပေါ့သွားခဲ့ရတဲ့ အကြောင်းပြောလာပါတယ်။

ခင်သဇင်က မကြာခင် ခရီးသွားကောက်ကြောင်း(၇) မှာပါဝင်ရတော့မယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ခရီးသွားရတာကို ဝါသနာပါသူဖြစ်ပြီး ငယ်ငယ်တုန်းက ခရီးသွားရင်း လမ်းမှာ ကြုံတွေ့ခဲ့ဖူးတဲ့ ဟာသတစ်ခုကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’သွားခဲ့တဲ့နေရာတွေလည်း အများကြီးပဲ။ ပြည်တွင်းခရီးစဉ်က မှတ်မှတ်ရရဆိုရင်တော့ ၆ တန်းလောက်တုန်းက မိသားစုနဲ့ အတူတူ အင်းလေးကို ခရီးသွားကြတာ။ လှေစစီးကာစကတော့ အရမ်းပျော်တာပေ့ါ။ လှေ လမ်းတစ်ဝက်လောက်လည်းရောက်ရော အရမ်းရှုးပေါက်ချင်တာ၊ ၆တန်းအရွယ်ဆိုတော့ အပျိုပေါက်အရွယ်လည်းဖြစ်နေပြီ ရှုးကလည်း အရမ်းပေါက်ချင်တာ မရတော့ဘူးဆိုတော့ ကြွတ်ကြွတ်အိတ်နဲ့ ပေါက်လိုက်ရတယ်။ အဲဒါကတော့ အင်းလေးသွားတိုင်း အဲဒီ ဖီလင်က ပြန်ပြန်ဝင်လာတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၄ ရက်နေ့က ‘’မြင့်မိုရ်ဝှက်တဲ့ ပုစ္ဆာ’’ ဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Khin Thazin

အခုဆိုရင်တော့ ခရီးသွားခါနီးရင် အပေါ့အပါးကြိုတင်သွားထားတာတွေရှိတယ်လို့ ခင်သဇင်ကပြောပါတယ်။

‘’အရွယ်ရောက်လာမှ သွားတဲ့ခရီးကကျတော့လည်း မသွားခင် အိမ်သာကို ၃ ခါ ၄ ခါလောက်သွားတာ။ ငယ်ငယ်တုန်းကကျတော့ မအောင့်နိုင်ခဲ့ဘူးလေ။ ကြီးလာတော့မှ နည်းနည်း တော်သွားသေးတာ။ ငယ်ငယ်တုန်းကဆို ငိုတောင် ငိုချင်တာ အရမ်းငိုပြီး လှေပေါ်ကနေ ခုန်ချချင်တာ။ နောက်ဆုံး မရတော့ဘူးဆိုတော့ အိမ်ကလူတွေက ထီးတွေနဲ့ ကာပေးပြီးတော့ ရှုးပေါက်လိုက်ရတယ်။ မှတ်မှတ်ရရ ကျန်ကျောင်းအိတ်နဲ့လား မသိဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

Photo: Khin Thazin

ခင်သဇင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါတယ်။ အဲဒီနောက် သူမဟာ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အဆက်မပြတ် ပြုစုစောင့်ရှောက်ပေးနေသူ တစ်ဦးပါ။ ခင်သဇင်က အနုပညာအလုပ်လည်း လုပ်နေတာဖြစ်သလို ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း စီးပွားရေးပါရဂူ ဒေါက်တာဘွဲ့ယူဖို့ ကြိုးစားနေသူဖြစ်ပါတယ်။




က္က