ဇနီးနဲ့ သားရှေ့မှာတင် ဆုံးပါးသွားခဲ့တာပါ။

သရုပ်ဆောင် ကင်းကောင်ရဲ့ ရုပ်အလောင်းကို ပုပ္ပါးကနေ ရန်ကုန်ကို ပြန်လည်သယ်ဆောင်လာနေပြီဖြစ်ပါတယ်

သရုပ်ဆောင် ကင်းကောင်နှင့် ဇနီးတို့ရဲ့ ပုံရိပ် (Photo - ကင်းကောင် FB)


လူရွှင်တော် သရုပ်ဆောင် ကင်းကောင်ဟာ ပုပ္ပားမှာ ဇာတ်ကားရိုက်ကူးစဉ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရုတ်တရက် ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ သူ ဆုံးပါးစဉ်မှာ ဇနီးနဲ့ သားဖြစ်သူက အနီးအနားမှာ ရှိနေခဲ့ပြီး သေဆုံးသွားချိန်ကအကြောင်းကို ဇနီးဖြစ်သူ မအေးအေးမွန်က အသိမိတ်ဆွေတွေကို ပြောပြခဲ့ပါတယ်။

"အိပ်ရင်းကနေ ဂေါက်ခနဲဆို လူက ဒီလို ပြန်လှန်လိုက်တာပေါ့။ ဂွီးဂွီးဂွီးဂွီးနဲ့ ချွဲတွေက အများကြီးပဲ။ ဟယ်..ချွဲတွေများကြီးပဲလို့ ဆိုတော့ သူက ငါ့ကို လှမ်းကြည့်တယ်။ အဲဒီမှာ ဖိုးသားကလေ ဝုန်းဆိုခုန်ချလာပြီးတော့ ကြည့်လိုက်တဲ့အချိန်မှာ သူ ငါတို့ကို ကြည့်နေတဲ့အကြည့်ပုံစံကို တွေ့ပြီးတော့ ဖိုးသားက အဖေ အဖေ ဆိုပြီးတော့..အဲဒီတစ်ချက်ပေါ့။ ဂွီးဂွီးဂွီးဆိုပြီးတော့....."လို့ မအေးအေးမွန်က ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းမှာ ပြောပြခဲ့တာပါ။


ဖြစ်စဉ်ကို မအေးအေးမွန်ပြောပြစဉ်မှာ သရုပ်ဆောင် ငှက်ပျောကြော် အပါအဝင် ရင်းနှီးသူများက ဝမ်းနည်းစိတ်မကောင်းစွာ နားထောင်နေကြတာပါ။ "ရောဂါကြောင့်လည်း ဖြစ်တာမဟုတ်ဘူး။ ချွဲကြောင့် ဖြစ်သွားတာ" လို့ ဦးကင်းကောင်ဇနီးက ဝမ်းနည်းစွာ ဆိုပါတယ်။

ကင်းကောင်က သဘောကောင်းလွန်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးဖြစ်တာကြောင့် အနုပညာရှင်တွေရော ပရိသတ်တွေကပါ သူ့ကို ချစ်ခင်ကြပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၂၂ ရက်နံနက်ခင်းမှာ ဦးကင်းကောင်ရဲ့ နာရေးသတင်းကြောင့် အားလုံး အံ့သြစိတ်မကောင်းဖြစ်ခဲ့ကြတာပါ။

ပုပ္ပားမှာ အအေးဒဏ်ကြောင့် ချွဲကြပ်ဆုံးပါးသွားတဲ့ ဦးကင်းကောင်ရဲ့ သက်မဲ့ရုပ်အလောင်းကို ချက်ချင်းပဲ ပုပ္ပားကနေ ရန်ကုန်ကို သယ်ဆောင်လာခဲ့ပါတယ်။ နာရေးကူညီမှုအသင်းနဲ့ ရင်းနှီးသူများက ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းအနီးမှာ သွားရောက်စောင့်ဆိုင်းခဲ့ပြီး ရုပ်အလောင်းကို ရွှေ့ပြောင်းသယ်ဆောင်လာခဲ့ပါတယ်။

သရုပ်ဆောင် ထွန်းကိုကို မောင်းလာတဲ့ နိဗ္ဗာန်ယာဉ်နဲ့ သွားရောက်ကြိုဆိုသူများဟာ အခု (ညနေ ၅ နာရီခွဲ) မှာ ရန်ကုန်မြို့တွင်း ဝင်ရောက်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ကင်းကောင်ရဲ့ရုပ်အလောင်းကို ရေဝေးသုသာန် ရေခဲတိုက်ကို ပို့ဆောင်မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က