သမီးလေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ စိတ်ကူးကို ပြောပြလာပါတယ်။

ဉာဏ်လင်းအောင်ကတော့ သမီးလေးကို သွန်းလင်းရတီ ဆိုပြီးတော့ နာမည်လှလှလေး ပေးထားပါတယ်တဲ့။ သမီးလေးဘဝရှေ့ရေးအတွက် သူ စိတ်ကူးထားတဲ့ အရာတွေကို ပြောပြလာပါတယ်။

ဉာဏ်လင်းအောင်ကတော့ အခုဆိုရင် ချစ်ရတဲ့ ဇနီးချောလေး ချမ်းချမ်းပိုင်နဲ့ အတူ ချစ်စရာကောင်းတဲ့ သမီးလေး တစ်ဦးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူကတော့ သီချင်းမဆိုဖြစ်တဲ့အချိန်တွေဆို သမီးလေးကို ထိန်းကျောင်းတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ သီချင်းဆိုတာနဲ့ ကလေးထိန်းတာဆိုရင် ကလေးထိန်းတာ ပိုခက်တယ်။ ကိုယ့်သူငယ်ချင်းတွေထဲမှာဆိုလည်း ကလေးရှိတဲ့လူတွေရှိပါတယ်။ ဒါပေမယ့် သူတို့က ယောက်ျားလေးတွေဆိုတော့ အလုပ်လုပ်ကြတာပိုများတယ်။ ကျွန်တော်က ကျတော့ ပွဲရှိတဲ့အချိန်ကျမှ သီချင်းဆိုရတာဆိုတော့ ကျန်တဲ့အချိန်က အားနေတာ သမီးနဲ့ အချိန်ပြည့်ရှိတာပေါ့။ ဒါကြောင့်လည်း ကလေးထိန်းရတာ တော်တော်ခက်ပါတယ်။ အခုဆို လေးဘက်ထောက်မသွားသေးဘူး။ ဒါပေမယ့် အိပ်ရာပေါ်ကနေ ခုန်ချတဲ့အကွက်တွေနဲ့ ဆွဲမနိုင်ဘူး’’ လို့ ဆိုပါတယ်။

ဉာဏ်လင်းအောင်ကတော့ သမီးလေးနဲ့ ပတ်သက်ပြီး အကောင်းဆုံးတွေဖြစ်ဖို့ ကြိုတင် စဉ်းစားထားပြီးသားဖြစ်ပါတယ်တဲ့။ အခုဆိုရင်တော့ သမီးလေးကို နာမည်ပေးလိုက်ပြီလို့လည်း သူက ပြောပါတယ်။

‘’ သမီးလေး နာမည်က သွန်းလင်းရတီပါ။ အခုဆိုရင် ၈ လသမီးရှိပါပြီ။ စကားက မပြောသာ မပြောတတ်သေးတာ။ အရမ်းတတ် အရမ်းပြောပဲ။ သူဘဝမှာ အကောင်းဆုံးတွေ ဖြစ်အောင်လို့တော့ Plan ချထားပါတယ်။ ဘယ်ဟာက ဘာဖြစ်တယ်၊ ဘာလုပ်မယ်လို့တော့ မရှိပါဘူး။ သမီးလေးအတွက်ပဲ အဓိက ဦးစားပေး စဉ်းစားထားတာတွေများပါတယ်။ မိန်းကလေးဆိုတော့ လမ်းကြောင်းမှန်လေးအပေါ် ရောက်ဖို့ သင်ကြားပေးရမှာပေါ့’’လို့ ဆိုပြီးတော့ နိုဝင်ဘာလ ၁၂ ရက်နေ့က ‘’ရပ်ကျော် ရွာကျော်’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ဉာဏ်လင်းအောင်ဟာ ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပြီး အိမ်ထောင်ဦးစီး တာဝန်ကို ယူနေရသူဖြစ်ပါတယ်။ ဒါကြောင့်လည်း အနုပညာအပြင် နောက်ထပ် စီးပွားရေးလုပ်ဖို့ကိုလည်း တိုင်ပင်နေတယ်လို့ ပြောပါတယ်။

‘’ ကျွန်တော်လည်း အလုပ်တွေကတော့ လုပ်မှာပါ။ တခြားစီးပွားရေးကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သိပ်လည်းမလုပ်တတ်ဘူးပေါ့။ အနုပညာအလုပ်ကိုပဲ ဝါသနာပါတာဆိုတော့ ဒါပဲ ဆက်လုပ်မယ်ပေါ့နော်။ သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဆိုင်လေး တစ်ဆိုင်ဖွင့်ဖို့တော့ စဉ်းစားထားတာ ရှိတယ်’’ လို့ ဆိုပါတယ်။

ဉာဏ်လင်းအောင်ကိုတော့ ဂီတအလုပ်တွေ စလုပ်ရင်းက ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူဟာ ပထမဆုံးသီချင်းအခွေဖြစ်တဲ့ ‘’သူငယ်ချင်း’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ နဲ့ ပရိသတ်ရင်ထဲကို စတင်ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်တုန်းကလည်း တွန်းအား ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိထားသူတစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က