ဘယ်ဘက် မျက်စိဆိုရင် လုံးဝ မကောင်းတော့ပါဘူး။
Sabal Thwin

အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေပြီဖြစ်တဲ့ လူရွှင်တော်ကြီး ချစ်စရာကတော့ သူ့ရဲ့ လက်ရှိကျန်းမာရေး အခြေအနေကို ဖွင့်ဟပြောပြလာပါတယ်။ 

ဟာသလူရွှင်တော်ကြီး ချစ်စရာကတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့တာ တော်တော်ကြာနေပါပြီ။ လက်ရှိမှာလည်း ဆီးချိုရောဂါကို ခံစားနေရပါတယ်တဲ့။ လက်ရှိ သူ့ရဲ့ ကျန်းမာရေး အခြေအနေကို Duwun ကနေ ပြောပြလာပါတယ်။ 

" ကျန်းမာရေး အခြေအနေကတော့ ဆီးချိုက အနှစ်(၂၀) ကျော်သွားပြီ။ ပြီးတော့ ဘယ်ဘက် မျက်လုံးက ကွယ်သွားပြီ။ ညာဘက် မျက်လုံးက ၃ ပုံ ၊ ၁ ပုံပဲ ကောင်းတော့တယ်။ ဆီးချိုရောဂါကြောင့် ဘာတွေ ဆက်ဖြစ်နိုင်သေးသလဲဆိုတော့ နှလုံး တို့၊ ကျောက်ကပ်တို့ ထိနိုင်တယ်။ ဒါပေမယ့် တော်ရုံ တန်ရုံ အမြင်လက္ခဏာတွေကတော့ သွားသွားလာလာ လုပ်နိုင်သေးတော့ နည်းနည်းကောင်းတယ်လို့ ယူဆရမှာပေါ့နော်" လို့ သူက ဆိုပါတယ်။ 

Photo: Chit Sayar

ဦးချစ်စရာ ဟာ အသက် (၇၂) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ ကျန်းမာရေး အခြေအနေ ကောင်းတဲ့သူ မဟုတ်ပေမယ့် သွားနိုင် လာနိုင်လောက်တဲ့ အခြေအနေ ရှိနေပါသေးတယ်လို့ ဆက်လက် ပြောပြလာပါတယ်။ 

" ဆီးချိုရောဂါရဲ့ ဖိစီးမှု ဒဏ်ကတော့ ဆိုးမလား၊ ကောင်းသလားလည်း တိတိကျကျပြောပြလို့မရဘူး။ ရောဂါရဲ့ နောက်ဆက်တွဲတွေကိုလည်း ဖြစ်လာမှ ဆရာဝန်ကို သွားပြရင် သိမှာပေါ့နော်။ ကျန်းမာရေးကလည်း အရမ်းကြီး ကောင်းနေတဲ့လူတော့ မဟုတ်ပါဘူး။ အခုကတော့ အသက်(၇၂) နှစ်ရှိပြီ။ "ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံး သက်ကြီး ပူဇော်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Chit Sayar

ဦးချစ်စရာက အနုပညာလောကထဲကို လူရွှင်တော် တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အရပ်ပုပု ၊ လူကောင်သေးသေး ၊ အသံစူးစူး လေးတွေကတော့ ဦးချစ်စရာကို ပရိသတ်တွေ သတိထားမိစေခဲ့တဲ့ အားသာချက်ဖြစ်ပါတယ်။ အဲဒီနောက် TV ကြော်ငြာတွေ ရိုက်ကူးလာခဲ့ရသူဖြစ်ပြီး ဗီဒီယို ဇာတ်ကား များစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ရသည်အထိ ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ ဝါရင့် အနုပညာရှင် ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း(၃၀) ကျော်ရှိခဲ့ပါပြီ။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က