ဖေဖေ့ ဆီကနေ အနုပညာအလုပ်တွေ သင်ယူနေပါတယ်။

ဂျူးဂျူးသော်ကတော့ ဖခင်ဖြစ်သူ ဦးအောင်သော်ဆီကနေတဆင့် အနုပညာနဲ့ ပတ်သက်တာတွေကို လေ့လာသင်ယူနေပြီလို့ ဆိုပါတယ်။ 

Photo: Ju Ju Thaw



လူရွှင်တော် အောင်သော် ရဲ့ သမီးဖြစ်သူ ဂျူးဂျူးသော်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်နေပြီလို့ သိရပါတယ်။ သူမဟာ ပညာရေးထက် အနုပညာအလုပ်ကို ပိုဦးစားပေးလာတဲ့ ခံယူချက်ကိုလည်း Duwun ကနေ ပြောပြလာပါတယ်။ 

“ အရင်တုန်းကကျတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တဲ့ စိတ်အရမ်းဖြစ်တယ်။ အနုပညာအလုပ် လုပ်ဖို့၊ မလုပ်ဖို့ ဆိုတာတွေကိုလည်း ဂရုမစိုက်သေးဘူး။ ကျောင်းပဲ အရမ်းတက်ချင်ခဲ့တာ ။ အခုချိန်ကျမှ ကိုယ့်ဝါသနာကို ကိုယ်သိလာတယ်လို့ ပြောရမှာပေါ့။ အဲဒီအတွက် ကိုယ်ဝါသနာပါတဲ့ အနုပညာလမ်းကြောင်းကို လျှောက်ချင်တယ်။ ဖေဖေ ခင်းပေးထားတဲ့ လမ်းကြောင်းကို လျှောက်ဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ ဇူလိုင်(၂၀) ရက်နေ့က Duwun ကို ပြောပါတယ်။ 

Photo: Ju Ju Thaw

သရုပ်ဆောင် တစ်ယောက်အဖြစ် ကြော်ငြာရိုက်လာရပြီဖြစ်တဲ့ ဂျူးဂျူးသော်ဟာ ဖခင်ဖြစ်သူဆီက သရုပ်ဆောင် ပညာကိုလည်း သင်ယူနေတယ်လို့ ဆိုပါတယ်။ 

“ အနုပညာအလုပ်တွေနဲ့ ပတ်သက်လာရင် ဖေဖေ့ကိုပဲ တိုင်ပင်တာများတယ်။ ဖေဖေ ကလည်း ပရဟိတအလုပ်တွေ လုပ်နေရတဲ့ အချိန်ကျတော့ အိမ်မှာ မရှိဘူး။ အဲဒီအတွက် အွန်လိုင်းကနေ တဆင့် ဘယ်ဇာတ်ရုပ်ဆိုရင် ဘယ်လို စိတ်ထည့်ရတယ်၊ ဘယ်လို ပုံစံမျိုး လုပ်ရသလဲ ဆိုတာက အစ ဖေဖေ့ကို မေးပါတယ်။ ဂျူးက အခုဆိုရင် အနုပညာအလုပ်တွေ စလုပ်နေပါပြီ။ ဖေဖေ အောင်သော်ကို အားပေးသလို သမီး ဂျူးဂျူးသော်ကိုလည်း အားပေးဖို့မျှော်လင့်ပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Ju Ju Thaw

ဂျူးဂျူးသော်ဟာ လူရွှင်တော် အောင်သော်ရဲ့ အနုပညာမျိုးဆက်သစ် တစ်ဦးဖြစ်လို့လာပါပြီ။ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အခုမှ စတင်ဆောင်ရွက်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိတာတွေရှိတယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူ အောင်သော်ကိုတော့ ပရိသတ်တွေက Five Star လူရွှင်တော်အဖွဲ့ဝင်တစ်ယောက်အဖြစ် ပရိသတ်တွေ သိရှိလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်နေခဲ့ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က