တိုက်ကြီးကြီးနဲ့ နေချင်တယ်။

ရဲလေးမက ထီပေါက်ချင်တဲ့ သူ့ရဲ့ ဆန္ဒကို အခုလို ဖွင့်ပြောပြလာပါတယ်။ 

Photo: Ye Lay Ma



ရဲလေးမကတော့ လက်ရှိမှာ မုန့်ဟင်းခါးရောင်းပြီး အစ်မဖြစ်သူရဲ့ အိမ်ဘေးမှာ အဖီဆွဲနေရတယ်လို့ သိရပါတယ်။ လူရယ်လို့ ဖြစ်လာရင် အိမ်ကောင်းကောင်း၊ ကားကောင်းကောင်း နဲ့ နေချင်တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ လူဆိုတာ လောဘနဲ့ မကင်းပါဘူး။ ဒီခန္ဓာကိုယ်ကြီးရှိနေသ၍ လှချင်တာ၊ စားချင်တာတွေက လောဘနဲ့ မကင်းပါဘူး။ အခုချိန်မှာ ထီပေါက်ချင်တယ်၊ ထီတွေထိုးတယ်။ ရုတ်တရက်ကြီး ဖြစ်သွားတဲ့ အရာအတွက် စိတ်ညစ်တာ၊ စိတ်ရှုပ်တာတွေရှိတာပေါ့။ တိုက်ကြီးကြီးနဲ့ နေချင်တယ်၊ ကားအကောင်းစားကြီး စီးချင်တယ်။ ဒါပေမယ့် သူများ ဖြစ်နေတာက အတိတ်ဘဝက ပါရမီအား ကောင်းခဲ့လို့ အခု ကိုယ်က အတိတ်ဘဝက ပါရမီနည်းခဲ့လို့ အခုလို ဖြစ်တာလို့ပဲ တွေးတယ်” ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံးအလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Ye Lay Ma

အတိတ်ဘဝက ကံမကောင်းခဲ့လို့ အခုချိန်မှာ တတ်နိုင်သလောက် အလှူအတန်းတွေ လုပ်တယ်လို့ ရဲလေးမက ပြောပါတယ်။ 

“ အခုဆိုရင် အစ်ကို့ အနေနဲ့ ဘယ်လို အလှူအတန်းမဆို အကြီးကြီး မလုပ်နိုင်ရင်တောင်မှ လမ်းသွားရင် အဘိုးကြီး၊ အဘွားကြီး၊ ကလေး၊ သီလရှင်၊ ဘုန်းကြီး စတာတွေကို လမ်းသွားလို့ ဘယ်နှယောက် တွေ့တွေ့၊ တွေ့တဲ့နေရာမှာ လှူတယ်။ ဒီဘဝမှာ ဒီအကျိူးကို မခံစားရပေမယ့် နောက်ဘဝ ဆိုတာကို မမြင်နိုင်ဘူး။ အခုလို လှူဒါန်းခြင်း အကျိုးကိုတော့ နောင်ဘဝမှာ ခံစားရမှာပါ။ ဒီဘဝမှာ အိုးပိုင်၊ အိမ်ပိုင် မရှိပေမယ့် နောင်ဘဝမှာတော့ အလားအလာကောင်းမှာပါလို့ ကိုကြီးတွေးတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Ye Lay Ma

ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က