သူဘာတွေ ပြောင်းလဲလာသလဲဆိုတာကို ပြောပြလာပါတယ်။

မူးလာကတော့ အဆိုတော် တစ်ယောက်ဖြစ်လာတဲ့ အချိန်မှာ ဆင်ဆင်ခြင်ခြင်နေတတ်လာတတ်ပုံတွေကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Moo Ler



မူးလာကတော့ Myanmar idol သီချင်းဆိုပြိုင်ပွဲမဝင်ခင်တုန်းက ပုံစံနဲ့ အဆိုတော် တစ်ယောက် ဖြစ်ပြီး နောက်မှာ ပြောင်းလဲသွားတဲ့ သူ့ရဲ့ ပုံစံကို ပြောပြလာပါတယ်။ အရမ်းသိသာလောက်အောင် ပြောင်းလဲ လာခဲ့တာပါလို့ Duwun ကို ဖြေဆိုခဲ့တာပါ။ 

“ အရင်တုန်းက မူးလာနဲ့ အခု မူးလာပုံစံက အများကြီးကွာတာပေါ့။ အရမ်းလည်း သိသာတယ်။ အရင်တုန်းက မူးလာက ယဉ်ကျေးတဲ့သူမဟုတ်ဘူးလေ။ အခုထိပါပဲ။ ဒါပေမယ့် အနုပညာအလုပ်လုပ်လာပြီဆိုတော့ ကျွန်တော်တို့ အနောက်မှာ အားပေးတဲ့ ပရိသတ်တွေရဲ့ မျက်နှာကို ကြည့်ပြီးတော့ သူတို့မျက်နှာ မငယ်ရအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံးနေသင့်တယ်။ တေးသံရှင်မူးလာဆိုတဲ့ နာမည်နဲ့ အများကြီး ထိန်းသိမ်းလာရတာတွေရှိသလို အပြင်က စောခရစ်မူးလာနဲ့တော့ အများကြီး ပြောင်းလဲသွားတာတွေရှိတာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: Moo Ler

မူးလာဟာ သြဂုတ်လ(၁၀)ရက်နေ့တုန်းက “ပတ်ဝန်းကျင်” ဆိုတဲ့ Single Song လေး ထွက်ရှိခဲ့ပါတယ်။ ဒီသီချင်းလေးဟာ မူးလာအတွက်တော့ Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲပြီးတဲ့နောက် ပထမဆုံး ထွက်ရှိလာတဲ့ သီချင်းဖြစ်ပါတယ်။ “ပတ်ဝန်းကျင်” သီချင်းလေး သီဆိုရခြင်းနဲ့ ပတ်သက်ပြီး မူးလာက အခုလို ပြောပြလာပါတယ်။ 

“ အကျိုးပြုသီချင်းကို ဆိုတဲ့အခါမှာ ကိုယ်တိုင်က အကျိုးပြုချင်စိတ်မရှိရင် ဆိုဖို့ မလွယ်လောက်ဘူးထင်တယ်။ ထိုနည်းတူပဲ အချစ်သီချင်းကို ကိုယ်မချစ်တတ်ရင်တောတင် ဆိုရတာပဲလေ။ ကိုယ်က အသည်းကွဲနေလို့ အချစ်သီချင်းဆိုမယ်ဆိုရင်လည်း ချစ်ပစ်လိုက်ရတာပဲ။ ဒါဟာ သီချင်းဆိုတဲ့ လူတွေရဲ့ တာဝန်ပါပဲ။ သီချင်းတစ်ပုဒ်ရဲ့ အသက်သည် ဆိုတဲ့ သူတွေရဲ့ ခံစားချက်နဲ့ သက်ဆိုင်တာပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Moo Ler

မူးလာကိုတော့ Myanmar Idol(Season-4) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ဂီတကို ဝါသနာပါလွန်းသူဖြစ်တာကြောင့် မိသားစုနဲ့ အတိုက်အခံလုပ်ပြီး ဂီတလမ်းကြောင်းအပေါ် လျှောက်လှမ်းလာတာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ပြောပြခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ မူးလာဟာ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲ Top-5 အဆင့်ထိ Voting နံပတ်ကတော့ 77710 နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က