၁၀ စုနှစ် ဂီတခရီးကိုဖြတ်သန်းလာခဲ့ပြီဖြစ်ပါတယ်။

ဗီဗာဟိန်းကတော့ အနုပညာနဲ့ ပတ်သက်တဲ့ သူမရဲ့ ရည်မှန်းချက်တွေကို ပြောပြလာပါတယ်။ သူမရဲ့ ဂီတ သက်တမ်းကတော့ ၁၀ နှစ်ကျော် ကာလတစ်ခုကို ရောက်ရှိလာပြီဖြစ်ပါတယ်။ 

Photo: Bi Bier Hein



အလှူပွဲ၊ ကထိန်ပွဲတွေမှာဆိုရင် မပါမဖြစ် သီချင်းတွေဖြစ်တဲ့ ‘’အလှူအိမ်ကို ကြွကြပါဗျို့’’၊ ‘’ကိုကြီးကျော်’’ စတဲ့ သီချင်းတွေကို သီဆိုတဲ့ ဗီဗာဟိန်းရဲ့ ဂီတသက်တမ်းကတော့ ၁၀ စုနှစ်ကျော်လာပြီဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေနည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှုတွေရရှိနေသေးတာကြောင့် ဝမ်းသာတယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ 

‘’၁၀စုနှစ်ကြာသည်အထိ ဗီဗာ့အပေါ်မှာရော၊ သီချင်းတွေကိုပါ အားပေးကြတာ အရမ်းပျော်တယ်။ အလှူအိမ်ကို ကြွကြပါဗျို့ သီချင်းလေးကလည်း အခုချိန်ထိ ပရိသတ်တွေ လက်ခံနေတယ်။ ကိုကြီးကျော်သီချင်းဆိုရင်လည်း ဗီဗာဟိန်းနဲ့ ခွဲလို့မရဘူးလေ။ အဲဒီအတွက်လည်း အရမ်းချစ်ပါတယ်။ ဗီဗာလည်း ဆက်ပြီးတော့ ကြိုးစားသွားပါမယ်’’ လို့ သူကဆိုပါတယ်။ 

Photo: Bi Bier Hein

ဗီဗာဟိန်းကတော့ အနုပညာမျိုးရိုးက ဆင်းသက်လာသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူမရဲ့ ဖခင်ကတော့ အဆိုတော်ကြီး ဦးဗိုဟိန်းဖြစ်ပါတယ်။ ဗီဗာဟိန်းဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက ဖခင်ဖြစ်သူရဲ့ သီချင်းတွေကို ခေတ်ကာလနဲ့အညီပုံစံပြောင်းပြီး သီဆိုခဲ့တဲ့သူပါ။ 

‘’ ကိုယ်တိုင်ကလည်း ဂီတအလုပ်ကို စလုပ်ကတည်းက အမြူးပဲ ဆိုချင်တဲ့သူလေ။ ဒီသီချင်းကိုလုပ်မယ်ဆိုတော့ အဖေက ဆိုင်းနဲ့ပဲတီးမယ်လို့ထင်ထားတာ။ တကယ့်တကယ်ကျတော့ Remix ပုံစံလေး လုပ်ထားတာ မိုက်လိုက်တာပေါ့။ အသံသွင်းတုန်းကလည်း ဆိုနေရင်းနဲ့ ကနေတာ။ ဒါကြောင့်လည်း ဒီသီချင်းလေးတွေ လုပ်ကတည်းက ပျော်နေခဲ့ရတာပါ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့က ဟန်ထူးဈာန်ရဲ့ ‘’နန်း’’တေးစီးရီးမိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Bi Bier Hein

ဂီတအလုပ်နဲ့ ပတ်သက်လာရင်လည်း ဗီဗာဟိန်းက အရမ်းရူးသွပ်သူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ပိုင်သီချင်း ကောင်းကောင်းလေးတွေကိုလည်း ဖန်တီးပေးချင်သေးတယ်လို့ ဆိုပါတယ်။ 

‘’အနုပညာသမားတိုင်းကတော့ ကိုယ့်ရဲ့ သီချင်းအတွက် အမြဲတမ်းမျှော်လင့်ချက်ထားကြတာပဲလေ။ အကောင်းဆုံးလုပ်ကြတာချည်းပါပဲ။ ပရိသတ်လက်ခံတာနဲ့ လက်မခံတာပဲကွာသွားတာပါ။ ဖခင်ဖြစ်သူရဲ့ သီချင်းကို သူ့သမီးက ပြန်ဆိုတဲ့အချိန်မှာ Varsion လေး တစ်မျိုးပြောင်းပြီး သီဆိုထားတဲ့အတွက် ဖေဖေ့ကိုလည်း ချစ်သလို သမီးကိုလည်း အားပေးကြပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Bi Bier Hein

သူမဟာ ဂီတပိုင်းသာမက ဝါသနာပါတဲ့ သရုပ်ဆောင်ပိုင်းကိုလည်း လုပ်ကိုင်နေသူ တစ်ယောက်ပါ။ ဗီဗာဟိန်းဟာ သရုပ်ဆောင် တစ်ယောက် အနေနဲ့ ၂၀၁၁ ခုနှစ်ကတည်းက ဓနခ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ဗီဒီယို ဇာတ်ကား တစ်ကား ပထမဆုံးအကြိမ် စတင်ရိုက်ကူးခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ''မျက်ခုံးပေါ်က လမ်းမ''ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးပြီး သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာလည်း သရုပ်ဆောင်နေထူးနိုင်နဲ့အတူ ဇာတ်ကား ၂ကားရိုက်ခဲ့ပြီး သူကိုယ်တိုင်ရိုက်ကူထားတဲ့ ဘုတ်မ ဆိုတဲ့ ဗီဒီယို ဇာတ်ကားလေး လည်း ရိုက်ကူးထားတယ်လို့ Duwun Mediaရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးဖူးခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က