မြန်မာပြည်ကြီးထဲမှာ လို့ နာမည်ပေးထားပါတယ်။

နန်းဆုရတီစိုးက သူမရဲ့ ရှေ့ဆက်လျှောက်မယ့် ဘဝခရီးကို ဒီနေ့(ဖေဖော်ဝါရီလ ၂၉ ရက်)မှာ ထွက်ရှိမယ့် သီချင်းလေးထဲက အတိုင်း နေထိုင်သွားမယ်လို့ ဆိုပါတယ်။ 

Photo: Nan Su Yati Soe



နန်းဆုရတီစိုးကတော့ ဒီနေ့(ဖေဖော်ဝါရီလ ၂၉ရက်) မှာ သူမရဲ့ သီချင်းအသစ်လေးကို Offical Facebook ကနေ မိတ်ဆက်ပေးတော့မယ်လို့ သိရပါတယ်။ သူမရဲ့ ရှေ့ဆက်ရမယ့် ဘဝလမ်းကြောင်းကို ဒီသီချင်းလေးထဲက အတိုင်း နေထိုင်သွားမယ်လို့ သူက ဆိုပါတယ်။ 

“နန်းဆုရဲ့ သီချင်းအသစ်ဖြစ်တဲ့ “မြန်မာပြည်ကြီးထဲမှာ” ဆိုတဲ့ သီချင်းအသစ်လေးကိုလည်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ Page ကနေ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ နောက်ပိုင်းကျရင်တော့ သီချင်းလေးထဲက Life အတိုင်းပဲ နေချင်တော့တယ်။ စိတ်ချမ်းသာမှုကိုပဲ အဓိက ဦးစားပေးသွားမှာပါ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က Shayi ဖက်ရှင်ရှိုးကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Nan Su Yati Soe

နန်းဆုရတီစိုးဟာ ၂၀၁၉ ခုနှစ်အတွင်းက ရည်းစားဟောင်းဖြစ်သူ အဆိုတော် G Fatt နဲ့ လမ်းခွဲလိုက်တယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ နန်းဆုတစ်ယောက် ချစ်သူ အသစ်ရနေပြီလို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သတင်းတွေ ပျံ့လု့ိနေခဲ့ပါတယ်။ ဒါတွေဟာ အစစ်အမှန် သတင်းတွေ မဟုတ်ကြောင်း ကိုလည်း နန်းဆုရတီစိုးက အင်တာဗျူးတွေမှာ ငြင်းဆိုထားတာ တွေ့ရပါတယ်။ 

Photo: Zaw Myo Htet

လက်ရှိမှာလည်း နန်းဆုရဲ့ အချစ်ရေးက တစ်ယောက်တည်း ဘဝကို ဖြတ်သန်းနေတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်လည်း စိတ်အခြေအနေအရ အဆင်ပြေအောင် ကြိုးစားနေထိုင်တယ်လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ အခုချိန်မှာ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုကြီးကြီးမားမား မရှိပါဘူး။ အဆင်ပြေပါတယ်။ လွတ်လပ်ပေါ့ပါးနေတာပေါ့။ ချစ်သူ အသစ်ရသွားပြီဆိုတဲ့ သတင်းတွေက လုံးဝ မဟုတ်ပါဘူး။ အခုချိန်မှာ ကိုယ့်အတွက် ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်၊ ရှေ့ဆက်သင့်တာကို ရှေ့ဆက်ပြီးတော့ အကောင်းဆုံးတွေဖြစ်အောင် စဉ်းစားနိုင်ရမယ်၊ နားလည်ပေးနိုင်ရမယ် ဆိုတာလေးတွေတွေးပြီးတော့ နေထိုင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နန်းဆုဘက်က ကူပြောပေးကြတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။ 

Photo: Nan Su Yati Soe

နန်းဆုရတီစိုးရဲ့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ် တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ သူမကိုတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ သူမဟာ တီဗီကြော်ငြာတွေ ၊ မဂ္ဂဇင်းကာဗာတွေမှာလည်း ဒီနေ့အချိန်ထိ ပါဝင်နေရတဲ့ မင်းသမီးချောတစ်ယောက်ပါ။ အခုလက်ရှိမှာတော့ ဂီတလမ်းကြောင်းပေါ်မှာ သီချင်းတွေနဲ့ ပျော်မွေ့နေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားတာ တွေ့ရပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ



က္က