သူက အရမ်းတော်တယ်။

‘’မြ’’ ဇာတ်ကားမှာ ပါဝင်သွားမယ့် သရုပ်ဆောင် အသစ်တွေအတွက် သင်ဇာဝင့်ကျော်က အကောင်းဆုံးကြိုးစားကြမယ်လို့ ပြောပါတယ်။ ဒါရိုက်တာကလည်း အရမ်းတော်တဲ့သူပါလို့ ဆိုပါတယ်။

သင်ဇာဝင့်ကျော်ပါဝင်သရုပ်ဆောင်သွားမယ့် ‘’မြ’’ရုပ်ရှင်ဇာတ်ကားမှာ အဆိုတော် ဖြိုးမြတ်အောင်လည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီအတွက် သင်ဇာဝင့်ကျော်က အကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံကြည်တယ်လို့ မီဒီယာ အင်တာဗျူးတွေက ဖြေဆိုခဲ့ပါတယ်။



‘’ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ရလာတဲ့ အခွင့်အရေးပေါ်မှာ အကောင်းဆုံး ကြိုးစားကြမယ်လို့ ထင်ပါတယ်။ Welcome လုပ်ပါတယ်။ ပြီးတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် သူနဲ့ ဆုံတဲ့အခန်းတော့ မရှိဘူး။ အစက ကိုညိုပြောတုန်းကတော့ တစ်ယောက်ပေါ့နော်။ ဒါပေမယ့် ဘယ်လိုဖြစ်ပြီးပြောင်းသွားလဲတော့ မသိဘူး။ ဒါပေမယ့် ဘယ်သူပဲဖြစ်ဖြစ်ပါ ကာရိုက်တာအတွက် အကောင်းဆုံးကြိုးစားကြမယ်၊ အကောင်းဆုံးလုပ်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ‘’မြ’’ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်ကိုလည်း ယုံကြည်မှုရှိတယ်လို့ ဆိုပါတယ်။ အရမ်းတော်တဲ့သူတစ်ယောက်ပါလို့လည်း စက်တင်ဘာလ ၁၈ ရက်နေ့က IKon KTV ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ ကိုညိုက အရမ်းတော်တယ်။ သူက သရုပ်ဆောင် တစ်ယောက်ကနေ ဒါရိုက်တာဖြစ်တာဆိုတော့ သူလည်း အိုက်တင်အပိုင်းတွေ သင်တာ အရမ်းတော်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ အားလုံး ကွက်တိ အံဝင်ဂွင်ကျဖြစ်ပြီးတော့ လူအများကြိုက်မယ့် ဇာတ်ကားတစ်ကားဖြစ်မယ်လို့လည်း သင်ဇာထင်ပါတယ်’’ လို့ ဆိုပါတယ်။

‘’မြ’’ရုပ်ရှင်ကားမှာ ပါမယ့် မုဒိမ်းကာရိုက်တာအတွက် ဇာတ်ကောင်တွေ ရွေးချယ်တဲ့ နေ့မှာလည်း သင်ဇာဝင့်ကျော်က သဘောကျနေတယ်ဆိုတဲ့ ဓာတ်ပုံတွေက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီ ကိစ္စ အပေါ်မှာလည်း သူမက ပြန်လည် ဖြေရှင်းခဲ့ပါသေးတယ်။

‘’ အဲဒီ ဇာတ်ကွက်တွေပြတုန်းက အဲ့ဒီပြကွက်ကြီးကို ကြည့်ပြီးတော့ ရယ်ပြီးကြည့်နေတာမဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် မကြည့်ချင်လည်း ဒီလိုပဲ ဖုန်းသုံးပြီးတော့ ကြည့်နေတာပေါ့နော်။ သူတို့ဘာသာသူတို့ ဘယ်လိုမျိုး Edit လုပ်ပြီးတင်လိုက်လဲတော့ မသိဘူး။ ပြောရမယ်ဆိုရင်တော့ ဒီလိုမျိုး သရုပ်ဆောင် ရွေးပွဲလုပ်တာ ကောင်းပါတယ်။ အသစ်တွေလည်း ကြိုးစားချင်စိတ်ဖြစ်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကောင်းလို့ လုပ်တယ်လို့ပဲ မြင်ပါတယ်’’ လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။



Share

Loading Next Article...
က္က