loading...

loading...

loading...

ပရိသတ်အားပေးမှု အများကြီးရခဲ့တဲ့ သီချင်းလေးအတွက် ဝမ်းသာနေပါတယ်တဲ့။
Sabal Thwin

ဝေကြီးကတော့ ပရိသတ်စိတ်ဝင်စားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ဖို့ ဖန်တီးရတာ တော်တော် စဉ်းစားရတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင် သီဆိုပြီး အောင်မြင်ခဲ့တဲ့ “လိုင်းပေါ် မတင်ပါနဲ့” သီချင်းလေးကလည်း တခြားအဆိုတော်အတွက် ရေးခဲ့တာဖြစ်ပေမယ့် သူဆိုလိုက်မှ အဆင်ပြေသွားခဲ့တာလို့ ဆိုပါတယ်။ 

Photo: Wai Gyi

“လိုင်းပေါ် မတင်ပါနဲ့” ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်ကြားမှာရေပန်းစားခဲ့တဲ့ တေးရေး၊ တေးဆို ဝေကြီးကတော့ ဒီသီချင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေပြောလာပါတယ်။ အဆိုတော် တစ်ယောက်ကို ပေးခဲ့ပေမယ့် အဆင်မပြေလို့ သူ့ဆီပြန်ရောက်လာတဲ့ သီချင်းဖြစ်တယ်လို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။ 

“ ဒီသီချင်းလေးကို ရေးထားရင်းနဲ့ အဆိုတော် တစ်ယောက်ကို ပေးဖူးသေးတယ်။ သူနဲ့ အဆင်မပြေလို့ ကျွန်တော့်ဆီပြန်ရောက်လာတော့ ကျွန်တော် ဆိုကြည့်တယ်၊ ကျွန်တော်နဲ့ အဆင်ပြေလို့ လိုင်းပေါ် တင်ဖြစ်သွားတယ်။ အနုပညာဆိုတာက လွတ်လွတ်လပ်လပ် ပုံဖော်တယ်၊ အရောင်ဆိုးလို့ မရဘူး။ အဲဒီအပေါ်မှာ ပရိသတ်လက်ခံတယ်၊ လက်မခံဘူးဆိုတာ ပရိသတ်က ဆုံးဖြတ်တာဖြစ်တဲ့အတွက် အားပေးမှုများလာတဲ့အပေါ် ဝမ်းသာပီတိဖြစ်မိပါတယ်” လို့ ဆိုပါတယ်။ 

Photo: Wai Gyi

ဝေကြီးဟာ သီချင်းရေးတဲ့အခါမှာလည်း အောင်မြင်သလို၊ သီချင်းသီဆိုတဲ့အခါမှာလည်း ပရိသတ်အကြိုက်တဲ့ ထပ်တူကျတဲ့ သီချင်းတွေ ဆိုတာများပါတယ်။ “လိုင်းပေါ် မတင်ပါနဲ့” သီချင်း ထဲက စာသားတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျဖို့ ကြိုးစားခဲ့ရတယ်လို့ ဝေကြီးက ပြောပါတယ်။ 

“ အဓိက ကတော့ သူများနဲ့ မတူတဲ့ အိုင်ဒီယာမျိုးတွေကို စဉ်းစားရတယ်၊ သူများ နားမထောင်ဖူးတဲ့ သံစဉ်ရော၊ စာသားရော သေချာစဉ်းစားရတာပေါ့။ ထူးခြားသွားတာက ပြတ်တဲ့အကြောင်းတွေကို လိုင်းပေါ်မတင်ပါနဲ့ ဆိုတဲ့ဟာလေးက နည်းနည်း ထူးခြားသွားတာပေါ့နော်။ ဒါလေးက ကွာခြားသွားတာပေါ့။ စိတ်ညစ်စရာဆိုလည်း လိုင်းပေါ်မတင်နဲ့ Only Me နဲ့ထားပေါ့နော်။ ပျော်စရာဆိုရင်တော့ Public နဲ့တင်ပေါ့” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းက ဝိုင်းလေးရဲ့ တေးစီးရီးမိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: KOE

ဝေကြီး ကိုယ်တိုင် သီဆိုပြီး အောင်မြင်ခဲ့တဲ့ သီချင်းတွေကတော့ “တိမ်ငိုသောနေ့” ၊ “ သတိရတာထက်ပိုတယ်” ၊ “အသည်းကွဲ”၊ “လိုင်းပေါ် မတင်ပါနဲ့” စတဲ့ သီချင်းတွေကို ဝေကြီး ဆိုခဲ့တာပါ။ သူကိုယ်တိုင်ရေးသားပြီး အဆိုပညာရှင်တွေ သီဆိုခဲ့တဲ့ သီချင်းကတော့ “ဆေး” ၊ “အဖြူရောင်” ၊ “အသည်းကွဲ ဧည့်သည်” ၊ “အလကားပဲ” ၊ “အသည်းကွဲ အထိမ်းအမှတ်” စတဲ့ သီချင်းတွေကလည်း လက်ရှိမှာ အရမ်းကို အောင်မြင်နေတာ တွေ့ရပါတယ်။ သူကိုယ်တိုင်ရေးသားထားတဲ့ သီချင်းတွေလည်း အများကြီး ထပ်ရှိပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က