ကျေးဇူးသိတတ်သူတစ်ယောက်ပါ။

ဒိန်းဒေါင်ကတော့ သရုပ်ဆောင် တစ်ယောက်မဖြစ်ခင် ဆိုင်းသမားဘဝတုန်းက ဗေလုဝရဲ့ ကျေးဇူးတွေ ရှိခဲ့ဖူးတဲ့အကြောင်း ပြောပြလာပါတယ်။ 

ဒိန်းဒေါင်ကတော့ သူ့ရဲ့ အပေါ် ကျေးဇူးရှိခဲ့ဖူးတဲ့ အနုပညာရှင်တွေထဲမှာ ဗေလုဝက ပထမဆုံးလူပါလို့ ဆိုပါတယ်။ သရုပ်ဆောင်လောကထဲကို မဝင်ရောက်ခင်ကတည်းက ကူညီပေးခဲ့သူပါလို့ Duwun ကနေ ပြောပြလာပါတယ်။



“ ဦးဗေဆိုတာက ဒိန်းဒေါင်ရယ်လို့ ပရိသတ်သိအောင် လုပ်ပေးခဲ့တဲ့ လူတွေထဲမှာ သူက ထိပ်ဆုံးကပါ။ အရင်တုန်းက ဆိုင်းဝိုင်းတွေ နောက်လိုက်ဘဝမှာ ကိုယ်က သွက်သွက်လက်လက် ပြတ်လုံး ပြတ်တတ်တော့ သူ့ထက်အရင်ကျော်မှာစိုးပြီး မခေါ်ကြတဲ့ လူတွေရှိခဲ့ပေမယ့် ဗေကြီးကတော့ ကျွန်တော့်ကို ခေါ်သုံးပေးတယ်။ ဒိန်းဒေါင်ဆိုတာ ဖြစ်လာတဲ့ နာဂလှိုင်ဂူဘုရားပွဲမှာဆိုရင် ဦးဗေက ကျွန်တော်တို့ အဖွဲ့ကို လာကူညီပေးတယ်။ ပရိသတ်တွေကလည်း ဗေလုဝလာမယ်ဆိုတော့ စုပြုံပြီးရောက်နေကြတာပေါ့။ ဦးဗေက ဧည့်သည်ဆိုတော့ သီချင်းဆို ပြတ်လုံးနည်းနည်းပြတ်ပြီး ပြန်သွားပေမယ့် ဆက်ပြီးတော့ ကျွန်တော်တို့က ပြတ်လုံးပြတ်ကြတဲ့ အချိန်မှာ မှတ်တမ်းဗီဒီယိုလေးရိုက်ထားရင်းနဲ့ ပရိသတ်ကြားထဲ ရောက်သွားတာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: Daing Daung

ဒိန်းဒေါင်အနေနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတဲ့ အချိန်မှာလည်း လူရွှင်တော် ရှက်တယ်၊ ထင်ပေါ် တို့နဲ့ ရင်းရင်းနှီးနှီး ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီ သူငယ်ချင်း နှစ်ယောက်ဟာ သူ့အတွက် ကျေးဇူးရှင်တွေပါပဲလို့ သူက ပြောပါတယ်။ 

“ ကိုယ်ကတော့ ကျေးဇူးရှိခဲ့ဖူးသူတွေအားလုံးကို တတ်နိုင်သလောက် ကူညီပါတယ်။ လူရွှင်တော် ရှက်တယ်ဆိုရင် ကျွန်တော် တော်တော်အဆင်မပြေတုန်းက ငွေ(၂၄၀၀)ပေးဖူးတယ်။ သူသေဆုံးသွားတဲ့ အချိန်မှာ ရလာတဲ့ ကူငွေတွေကို မိဘမဲ့ကလေး(၅) ယောက်ကို ရှင်ပြုပေးခဲ့တယ်။ ထင်ပေါ်သေတုန်းကလည်း သူ့အိမ်မသွားနိုင်ပေမယ့် ကောင်းမှုလေးတွေ လုပ်လေ့ရှိပါတယ်။ ကျွန်တော်က ကျေးဇူးသိတတ်တဲ့လူတစ်ယောက်ပါ" ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။  

Photo: Daing Daung

ဒိန်းဒေါင်ကတော့ အခုလက်ရှိမှာ ကိုယ်ပိုင်ဇာတ်သဘင် တည်ထောင်ထားတာပေမယ့် Covid ကာလကြောင့် နယ်လှည့်ဖျော်ဖြေရေးတွေ ရပ်နာထားတယ်လို့ သိရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒိန်းဒေါင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူ ခင်လှိုင်နဲ့ TV Program တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က