သူငယ်ချင်းတွေက တွဲနေကြတယ်လို့တောင် ထင်နေတယ်လို့ ပြောပါတယ်။
Sabal Thwin

ချယ်ရီသင်းဟာ “ မ လို့ပဲခေါ်” သီချင်းလေးထဲမှာ တွဲဖက်သရုပ်ဆောင်အဖြစ် သီဟအောင် ကို ရွေးချယ်လိုက်တဲ့အကြောင်း ပြောပြလာပါတယ်။ 

အဆိုတော် ချယ်ရီသင်းကတော့ သူမရဲ့ သီချင်းအသစ်လေးဖြစ်တဲ့ “ ‘မ’ လို့ပဲခေါ်” ဆိုတဲ့ သီချင်းမှာ သီဟအောင်နဲ့ တွဲဖက် သရုပ်ဆောင်ဖြစ်ခဲ့တဲ့ အကြောင်းပြောပြလာပါတယ်။ သူတို့ နှစ်ယောက်ကို တကယ် တွဲနေတယ်လို့ ထင်တဲ့ပရိသတ်တွေရှိတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။ 

“ ဒီ MTV ထဲက ကာရိုက်တာက သူနဲ့လိုက်တယ်။ သူငယ်ချင်းတွေကို ပြောပြတုန်းက သူနဲ့ ကြိုက်နေတယ် ထင်တာ။ အဲဒီတော့ နင်တို့ ထင်တယ်မဟုတ်လား ထင်ချင်လည်း ထင်ပေါ့။ ငါကတော့ ဒီလိုပုံစံလေး ရိုက်မယ် ဆိုပြီးတော့ သူ့ကို ရွေးချယ်ဖြစ်သွားတာပါ။ Tik Tok တော့မှာ ဆိုပြလိုက်တုန်းကလည်း Comment တွေ လာပြောကြတယ်။ သီဟအောင်နဲ့ ကြိုက်တော့မှ မ တွေ မောင်တွေ ဆိုတာလားပေါ့။ မမက အရောက်ပို့လိုက်တာ”ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

“မ လို့ပဲခေါ်” ဆိုတဲ့ MTV လေးထဲက သီချင်းစာသားလေးတွေရဲ့ အကြောင်းကိုလည်း ချယ်ရီသင်းက အခုလို ပြောပြလာပါသေးတယ်။ 

“ မမတွေရဲ့ အချစ်ကို ပြတာပါ။ မမတွေကို ချစ်ရင် ဘယ်လောက် စိတ်ချမ်းသာတယ် ဆိုတာကို ပြောချင်တာ။ မမတွေက အရမ်းချစ်တတ်တယ်။ အနစ်နာခံတတ်တဲ့ စိတ်နဲ့ ချစ်တယ်။ မမတွေသည်သာ အချစ်တတ်ဆုံးသူ များ သာ ဆိုတဲ့ အကြောင်းကို ပြောပြထားတာပါ” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

“ မ လို့ပဲခေါ်” သီချင်းလေးထဲမှာ သီဟအောင် နဲ့ ချယ်ရီသင်း တို့ရဲ့ Romantic အခန်းလေးတွေ ထည့်ထားတယ်လို့လည်း ချယ်ရီသင်းက ပြောပါတယ်။ သူမကတော့ ဂီတလောကမှာ ဖခင်ဖြစ်စေချင်တဲ့အဆိုတော်ကောင်းတစ်ယောက်ဖြစ်အောင် ဆက်ပြီး ကြိုးစားသွားမယ်လို့ Duwun ကနေတဆင့် ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ချယ်ရီးသင်းကိုတော့ ‘’ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်’’ ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေ စတင်သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ Shwe FM ဂီတ ဆုပေးပွဲမှာလည်း အဲဒီသီချင်းနဲ့ပဲ Shwe FM Facebook Page မှတဆင့် သီချင်းတောင်းဆိုမှု အများဆုံး အမျိုးသမီးဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က