ပြိုင်ပွဲက တက်လာတဲ့သူဖြစ်လို့ ကြိုးစားမယ်။

သားငယ်က သီချင်းဟောင်းတွေ ကို ပြန်လည်သီဆိုနေရတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို ရင်ဖွင့် ပြောပြလာပါတယ်။ သီချင်းပိုင်ရှင်တွေကိုလည်း တောင်းပန်စကား ဆိုလာပါတယ်။

Photo: Thar Nge

သားငယ်ဟာ အခုဆိုရင် ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုလာရတဲ့ အဆိုတော်တစ်ယောက်ဖြစ်လာပါပြီ။ သူဟာ ဖျော်ဖြေပွဲတွေမှာ စီနီယာအဆိုတော်တွေရဲ့ သီချင်းတွေကို ပြန်လည်သီဆိုရတဲ့အပေါ် ရှက်မိတယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ အဆိုတော် တစ်ယောက်ဖြစ်ဖို့အတွက် သီချင်းက အဓိက လိုတာပဲလေ။ ပွဲတွေမှာလည်း သူများ သီချင်းတွေ ဆိုရတာ ရှက်နေပါပြီ။ ကျွန်တော် သူများ သီချင်းတွေ မဆိုချင်တော့ဘူး။ ပွဲတွေသွားရင် မမမိုး သီချင်းတို့ တခြားသီချင်းတွေလည်း ဆိုရတာပေါ့။ ပြီးရင် မင်းသီချင်းကို ငါတို့ မသိသေးဘူးဆိုရင်လည်း ဆိုရတာပဲ။ ပွဲရှင်ကို သွားပြီး ကျွန်တော့်သီချင်းမဟုတ်ရင် မဆိုနိုင်ဘူးဆိုရင်တော့လည်း မဖြစ်ပြန်ဘူး’’ လို့ သူကဆိုပါတယ်။

Photo: Thar Nge

သားငယ်ဟာ Myanmar idol ပြိုင်ပွဲ ပြီးသွားတဲ့အချိန်မှာတော့ ‘’လမ်းကလေး’’ ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိနိုင်ခဲ့ပါတယ်။ နောက်ထပ် ကိုယ်ပိုင်သီချင်းလေးတွေ ဖန်တီးဖို့ကိုလည်း ကြိုးစားနေတယ်လို့ ပြောထားပါသေးတယ်။

‘’ ကိုယ့်သီချင်းလေးနဲ့ ကိုယ် အောင်မြင်အောင် ကြိုးစားဖို့ကတော့ အဆိုတော်တိုင်းမှာ တာဝန်ရှိတယ်လေ။ ကျွန်တော်တို့မှာက ပိုတာဝန်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲက တက်လာတဲ့သူ ဆိုတော့ ကျွန်တော်လည်း ကြိုးစားနေပါတယ်’’ လို့ မတ်လ ၆ ရက်နေ့က ‘’ပထမသုံး’’ တေးစီးရီး မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Thar Nge

သားငယ်ဟာ ဖျော်ဖြေပွဲမှာ သီဆိုခဲ့တဲ့ သီချင်းတွေရဲ့ ပိုင်ရှင်တွေကိုလည်း လေးစားစွာနဲ့ တောင်းပန်စကားပြောခဲ့ပါတယ်။ သီချင်းရှင်တွေကိုလည်း ကိုယ်ချင်းစာတယ်လို့ သူကဆိုပါတယ်။

‘’ ကျွန်တော် ဆိုနေတဲ့ သီချင်းရှင်တွေ အားလုံးကို တောင်းပန်ပါတယ်လို့။ ဥပမာပြောရရင် သူတို့လည်း ပွဲဆိုချင်မှဆိုရမယ် ဒါပေမယ့် သူတို့သီချင်းတွေနဲ့ ကျွန်တော်တို့ကျတော့ ပွဲသွားရတယ်ဆိုတော့ သိပ်လည်း တရားသလိုတော့ မခံစားရဘူး။ သူတို့နေရာမှာ ကျွန်တော်ဆိုလည်းဖြစ်မှာပဲ။ သူတို့ အများကြီးရင်းနှီး ထားရတာလေ။ ကျွန်တော်တို့ ဘက်က မှားပါတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: Thar Nge

အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ "လမ်းကလေး" လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဟာလည်း ဖေဖော်ဝါရီ(၂) ရက်နေ့က ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။အဲ့ဒီအခွေလေးဟာ ပရိသတ်အားပေးမှု ရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။



က္က