တစ်ကိုယ်တော်အခွေ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

သရုပ်ဆောင်လှမျိုးသဉ္ဇာနွယ်ကတော့ သူမရဲ့ တစ်ကိုယ်တော်အခွေအတွက် ပရိသတ်အကြိုက်နဲ့ ထပ်တူကျစေဖို့ အများကြီး ကြိုးစားထားတယ်လို့ဆိုပါတယ်။ 

Photo: Hla Myo Thinzar Nwe



လှမျိုးသဉ္ဇာနွယ် ကတော့ သရုပ်ဆောင်အလုပ်သာမက ဂီတအလုပ်ကိုလည်း ဝါသနာပါသူ တစ်ဦးဖြစ်ပါတယ်။မကြာခင်မှာလည်း သူမရဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိတော့မှာ ဖြစ်ပြီး အခွေနာမည်ကိုတော့ "VIP" လို့ပေးထားတာတွေ့ရပါတယ်။တစ်ကိုယ်တော်အခွေ လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ဘယ်လိုပဲ ဖြစ်ဖြစ် ပရိသတ်လက်ထဲကို အရောက်ပို့ရမှာဆိုတော့ ငွေတွေအကုန်ခံထားပြီး အဆဲခံရဖို့အတွက် စိတ်ကူးမရှိဘူးလို့ ဆရာကိုနိုင်ဇော်ကို ပြောဖူးတယ်။ ဘာမှ မဟုတ်ပဲနဲ့ ဘာတွေ လာလုပ်နေတာလဲဆိုရင်တော့ အနုပညာတစ်ခု ဖန်တီးရတယ်ဆိုတာ အချိန်တွေရော၊ စိတ်ဓာတ်တွေရော၊ ငွေတွေရော အများကြီးရင်းထားပြီးတော့ အဆဲခံဖို့ စိတ်ကူးမရှိဘူး” ဆိုပြီးတော့ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက VIP အခွေ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Hla Myo Thinzar Nwe

လှမျိုးသဉ္ဇာနွယ်ဟာ တစ်ချိန်တုန်းက အောင်မြင်တဲ့ မင်းသမီးချောချောလေးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမဟာ မေးစေ့နှစ်ခွ၊ ဆံပင်ရှည်ရှည်၊ အရပ်အမောင်းကောင်းတဲ့ မင်းသမီးဖြစ်တာကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိခဲ့ပါတယ်။ အခုဆိုရင်တော့ အနုပညာသက်တမ်း ဆယ်စုနှစ် နှစ်စုကျော်ကို ရောက်ရှိလို့လာပါပြီ။ 

သူမက သရုပ်ဆောင်အလုပ်မလုပ်ခင်က အက ကိုဝါသနာပါခဲ့တယ်လို့ လှမျိုးသဉ္ဇာနွယ်က ဆိုပါတယ်။ ဒါကြောင့် သရုပ်ဆောင်မော်ဒယ် အက ဆရာမ တင့်တင့်ထွန်းဆီမှာ ပညာသင်ကြားခဲ့တဲ့ အမှတ်တရ တွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။ 

“ မတင့်နဲ့ အကသင်တာက အစ်မ မင်းသမီးတောင် မဖြစ်သေးဘူး။ ဟိုနားတစ်ခန်း၊ ဒီနားတစ်ခန်းပေါ့ ပေါက်စ ဘဝမှာ မတင့်ဆီကိုသွားပြီးတော့ အကသင်တန်းသွားတတ်တာ။အဲဒီအချိန်တုန်းကတည်းက သင်္ကြန်ဆိုရင် မတင့်နဲ့ အတူတူ စင်ပေါ်မှာ တက်ကနေပြီ။ မင်းသမီးဖြစ်တဲ့အချိန်မှာ မတင့်နဲ့ မတွေ့ဖြစ်တော့တာ ဒီနေ့အချိန်ထိပဲ။ အကနဲ့ ပတ်သက်ရင် မတင့်က ဆရာလို့ ပြောလို့ရတာပေါ့” လို့ ဆိုပါတယ်။ 

လှမျိုးသဉ္ဇာနွယ် ကိုတော့ ဗီဒီယို ဇာတ်ကားတွေ၊ တပ်မတော်အကျိုးပြု ဇာတ်ကားတွေ၊ ကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူမဟာ ခင်ပွန်းဖြစ်သူ ကိုအောင်မျိုးသူနဲ့ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ အနုပညာအလုပ်တွေ ရပ်နားခဲ့ပါတယ်။ အခုဆိုရင်တော့ တစ်ဦးတည်းသော သားလေးနဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ရင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေလည်း လုပ်ကိုင်နေတာကို တွေ့ရပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က